၁/ ယောဗုဒ္ဓေါ အကြင်မြတ်စွာဘုရားသည် သသဇာတိယံ ယုန်မင်းအစစ်ဖြစ်တော်သောအခါ၌ ဒေဟံ ကိုယ်တော်မြတ်ကို သဇ္ဇိယ မိမိအသက်မငဲ့ကွက်ဘဲ စွန့် လျှက်လှူဒါန်း ၍ ဒါနဝရံ မြတ်သောပရမတ္ထဒါနပါရမီကို ပူရေသိ ဖြည့်တော်မူလေပြီ ဧတံဗုဒ္ဓံ ထိုမြတ်စွာဘုရားကို အဟံ တပည့်တော်သည် ဝန္ဒေဝန္ဒာမိ ရိုသေစွာရှိခိုးပါ၏ဘုရား တေန ထိုသို့ ရှိခိုး ရသော ကုသိုလ်စေတနာကြောင့် အဟံပိ ဘုရားတပည့်တော်သည်လည်း ဒါနဝရံ မြတ်သောပရမတ္ထဒါနပါရမီကို ပူရေန္တော ဖြည့်ခြင်းငှါစွမ်းနိုင်သော ပုရိသုတ္တမော ယောက်ကျားမြတ်သည် ဘဝေယျံ ဖြစ်ရပါလို၏အရှင်ဘုရား။ ။
၂/ ယောဗုဒ္ဓေါ အကြင်မြတ်စွာဘုရားသည် စမ္ပေယျနာဂေါ စမ္ပေယျ နဂါးမင်းသည် ဟုတွာ ဖြစ်တော်မူ၍ သီလဝရံ မြတ်သောပရမတ္ထသီလပါရမီကို ပူရေသိ ဖြည့်တော်မူလေပြီ ဧတံဗုဒ္ဓံ ထိုမြတ်စွာဘုရားကို ဝန္ဒေဝန္ဒာမိ ရိုသေစွာရှိခိုးပါ၏ တေန ထိုသို့ ရှိခိုးရသော ကုသိုလ်စေတနာကြောင့် အဟံပိ ဘုရားတပည့်တော်သည်လည်း သီလဝရံ မြတ်သောပရမတ္ထသီလပါရမီကို ပူရေန္တော ဖြည့်ခြင်းငှါစွမ်းနိုင်သော ပုရိသုတ္တမော ယောက်ကျားမြတ်သည် ဘဝေယျံ ဖြစ်ရပါလို၏အရှင်ဘုရား။ ။
၃/ ယောဗုဒ္ဓေါ အကြင်မြတ်စွာဘုရားသည် ရာဇာသုတသောမော စူဠသုတသောမမင်းသည် ဟုတွာ ဖြစ်တော်မူ၍ နေက္ခမဝရံ နေက္ခမပါရမီကို ဝါ စွန့် လွတ်စွန့် စား မြတ်သောတောထွက်တော်မူခြင်းကို ပူရေသိ ဖြည့်တော်မူလေပြီ ဧတံဗုဒ္ဓံ ထိုမြတ်စွာဘုရားကို အဟံ ဘုရားတပည့်တော်သည် ဝန္ဒေဝန္ဒာမိ ရိုသေစွာရှိခိုးပါ၏ တေန ထိုသို့ ရှိခိုးရသောကုသိုလ်စေတနာကြောင့် အဟံပိ ဘုရားတပည့်တော်သည်လည်း နေက္ခမဝရံ မြတ်သောတောထွက်ခြင်းနေက္ခမပါရမီကို ပူရေန္တော ဖြည့်ခြင်းငှါစွမ်းနိုင်သော ပုရိသုတ္တမော ယောက်ကျားမြတ်သည် ဘဝေယျံ ဖြစ်ရပါလို၏ အရှင်ဘုရား။ ။
၎/ ယောဗုဒ္ဓေါ အကြင်မြတ်စွာဘုရားသည် သေနကဝိန္ဒော သေနကပညာရှိအမတ်သည် ဟုတွာ ဖြစ်တော်မူ၍ ပညာဝရံ မြတ်သောပရမတ္ထပညာပါရမီကို ပူရေသိ ဖြည့်တော်မူလေပြီ ဧတံဗုဒ္ဓံ ထိုမြတ်စွာဘုရားကို အဟံ တပည်တော်သည် ဝန္ဒေဝန္ဒာမိ ရိုသေစွာရှိခိုးပါ၏ တေန ထိုသို့ ရှိခိုးရသော ကုသိုလ်စေတနာကြောင့် အဟံပိ ဘုရားတပည့်တော်သည်လည်း ပညာဝရံ မြတ်သောပရမတ္ထပညာပါရမီကို ပူရေန္တော ဖြည့်ခြင်းငှါစွမ်းနိုင်သော ပုရိသုတ္တမော ယောက်ကျားမြတ်သည် ဘဝေယျံ ဖြစ်ရပါလို၏အရှင်ဘုရား။ ။
၅/ ယောဗုဒ္ဓေါ အကြင်မြတ်စွာဘုရားသည် ဝိဒေဟိန္ဒော ဝိဒေဟရဇ်တိုင်းကိုအစိုးရတော်မူသော မဟာဇနကော မဟာဇနကမင်းသည် ဟုတွာ ဖြစ်တော်မူ၍ ဝီရိယဝရံ မြတ်သောပရမတ္ထဝီရိယပါရမီကို ပူရေသိ ဖြည့်တော်မူလေပြီ ဧတံဗုဒ္ဓံ ထိုမြတ်စွာဘုရားကို အဟံ တပည့်တော်သည် ဝန္ဒေဝန္ဒာမိ ရိုသေစွာရှိခိုးပါ၏ တေန ထိုသို့ ရှိခိုးရသောကုသိုလ်စေတနာကြောင့် အဟံပိ ဘုရားတပည့်တော်သည်လည်း ဝီရိယဝရံ မြတ်သောပရမတ္ထဝီရိယပါရမီကို ပူရေန္တော ဖြည့်ခြင်းငှါစွမ်းနိုင်သော ပုရိသုတ္တမော ယောက်ကျားမြတ်သည် ဘဝေယျံ ဖြစ်ရပါလို၏အရှင်ဘုရား ။ ။
၆/ ယောဗုဒ္ဓေါ အကြင်မြတ်စွာဘုရားသည် ခန္တီဝါဒီ ခန္တီဝါဒီရသေ့သည် ဟုတွာ ဖြစ်တော်မူ၍ ခန္တီဝရံ မြတ်သောပရမတ္ထသည်းခံခြင်းပါရမီကို ပူရေသိ ဖြည့်တော်မူလေပြီ ဧတံဗုဒ္ဓံ ထိုမြတ်စွာဘုရားကို အဟံတပည့်တော်သည် ဝန္ဒေဝန္ဒာမိ ရိုသေစွာရှိခိုးပါ၏ တေန ထိုသို့ ရှိခိုးရသောကုသိုလ်စေတနာကြောင့်
အဟံပိ ဘုရားတပည့်တော်သည်လည်း ခန္တီဝရံ မြတ်သောပရမတ္ထခန္တီပါမီကို ပူရေန္တော ဖြည့်ခြင်းငှါစွမ်းနိုင်သော ပုရိသုတ္တမော ယောက်ကျားမြတ်သည် ဘဝေယျံ ဖြစ်ရပါလို၏ အရှင်ဘုရား။ ။
၇/ ယောဗုဒ္ဓေါ အကြင်မြတ်စွာဘုရားသည် သုတသောမော မဟာသုတသောမမင်းသည် ဟုတွာဖြစ်တော်မူ၍ သစ္စာဝရံ မြတ်သောပရမတ္ထသစ္စာပါရမီကို ပူရေသိ ဖြည့်တော်မူလေပြီ ဧတံဗုဒ္ဓံ ထိုမြတ်စွာဘုရားကို အဟံ တပည့်တော်သည် ဝန္ဒေဝန္ဒာမိ ရိုသေစွာရှိခိုးပါ၏ တေန ထိုသို့ ရှိခိုးရသောကုသိုလ်စေတနာကြောင့် အဟံပိ ဘုရားတပည့်တော်သည်လည်း သစ္စာဝရံ မြတ်သောပရမတ္ထသစ္စာပါရမီကို ပူရေန္တော ဖြည့်ခြင်းငှါစွမ်းနိုင်သော ပုရိသုတ္တမော ယောက်ကျားမြတ်သည် ဘဝေယျံ ဖြစ်ရပါလို၏ အရှက်ဘုရား။ ။
၈/ ယောဗုဒ္ဓေါ အကြင်မြတ်စွာဘုရာသည် တေမိယော တေမိယမင်းသည် ဟုတွာ ဖြစ်တော်မူ၍ အဓိဋ္ဌာနဝရံ မြတ်သောပရမတ္ထအဓိဋ္ဌာန်ပါရမီကို ပူရေသိ ဖြည့်တော်မူလေပြီ ဧတံဗုဒ္ဓံ ထိုမြတ်စွာဘုရားကို အဟံ တပည့်တော်သည် ဝန္ဒေဝန္ဒာမိ ရိုသေစွာရှိခိုးပါ၏ တေန ထိုသို့ ရှိခိုးရသောကုသိုလ်စေတနာကြောင့် အဟံပိ ဘုရားတပည့်တော်သည်လည်း အဓိဋ္ဌာနဝရံ မြတ်သောပရမတ္ထအဓိဋ္ဌာန်ပါရမီကို ပူရေန္တော ဖြည့်ခြင်းငှါစွမ်းနိုင်သော ပုရိသုတ္တမော ယောက်ကျားမြတ်သည် ဘဝေယျံ ဖြစ်ရပါလို၏အရှင်ဘုရား။ ။
၉/ ယောဗုဒ္ဓေါ အကြင်မြတ်စွာဘုရားသည်
ဧကရာဇာ ဧကရဇ်မင်းသည် ဟုတွာ ဖြစ်တော်မူ၍ မေတ္တာဝရံ မြတ်သောပရမတ္ထမေတ္တာပါရမီကို ပူရေသိ ဖြည့်တော်မူလေပြီ ဧတံဗုဒ္ဓံ ထိုမြတ်စွာဘုရားကို အဟံ တပည့်တော်သည် ဝန္ဒေဝန္ဒာမိ ရိုသေစွာရှိခိုးပါ၏ တေန ထိုသို့ ရှိခိုးရသော ကုသိုလ်စေတနာကြောင့် အဟံပိ ဘုရားတပည့်တော်သည်လည်း မေတ္တာဝရံ မြတ်သောပရမတ္ထမေတ္တာပါရမီ ကို ပူရေန္တော ဖြည့်ခြင်းငှါစွမ်းနိုင်သော ပုရသုတ္တမော ယောက်ကျားမြတ်သည် ဘဝေယျံ ဖြစ်ရပါလို၏ အရှင်ဘုရား။ ။
၁၀/ယောဗုဒ္ဓေါ အကြင်မြတ်စွာဘုရားသည် လောမသကဿပေါ လောမသကဿပမင်းသည် ဟုတွာ ဖြစ်တော်မူ၍ ဥပေက္ခာဝရံ မြတ်သောပရမတ္ထဥပေက္ခာပါရမီကို ပူရေသိ ဖြည့်တော်မူလေပြီ ဧတံဗုဒ္ဓံ ထိုမြတ်စွာဘုရားကို အဟံ တပည့်တော်သည် ဝန္ဒေဝန္ဒာမိ ရိုသေစွာရှိခိုးပါ၏ တေန ထိုသို့ ရှိခိုးရသော ကုသိုလ်စေတနာကြောင့် အဟံပိ ဘုရားတပည့်တော်သည်လည်း ဥပေက္ခာဝရံ မြတ်သောပရမတ္ထဥက္ခေပါရမီကို ပူရေန္တော ဖြည့်ခြင်းငှါစွမ်းနိုင်သော ပုရိသုတ္တမော ယောက်ကျားမြတ်သည် ဘဝေယျံ ဖြစ်ရပါလို၏အရှင်ဘုရား။ ။
ီ
No comments:
Post a Comment