Monday, November 3, 2014

အခြေခံဆေးပညာ

ချိုဆိမ့်ချဉ်ငံ စပ်ခါးဖန်ဟု ခြောက်တန်ရသာ ရှေ့ သုံးဖြာကား ဝါတာလေနိပ် ကျန်သလိပ်ပျို့ ဆိမ့်ချိုခါးဖန် သည်းခြေလှန်ရှင့် တဖန်ချိုဆိမ့် ခွဲဝေမိန့် သော် အေးစိမ့်မြလတ် ပွားလတ်နို့သုက် မယုတ်တိုးအား ပိုးများစက္ခု သင့်မှုတစ်ထွေ လေသည်းခြေနိုင် ကြံ့ခိုင်ဖြိုးဝ တိုးကြွအသက် နှစ်သက်ကြေခဲ စေးနဲရိုးကျိုး ဆိပ်မျိုးကိုက်ရှ ဆင်းလှ လည်ချောင်း အပေါင်းငယ်အို ရွယ်ပျိုသင့်ပေ ဣနြေ္ဒရွှင်းကြား များစွာစားသော် အံကြိတ်ဖျားပန်း ဝမ်းမီးနုံမြို့ ဆုံဆို့ ကြပ်ရိ ပိုဘိဆီခဲ ဆီးနဲအနာ မှီစွဲရာသည် ရသာချိုဆိမ့်တန်ခိုးတည်း။ ။
ချိုဆိမ့်ရသာ ဆိုပြီးကာမှ အမ္ဗိလရသ အချဉ်ပြသော် ကြေမွအစာ သြဇာနှုပ်မြိန် သုက်မှိန်သလိပ် ပိတ္တသွေးပျက် ပူတက်ပိန်ကြေ လေနိုင်ဝမ်းရွှင် လိမ်းလျှင်အေးစက် မျက်စေ့မလျော် နှစ်ဖေါ်ခုံမောင်း ရုံ့ရောင်းပွငြား မျာစွာစားသော် ယားနာဖျားတတ် ရေငတ်မူးပူ စိတ်ဆူပျန့် လွင့် ကြက်မျက်သင့်နှင့် ပျက်ဖင့်သည်းခြေ လက်ခြေကိုယ်ဖျော့ ရောင်ဖေါဝသက် အထွတ်နူ  နာ ထူတတ်စွာသည် ရသာချဉ်၏တန်ခိုးတည်း။ ။
ချဉ်၏ရသာ ဆိုပြီးကာခါမှပါဠိလဝက ငန်ထုပ်ပြသော် သုဒ္ဓနှုပ်မြိန် သုက်မိန်စာကြေ သည်းခြေသလိပ် ပျက်လိမ့်လေရှုံး ပိန်ချုံးညင်းနု  စက္ခုခံတွင်း နှာရည်ဆင်းလျှက် လည်ပင်းပါးစောင် ပူလောင်တတ်ငြား များစွာစားသော် သွားကျိုးဆံဖြူ  နူ နာရေငတ် ပါးစပ်လည်းကွဲ  ထူကဲဝက်သက် မျက်စေ့ရတ္တပိတ် တွန့်လိတ်အရေ ရောင်တတ်ခြေသည် ငန်ထွေရသတန်ခိုးတည်း ။ ။
ငန်ထွေရသ ဆိုပြီးမှလျှင်ပါဠိကဋုက အစပ်ပြသော် ပူထခိုးတက် ထွက်မစေးထန်း ဝမ်းမီးတောက်ပ ပိတ္တလေပျက် နှိပ်စက်သလိပ် ဆိပ်သင့်ယားပို နာမျိုးကင်ဘိ မရှိအဆီ နို့ရည်ခန်းချောက် ပိန်ချောက်တတ်စွာ နှာလျှာ မျက်ရည် ထွက်လည်ယိုဖိတ် လျှာထိပ်လန်လေ စာကြေမြိန်နှုပ် ဝမ်းချုပ်တသီး ကျင်ကြီးကျင်ငယ် အသွယ်သွယ်ကို အကယ်ချောက်စေ သွေးလေလမ်းပွင့် ဉာဏ်ပန်းပွင့်သား များစွာစားသော် ခွန်အားယုတ်လျော့ စိတ်ဖျော့ ရုပ်နုံး မျက်လုံးလည်လျှင်း ခံတွင်းအာစောက် သွေ့ခြောက်မူးပူ ကွဲထူနှုပ်လည်း ဖြစ်တတ်သည်ဟု သာကြည်ချိမျှမိန့် ဆိုဟသည် ရာအစပ်တန်ခိုးတည်း ။။
အစပ်ရသာ ဆိုပြီးကာမှ ပါဠိတိတ္တ အခါးပြသော် အေးမြမူးပူ ပိုးနူ သွေးနာ အစာမကြေသည်းခြေဖျား နိုင်တတ်စွာ၏ နှပ်လျာမြိန်ကေင်း လည်ချောင်းနို့ရည် ကြည်လင်သန့် ရှင်း နားတွင်းခြေက်သွေံ မြေ့မြေ့ကြေဘိ ဆီမရှိငြား များစွာစားသော် ခွန်အားသုက်ကုန် ကိုယ်တုံမူးဝေ ရေငတ်ခေါင်းကိုက် ပန်းဟိုက်ဂုတ်ကြော တင်းတက်မောသည် ခါးသောရသတန်ခိုးတည်း။ ။
ခါးသောရသ ဆိုပြီးမှလျှင် ကသာဝဖန် အကျိုးပြန်သော် လိမ်းကျံအနာ စင်စွာဖန်ရေး ပိန်စေသားနု ကြေမှုအေးတောင့် စေးနှောက်ကိုယ်စိတ် သလိပ်သည်းခြေ သွေးကြေလေပျက် နှစ်ချက်ဆီးစေး ကင်ဝေးချောက်မာ လျှာထူမစေး လေသွေးလည်းပိတ် တွန့် လိပ်အရေ ဝမ်းချုပ်လေငြား များစွာစားသော်  ဝမ်းကားတက်တုံ ဖန်သောဂုဏ်သည် ခြောက်ပုံရသာ အပြီးတည်း ။ ။

No comments:

Post a Comment