Friday, November 14, 2014

ခန္ဓာကိုယ်၏ ဇရာလက္ခဏာ

ခန္ဓာကိုယ်၏ ဇရာလက္ခဏာ ပျိုလျှင် အို၊ ရှင်-သေကွဲ၊ နင်ဝေ ခွဲရှုပါ၊  မြင်နေမြဲ စက္ခုမှာ၊ သက်နုခါ ကြည်လို့၊ ဇရာညှင်း မုံ ဝေသီတယ်၊  စုံပွေလီ သောတ တွေချို့၊   သွားကြွေပြုတ် ဖြူဆံပင်၊ ပူဟန်ပင် ခွေညို့၊  ပူဟန်သွင် ထွေထွေတို့ရယ်ကြောင့်၊ အခြေအနေ ယို့ ပျက်ပြယ်၊    သတိကွယ်၊ ဉာဏ်ထုံထိုင်းပါလို့၊ ကံမုန်တိုင်း တိုက်ခွင့်ရောက်တယ်၊ ခါးစွေ စောင်း ရုပ်ပြောင်းကွယ်၊ ဟုတ်ကြောင်းနွယ် ဆိုရိပ်ပြပြီပေါ့၊ အို အနိစ္စ…ကာယသည်ကို၊ ဘာမှ မတည်လို၊ ခါ ကာလ သီသီလိုတယ်၊ ဤ ဤ ကိုယ် ပျက်ဆုံးပါလိမ့်လေး။ ဓမ္မဂီရိ at 6:07 AM

No comments:

Post a Comment