Monday, November 10, 2014

အင်အားပြည့်အမေ့မေတ္တာ

မစားချင်မသောက်ချင်
ပျို့အန်ချင်ဖြစ် အိပ်ချင်စိတ်အားပေး
အမေ့အတွေး တရေးရေး၊
သားလေးလား သမီးလေးလား
အတွေးများဖြင့် မေတ္တာဝင်
ရေကြည် ကလလ တည်စကထဲက အပြည့်အဝ၊
တစ်လ နှစ်လ သုံးလေးလ
ရှောင်လိုက်ရအစပ်အချဉ်
ငံလွန်သည့်ဓါတ်စာများ
ရင်သွေးငယ်မထိခိုက်ရေး
မေတ္တာတွေ အပြည့်ပေး၊
ရင်သွေးလည်းအတော်ရ ခုနှစ်လ ရှစ်လ
ကုန်းကွကွ ဝန်အလေး ရှောင်ပေးလို့ ဆင်ခြင် ရင်သွေးရှင် မေတ္တာအား
ထုထည်ကြီးမား၊
ကိုးလကျော် ဆယ်လဖွါးတော့
ရင်သွေးအတွက်ကိုယ်ခံစွမ်းအား
ပေးဆက်သည့် နို့ဦးရည်များ၊
မေတ္တာတွေ ကြီးမားလွန်းလို့ 
သွေးများကဖြူလာ ကရုဏာအပြည့်
နှိုင်းစရာမရှိ၊
ကံကြမ္မာ အလှည့်အပြောင်းနှင့်
သေသွားလျှင်တောင်မှ
အမေမရှိသော်လည်း အမေ၏မေတ္တာကြောင့်
ငါသေသည်အထိ အားအင်အပြည့်။ ။

No comments:

Post a Comment