Monday, November 24, 2014

ကွန်ပြူတာ၏သိမှတ်ဘွယ်

ကွန်ပြူတာ တလုံးမှာ ပါဝင်တာတွေ  ကွန်ပြူတာတလုံးမှာ Hardware နဲ့ Software ဆိုပြီး အမျိုးအစား ၂ မျိုးဘဲ ပါဝင်ပါတယ်။ Mouse၊ Keyboard တို့လို ကိုင်တွယ် ထိတွေ့လို့ရတာတွေက Hardware ပါ။ ကွန်ပြူတာကို ခိုင်းစေနိုင်ဖို့ဖြစ်ပြီး ကိုင်တွယ်ထိတွေ့လို့ရတာမျိုး မဟုတ်တာက Software ပါ။ Hardware အဓိက ဟာ့ဒ်ဝဲများ Monitor – ကွန်ပြူတာမှာ ဖြစ်ပျက်လုပ်ဆောင်နေတာတွေကို ဖော်ပြပေးမယ့် တီဗီဖန်သားပြင်ဖြစ်ပါတယ်။ Keyboard – စာတွေရိုက်ထည့်ဖို့ဖြစ်သလို၊ ကွန်ပြူတာကို အမိန့်ပေးခိုင်းစေဖို့လည်း သုံးနိုင်ပါတယ်။ Mouse – ကွန်ပြူတာကို အမိန့်ပေးခိုင်းစေဖို့ပါ။ System Unit – ကွန်ပြူတာမှာပါဝင်တဲ့ ပစ္စည်းအားလုံးကို ဆက်စပ်ထိန်းချုပ်ပေးသူဖြစ်ပါတယ်။ Motherboard (CPU) – ကွန်ပြူတာဆက်စပ်ပစ္စည်းအားလုံး ဒီမှာလာပြီး ဆက်သွယ်ထားရပါမယ်။ Hard Disk Drive – Operation System အလုပ်လုပ်ဖို့၊ အချက်အလက်တွေ သိမ်းဆည်းဖို့ပါ။ CD/DVD Rom – အခွေတွေ ဖွင့်ဖို့ပါ။ Memory Card (RAM) – ယာယီမှတ်ဉာဏ်ဖြစ်ပါတယ်။ ကွန်ပြူတာ အနှေးအမြန်ဟာ သူနဲ့အဓိက သက်ဆိုင်ပါတယ်။ Sound Card – အသံထွက်စေဖို့ပါ။ Video Card (VGA) – ရုပ်ပုံတွေ မြင်ရစေဖို့ပါ။ LAN Card – အခြားကွန်ပြူတာတွေကိုဆက်သွယ်ဖို့၊ အင်တာနက်ချိတ်ဖို့အတွက်ပါ။ Power Supply – ဒီကနေ ပါဝါကြိုးတွေကနေတဆင့် ကွန်ပြူတာပစ္စည်းတွေကို လျှပ်စစ်အားပေးပါတယ်။ Data Cable – အချက်အလက်တွေ ကူးပြောင်းဖို့ပါ။ Battery – ကွန်ပြူတာမီးတွေ အားလုံးပိတ်ထားချိန်မှာ မှတ်ဉာဏ်တွေ ပျောက်မသွားစေဖို့။ USB Port – ယူအက်စ်ဘီက ဒေတာရော၊ ပါဝါကိုပါ ကြိုးတခုတည်းနဲ့ ရရှိလုပ်ဆောင်စေနိုင်တဲ့အတွက် မရှိမဖြစ် အသုံးပြုနေကြပါပြီ။ Extra Hardware ပြင်ပဟာ့ဒ်ဝဲများ ကွန်ပြူတာအလုပ်လုပ်ခြင်းနှင့် မသက်ဆိုင်သော ဟာ့ဒ်ဝဲများ Printer – စာရွက်များထုတ်ယူဖို့ ဖြစ်ပါတယ်။ Scanner – ရုပ်ပုံတွေ ကွန်ပြူတာထဲ ကူးထည့်ဖို့ပါ။ Sound box/Ear phone – အသံတွေနားထောင်ဖို့၊ စကားပြောဖို့။ Web camera – ၀ဘ်ကမ်ရှိမယ်ဆိုရင် တဘက်စကားပြောသူက ကိုယ့်ကိုမြင်ရပါလိမ့်မယ်။ မျက်နှာချင်းဆိုင် စကားပြောချင်ရင်တော့ နှစ်ဘက်လုံးမှာ တပ်ထားပေါ့ဗျာ။ ထက်မြက် at 12:25 PM

No comments:

Post a Comment