Monday, November 10, 2014

ခွဲဝေလို့ သိသင့်ပြီ

ဝိညာဏ်ကအထွက် နာရီဝက်ခန့် အကြာ
ခုနှစ်မျှင်ကြိုးတန့် နှင့်သုံးတန့် ကန့် စီး အချီးနှီးအလုပ် ဒိဋ္ဌိတို့ ဟန်ရုပ် ။
အလောင်းကို အိမ်ကထုတ် အမျိုးမျိုးလုပ်ကြ အိုးခွဲ တံစက်ဆွဲ နောက်ဖေးကဲကထွက် မှားလျှက်အမှား ဒိဋ္ဌိတို့ စရိုက်များ။
ခုနှစ်ရက်နေရန် သုသာန်ကခေါ်လာ အပွင့်အခက် အဝတ်ပတ်လျှက် အိမ်ဝင်မည့်ဘက်ကဆီးလို့ ကြို မလာစေလို၍ တံစက်ရေနောက်ပြန်ပက်
မှားလိုက်သည့် မှားချက် ဒိဋ္ဌိတို့  လက်ချက်။
အသက်မရှိသည့် မသာ မျက်စေ့လည်ပါရန်တဲ့ ခုနှစ်ပတ်လှည့် ခုနှစ်ခါဦးတိုက် ရူးလိုက်ကြသည့်လူအများ
ဘာသာခြားကြကဲ့ရဲ့။
အနိစ္စသဘော ကိစ္စချောဘို့ စီစဉ်
ဒုက္ခသဘော သုခပြောလာဘို့ ဆင်ခြင်
အနတ္တသဘော ကိုယ်မပိုင်သောအရာကို ခွဲဝေသိ။
လောကီနယ်ထဲကိုဘဲ အကြောင်းပြရင်တော့
အကျိုးကလောကီဘဲရမည်
ဒါကြောင့်မို့ အသင်
ခွဲဝေလို့  သိစေချင်ပြီ။ ။

No comments:

Post a Comment