၁/ပါဏာတိပါတ် သူ့ သက်သတ်က
ချို့ တတ်အင်္ဂါ
မွဲပြာရုပ်သွင်
အားအင်ယိုယွင်း
လျှင်ခြင်းလည်းဝေး
ဘေးကိုကြောက်တတ်
အသတ်ခံရာ
အနာများလျှက်
ချွေ ရံပျက်၍
အသက်တိုလျှ
ဖြစ်များစွသည်
ရှောင်ကအပြန်အကျိုးတည်း။
၂/သူတပါးဟာ ခိုးမိပါမူ
ဥစ္စာနည်းမွဲ
ဆင်းရဲငတ်ဘိ
လိုရှိမရ
ဘောဂပျက်စီး
ရေ,မီး,သူခိုး,
မွေခံဆိုးနှင့်
မင်းဆိုးအပြား
ရန်မျိုးငါးကြောင့်
ပျက်ပြားဥစ္စာ
ဖြစ်များစွာသည်
ရှောင်ခါအပြန်အကျိးတည်း။ ။
၃/မိစ္ဆာစာရ ကျူးလွန်ကလည်း
မုန်းကြသူများ
ရန်သူပွါး၍
ရှားပါးလတ်တိတ်
ချမ်းသာဆိတ်၏
မိန်းမ,ပဏ္ဍုက်
မျိုးယုတ်ခါခါ
မျက်နှာမလှ
အရှက်ရလျှက်
လက္ခဏာဣနြေ္ဒ
ယွင်းသွေချို့ သိမ်
စိုးရိမ်များစွာ
ချစ်သူကွာသည်
ရှောင်ကာအပြန်အကျိုးတည်။ ။
၎/မုသာစကား ပြောဆိုငြားမူ
စကားမပီ
သွားမညီတည်း
ပုတ်ညှီပါးစပ်
ခြောက်ကပ်ကိုယ်ရေ
ဣနြေ္ဒနောက်
ပုံယွင်းဖေါက်၏
မရောက်သြဇာ
နှုပ်လျှာကြမ်းထော်
လျှပ်ပေါ်လော်လီ
စိတ်မတည်ကြည်
ရှောင်သည်အပြန်အကျိုးတည်း။ ။
၅/သေရည်သောက်လင့် သင့်မသင့်၌
ရေးခွင့်မသိ
ပျင်းရိမေ့ရူး
ကျေးဇူးမဆပ်
ဟိရောတ္တပ်ကင်း
ခပင်းများထို
အကုသိုလ်ကို
မငြို လွယ်စွာ
ပြု ကျင့်ရာသည်
ရှောင်ကာအပြန်အကျိုးတည်း။ ။
No comments:
Post a Comment