Tuesday, November 4, 2014

ရွှေလင်းဆွဲ

ရွှေလင်းရွာ ရပ်ဂါမ
ပမာတမျှ ရာဇဂြိုဟ် ။
နဂရ မြိုင်ထိုနယ်
ရှေ့မြောက်ဝယ် တည်ထား။
မင်းသီရိ ဘုန်းကိုယ်တော်ငယ်
ထုံးစေတီတည်ထား။
ရွာမြောက်ဖျား မကျီးပင်ဝယ်
ရွာတော့်ရှင်နတ်သား။
သူတော်စင် မှီခိုငြားတဲ့
အင်းဝ နှင့် သိန်တော် ။
ပိဋကသုံးပုံကျော်တို့
ဂုဏ်သတင်းဇမ္ဗူမှာကျော် ။
ထုံသင်းလို့ မွှေးကျော်တယ်ပင်
မေဂျမ်းရှင်နတ်သမီးက
ကန်ကြီးကိုစောင့်တယ်
များယုံကြတယ်။
ရွာလမ်းဖြင့်ဖြောင့်ပါတယ်
နတ်လမ်းနှယ် ခန့် ငြားလို့ လေး ။ ။ွ

No comments:

Post a Comment