Friday, November 14, 2014

ကမ္မဋ္ဌာန်း ၄၀ကို ပညတ်+ပရမတ်ခွဲခြားပုံ

ဓမ္မဂီရိ Friday, April 22, 2011 ကမ္မဋ္ဌာန်းလေးဆယ်ကို ပညတ်+ပရမတ် ခွဲခြားပုံ ကသိုဏ်းတစ်ဆယ်၊ အသု ဆယ်တည်း၊  တစ်သွယ် ကောဋ္ဌာ၊ အာနာပါန၊  ဗြဟ္မ၀ိဟာ ၊ ဤလေးဖြာနှင့်၊ နှစ်ဖြာ အာရုပ္ပ၊ ပ နှင့် တ ဟု၊ ပေါင်းစု ရေလစ်၊ နှစ်ဆယ့်ရှစ်သည်၊ မှတ်လစ် ပညတ် အာရုံတည်း။ ကသိုဏ်း ၁၀ ပါး၊ အသုဘ ၁၀ ပါး၊  ကောဋ္ဌာသ ၁ ပါး၊ အာနာပါန ၁ ပါး၊  ဗြဟ္မ၀ိဟာရတရား ၄ ပါးမှ အာကာသာနဉ္စာယတန နှင့်  အာကိဉ္စညာယတန ၂ ပါး အားဖြင့် ကမ္မဋ္ဌာန်း ၂၈ ပါးသည် ပညတ်အာရုံဖြစ်ကြ၏ ကာယဂတာ၊ အာနာပါကို၊ ချန်ကာထားဘိ၊ နှုဿတိ ရှစ်ဖြာ၊ အာဟာရာ ဟု၊ ဓာတု ၀၀တ္ထာန်၊ နှစ်တန် အာရုပ္ပ၊ ဒု နှင့် စ ဟု၊ ပေါင်းစု ရေလစ်၊ တစ်ဆယ့်နှစ်သည်၊ မှတ်လစ် ပရမတ် အာရုံတည်း။ ကာယဂတာသတိ နှင့် အာနာပါန ကို  ချန်ထားသော အနုဿတိ ၈ ပါး၊ အာဟာရေ ပဋိကူလသညာ ၁ ပါး၊ စတုဓာတု ၀၀တ္ထာန် ၁ ပါး၊ ကြွင်းသော အရူပဈာန် ၂ ပါး အားဖြင့် ကမ္မဋ္ဌာန်း ၁၂ ပါးသည် ပရမတ်များ ဖြစ်ကြ၏ ဥပစာရ ကမ္မဋ္ဌာန်း နှင့် အပ္ပနာ ကမ္မဋ္ဌာန်း ကာယဂတာ၊ အာနာပါကို၊ ချန်ကာထား၍၊ ကြွင်းငြား ရှစ်ရှိ၊ နုဿတိနှင့်၊ ပဋိကူလံ၊ ၀၀တ္ထာန်ဟု၊ ဆယ်တန်ပွားက၊ ဥပစာရ၊ မုချ ရနိင်သည်။ ကြွင်းသုံးဆယ်မှာ၊ အပ္ပနာ ၊ မှန်စွာ ရနိုင်သည်။ ( ၀ိသုဒ္ဓိ၊ ၁ ၊ ၁၀၇ ) ဈာန်ဖြင့် ဝေဖန်ခြင်း ကသိုဏ်းဆယ်ဖြာ၊ အာနာပါ၊ လေးဖြာ ဈာန်ရသည်။  ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ် သုံးပါး ရသော/ မရသော ကမ္မဋ္ဌာန်းများ ကသိုဏ်းဆယ်ဖြာ၊ အသုဘာတည့်၊ အာနာပါန၊ ကာယကို ချန်၊ ကျန် နုဿတိ၊ ပွားများဘိ၊ ပဋိဘာဂ၊ ရနိုင်သည်။ ကြွင်းဆယ့်ရှစ်မှာ၊ ပဋိဘာ၊ ဘယ်ခါ မရပြီ။ ပရိကမ္မ၊ ဥဂ္ဂဟ မရ မရှိပြီ။  ( ၀ိသုဒ္ဓိ ၊ ၁ ၊ ၁၀၉ )

No comments:

Post a Comment