ဖေါ်ပြပါ တေးထပ်ခြောက်ပုဒ်သည် ဝေနေယျသုခဓာတ်ကျမ်းမှကောက်နှုပ်ချက်ဖြစ်သည်။
(၁)ပရိဿဝ အပူနာတေးထပ်
ဖရောင်းကို မီးထိသို့ 
မွန်းတည့်မှ သည်းလာ။
ဆီးနှင့်ဝမ်းတွဲပါသည်
မျက်စေ့ဝါ အိပ်ဘဲ။
ငန်ချဉ်ကြိုက်မောရေခင်
စောငွေဇင် သားပတ်အက်ကွဲ။
ဤကိစ္စပရိဿဝါ တဆိတ်လာခေါ်မြဲ
စပ်ငန်ပူချဉ်ကဲ ဥဏှတွဲပထဝီ
မသင့်ပြီချန်ထား
ကြံသကြားပေးတော့နို့ရည်။
ထောပတ်နှင့် ငှက်သိုက်မှီ
ဖီးကြမ်းသည် ဆီဥနှင့်
ဆတ်ဂျိုနု ကောလိသိန်
ငါးအန်ဖတ်ရှိန်။
ပေးကာမှ အေးစွာငြိမ်မည်
ဆေးရာဇိန် တန်ခိုးပလေး။
(၂)ဝိတ္ထမ္ဘိတ အပူဖောနာတေးထပ် မီးအုံကို မှိုင်းပြ
ဝိတၳမ ၻလကၡဏာ။
ဖေါရောင်ပွ မသက်သာ
လက်ခြေမှလွန်အေး။
အိပ်မစက်ပျို့အန်
ရေမှန်ကန်သောက်ရပြန်သေး။
နေ့ ကာလမသက်သာ
မျက်တောင်မှာလွန်လေး။
ဇက်နောက်ဖျာ့ဝမ်းပူရေး
ဝမ်းကွာဝေးချုပ်သူ။
ဆိမ့်စပ်ပူအစာများ
ရှောင်ရှား၍ပေးပါနမူ။
ငန်အေးမြအစာကူတယ်
သကြားမူချိုပျားနှင့်
ရှောက်မမှားသမ္ဘရာ
ပေးခွင့်လျော်စွာ။
ဤဆေးမှအေးကွက်သာမည်
ပေးဆက်ပါထင်ရှားလိမ့်လေး။ ။
(၃)ကက္ခဠအပူနာ တေးထပ်
သားချောက်ကို မီးထိသို့ 
ကွေးလိမ်သည့်ပမာ။
လက်ဝဲမှ လက်ကျာ
တိုးအောင့်လာကိုက်ခဲ။
ဆီးချုပ်၍ အာပုတ်ရှာသည်
နားအူစွာမျက်စေ့ကမွဲ။
ခြေလက်အေး နဖူးပူ
ချွေးထွက်သူ နေ့ သဲ။
ကက္ခဠာဆင့်ကဲက
ဤသို့ ဘဲခြင်းရာ။
ဆေးအစာပူမရ
ငန် ချဉ်မြ အေးမှတော်မှာ။
ဝက်ကျွဲသား သခွါးဟာ
သကြားပါဖရဲ။
ဗူးဖရုံယှဉ်တွဲလို့ 
ဆင့်ကဲသကာ ကြံ
ပေးမှတော်တန်။
အေးဟာရမချော်မှန်လျှင်
မဟောဉာဏ်ပေါက်ပါလိမ့်လေး။ ။
(၄)ပဂ္ဃရဏ အအေးနာ တေးထပ်
ယမ်းဆားမှာ ရေတွေ့လျှင်
ကြေေ့မြ့သည့်ပမာ။
အာခြောက်သွေ့ ညဥ့်သည်းလာ
ဆီး ဝမ်းမှာကြိမ်သွား။
ရင်မျက်တောင် လေးလံချင်
အေးရေစဉ်သောက်ချက်ကများ။
ထိပ်လန့် ကြောက် လက္ခဏာ
ပဂ္ဃရဏာခေါ်ငြား။
ဆေးအေးငန် ရှောင်ရှား၍
ကြံသကြားပယ်ပါ။
ကြက် ချိုး ခါ မုန့် ဆီတွဲ
နှမ်းထမနဲ ပေးမှတော်တာ။
ဆေးဥဏှလျော်တာ
ကြော်အစာဆက်သွင်းက
ချက်ခြင်းပသက်သာမည်
ချမ်းမြသာကြည်။
မန်းဌာန ဟံသာပြည်မှာ
ဉာဏ်ဇာနည်ထင်ရှားလိမ့်လေး။
(၅)ဗြူဟနာ အအေးဖေါနာ တေးထပ်
နွားရေဆံ ထုံးသွေ့
ရေတွေ့သည့်ကပ္ပလာ။
ဝမ်းနည်းငယ်ချုပ်ရှာ
ကိုယ်ပူစွာရောင်ဖေါ။
ရေသောက်များ မလင်းရင်
ဖိနးအိပ်ချင်ညဥ့်ဒုက္ခပေါ။
သားချောက်သွေ့မူယာ
ဗြူဟနာသဘော။
မယူရာအေး ငန်နှောလို့ 
အစားရောရှောင်ပါ။
သီးအစာ ဂွေး ကြို့မှန်း
ပေးလို့ စမ်းကြည့်ကြနောင်ခါ။
ရွက်ကြာဟင်း ကြိပ်မှန်သာ
ဥသျှစ်ပါဂုံခါးနှင့်
ပူစပ်ခါးငြုပ် ကြောင်လျာဖန်
ကုက္ကိုရွက်မှန်။
ထုပ်ဆိုမြွက် အသီးညွှန်သည်
နည်းအလွန်သာဆုံးပလေး။
(၆)သင်္ဂဟိတ အအေးနာတေးထပ်
ကြိုးငွေသင် ရေခလို့ 
ခွေမရတောင့်မာ။
လေဝါတမဖြောင့်ရှာသည်
နှောင့်ဗျာပါညဥ့်သဲ။
ဆီးဝမ်းချုပ် အာပုတ်သူ
ကိုယ်ရေပူထိပ်လန့် ကြောက်မြဲ။
ရေမသောက်ဇက်ခိုင်
သားရေဆိုင်နက်မဲ။
ဖိန်းအိပ်ခါတုန်းစက်လှဲက
လက်ဝဲကညောင်းညာ။
သင်္ဂဟအပေါင်းပြ
မကောင်းစွာ့ရှောင်ရှားကြပါ။
ဆေးခေါင်ပ ချဉ် မုံလာ
ဥသျှစ်ပါ ကြိပ်မှန်ဟင်း
ငြုပ်သွင်း ကြက်သားကြူကြူ
ဖျေက်ဆိတ်ရွပ်ကူ။
နောက်ပိတ်ဆက်ယုံကြသူမှာ
ဥဏှပူဆက်သွင်းပလေး။
Friday, November 21, 2014
ဝေနေယျသုခ ဓာတ်ကျမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment