၁/ဆို ---ပါဏာတိပါတာ သတ္တဝါထိုထိုဟူသမျှ ဝေနေယျာအပေါင်း အသက်သေစေကြောင်း မကောင်းသောအမှု ကြံစီမိုက်မှား ကျူးလွန်ခြင်းမှ ဝေရာမဏိသိက္ခာပဒံ အထူးရှောင်ကြဉ်ပါ၏ဘုရား။
ပြော -----သီလံနာမ သမာဓာနံ လို့  ဘဂဝါအမှန် ဟောခဲ့ပါတယ်ဗျာ သီလံနာမ ကိုယ်ကျင့်သီလမည်သည် သမာဓာနံ ကိုယ်နှင့်နှုပ်လျှင် အပြစ်စင်အောင်ကောင်းစွာပင်ထားခြင်းပါတဲ့ ဒါ့ကြောင့် ရှေးဆရာမြတ်တို့ က ရေးကဗျာစပ်ခဲ့ကြတာက ပါဏာတိပါတ် သူ့ သက်သတ်က ချို့တတ်အင်္ဂါ မွဲပြာရုပ်သွင် အားအင်ယိုယွင်း လျှင်ခြင်းလည်းဝေး ဘေးကိုကြောက်တတ် အသတ်ခံရာ အနာများလျှက် ချွေရံပျက်၍ အသက်တိုလျ ဖြစ်များစွာ့သည် ရှောင်ကအပြန်ကျိုးတည်း တဲ့ခင်မျာ
သူ့အသက်ကိုမသတ် သိက္ခာမြတ်ကို စောင့်ရကျိုးကတော့ လောကီတစ်မျိုးပေးမှာက ဥစ္စာစည်းပွား အတိုးများလို့ မို့  ဂုဏ်သတင်းကျော်နာမည်တက်ခါ ရွင့်ယှက်ခါ ဘေးကိုမကြောက်ပါဘူး ပွဲလယ်ရောက်တင့်တယ်ချဉ်းပြီး ရှောင်ကွင်းမရတဲ့ သေခြင်းတရားဆိုတာ ဆိုက်ရောက်ခါလာညားလည်း သတိမြဲကပ်ခါ နတ်ပြည်မှာရောက်တတ်ပါသတဲ့
လောကုတ္တရာရဲ့ အကျိုးကြပြန်တော့ အဝိပ္ပဋိသာရ စိတ်ရွှင်ပြကြည်လင်လို့  အမှန်ပင်ရမည်တဲ့ စိတ်ကြည်လင်ရွှင် ပြတော့ ပါမောဇ္ဇဆိုသည့်ဝမ်းမြောက်မှုက ရပြန်ပါရောတဲ့ ဝမ်းမြောက်ဝမ်းသာဖြစ်လာတော့ နှစ်သိမ့်ဝမ်းမြောက်သည့် ပီတိကဖြစ်ပါသတဲ့ ပီတကဖြစ်လာတော့ ကိုယ်စိတ်မှာ ငြိမ်းအေးသည့် ပဿဒ္ဓိဆိုတာရပြန်ပါရောလားဗျာ
ပဿဒ္ဓိအမှန်ရှိလာတော့ သုခဆိုတဲ့ချမ်းသာမှုကရှိလာ ချမ်းသာတော့တည်ငြိမ် သမာဓိအရှိန်လည်းရတယ်ပေါ့ဗျာ
သမာဓိအရှိန်အခါမိပြန်တော့ ရုပ်နှင့်နာမ်ကို အမှန်တိုင်းသိသည့် ယထာဘူတဉာဏဒဿနပေါ့ ဒီဉာဏ်ကအမှန်ရပြန်တော့ ငြီးငွေ့သည့်ဉာဏ်လို့ခေါ်တဲ့ နိဗ္ဗိဒါ ဧကန်သာတိုးတယ်ပေါ့ဗျာ
နိဗ္ဗိဒါဧကန်တိုးပြန်တော့ ရာဂဆိုးတပ်စွဲမှု ပျက်ပြယ်သည့် ဝိရာဂနယ်ဆိုတာလဲကူးတယ်ပေါ့
တဏှာချယ်တပ်စွဲမှုပျယ်ပြန်တော့ ကိလေသာနယ်ကလွတ်တယ်ဆိုသည့် ဝိမုတ္တိ
ဝိမုတ္တိတကယ်ရှိလာတော့ ပြန်လှည့်ပြီးဆင်ခြင်သည့် ဝိမုတ္တိဉာဏဒဿနဆိုသည့် လောကုတ္တရာအကျိုးတွေရပါတယ်
ဒါ့ကြောင့်မို့ ပြည်သူအပေါင်းတို့ ရေ အခုကောင်းမှ နောင်ကောင်းမှာမို့  သတ်ကြောင်းအဖြာဖြာ နည်းအထွေထွေကို အပြီးပေရှောင်ကြပါစို့ ။ ။
၂/ဆို-------အဒိန္နာဒါနာ သူတစ်ပါးဥစ္စာ သူတစ်ပါးပစ္စည်းဘဏ္ဍာ လောဘမီး ရမ္မက်ကြီး ခိုးယူ့ခြင်းမှ ဘုရားတပည့်တော်တို့ သည် ဝေရာမဏိသိက္ခာပဒံ အထူးရှောင်ကြဉ်ပါ၏ဘုရား။ ။
ပြော-------စာရိတ္တနှင့် ဝါရိတ္တဟု နှစ်စုသီလခွဲပြရာဝယ် နိစ္စဂရုဓမ္မသီလလို့  အမည်လည်းရပေသည့် အဒိန္နာဒါန သူတစ်ပါးပိုင်ရိုး ဥစ္စာမျိုးကို ခိုးခြင်းနည်းများ နှစ်ဆယ့်ငါးပါးတို့ တွင် တစ်ပါးပါးဖြင့်လျှင် ကျူးလွန်လျှင်အမှန်ဖြစ်ပါက မုချပင်ဝိပါက အပါယပဋိသန္ဓေကိုပေးစေတာကြောင့် ရှောင်ကိုရှောင်ရမည့် ဝါရိတ္တအမည်ရှိ ဤသည့်သီလ ယွင်းပျက်ကြလျှင်ဖြင့် ကွင်းဆက်ရကြမည့် အကျိုးကတော့ဖြင့် ဒီလိုပါတဲ့ဗျာ ရှေးဆရာကဝိတို့ ရဲ့ ရေးကဗျာထည့်လို့ ပြောပါရစေတော့
သူတစ်ပါးဟာ ခိုးမိပါမူ ဥစ္စာနည်းမွဲ ဆင်းရဲငတ်ဘိ လိုရှိမရ ဘောဂပျက်စီး ရေ မီး သူခိုး မွေခံဆိုးနှင့် မင်းဆိုးအပြား ရန်မျိုးငါးကြောင့် ပျက်ပြားဥစ္စာ ဖြစ်များစွာသည် ရှောင်ခါ အပြန်အကျိုးတည်း ပါတဲ့ခင်မျာ
ဒါ့ကြောင့်မို့  လောကုတ် လောကီ နှစ်လီရစေဖို့  ဒုတိယသိက္ခာပုဒ်ကိုဖြင့် အားထုပ်လို့ ကျင့်ဆောင်ကြပါစို့ ။ ။
၃/ဆို------ကာမေသုမိစ္ဆာစာရာ တစ်ပါးသူအိမ်ရာ တဏှာကျူးလွန်ခြင်း ပြစ်မှားကျူးလွန်ခြင်းမှ ဘုရားတပည့်တော်တို့ သည် ဝေရာမဏိသိက္ခာပဒံ အထူးရှောင်ကြဉ်ပါ၏ဘုရား။ ။
ပြော--------မဂ်ဖိုလ်ရရန် ရှသ်တန်နည်းလမ်း ထိုထိုခန်းမှာ သမ္မာကမ္မန္တ တရားကိုယ်ပြတော့ ပါဏာတိပါတာဝေရာမဏီ အဒိန္နာဒါနာဝေရာမဏီ ကာမေသုမိစ္ဆာစာရာဝေရာမဏီ တဲ့ခင်မျ
တစ်မျိုးအမည်ရပြန်တာက အာဇီဝဋ္ဌမကသီလတဲ့ ပုဒ်ဖြတ်ကာပြပြန်တော့ အာဇီဝ +အဋ္ဌမကတဲ့ အာဇီဝ အသက်မွေးမှုလျှင် အဋ္ဌမက ရှစ်ခုမြောက်ဖြစ်သော သီလပါတဲ့
ဝိသုဒ္ဓိမဂ်မှာတစ်မျိုးဖွင့်ပြတာက အာဒိဗြဟ္မစရိယက မြတ်သောအကျင့် အရိယမဂ်ရရန် အစအဦးဧကန်ကျင့်ရမည့် ဤတရားအစုပြည့်စုံစွာကျင့်ရမည်တဲ့
ဒါ့ကြောင့် ဒု သ န သောလို့ ပြောရသည့်ဘဝမရောက်ရအောင် ဗျောခေါက်ခါ နှိုးဆော်ချင်တာက
မိစ္ဆာစာရ ကျူးလွန်ကလည်း မုန်းကြသူများ ရန်သူပွါး၍ ရှားပါးလဘ်တိတ် ချမ်းသာဆိတ်၏ မိန်းမပဏ္ဍုက် မျိုးယုတ်ခါခါ မျက်နှာမလှ အရှက်ရလျှက် လက္ခဏာဣနြေ္ဒ ယွင်းသွေချို့သိန် စိုးရိမ်များစွာ ချစ်သူကွာသည် ရှောင်ခါအပြန်အကျိုးတည်း ပါတဲ့ခင်မျာ ။ ။
၎/ဆို--------မုသာဝါဒါ လိမ်ညာလှည့်ဖြား ဖရုသဝါစာစကား နှုတ်ရမ်းကားများစွာ သူတစ်ဦးပျက်စီးအောင် လိမ်ညာခြင်းမှ ဘုရားတပည့်တော်တို့ သည် ဝေရာမဏိသိက္ခာပဒံ အထူးရှောင်ကြဉ်ပါ၏ဘုရား။ ။
ပြော-------သူ့ သက်သတ်ခါ သူ့ ဥစ္စာကို ခိုးကာသိုထိန် သူ့ အိမ်ယာအား သွေမှားယွင်းဖေါက် ကျင့်မရောက်ရအောင် ရှောင်ကြဉ်ခြင်းတည်းဟူသော ကာယသုစရိုက်သုံးပါး လိမ်ညာပြောငြား ဂုံးစကားပိသုဏာနှင့် ဖရုသာဆဲရေးလို့  မယ်သီတာမိဖုရားလေး စတဲ့ အနှစ်မဲ့ပြိန်ဖျင်းရာ သမ္ဖပ္ပလာပါ တဲ့ ဤလေးဖြာရှောင်ရာတည်းဟူသော ဝသီသုစရိုက်တရားတို နှင့် အသက်မွေးမှုလျှင် စင်ကြယ်ခြင်းဆိုသည့် ရှစ်ခုမြောက်အာဇီဝဋ္ဌမက အထဲမှာပါ ဝင်သည့် မုသာဝါဒါကို သူသူငါငါ နှလုံးဖက်ခါသုံးကြရင်တော့ စေတီယမင်းညစ်အရှင်လိုပါဘဲ သေလျှင်အပါယ်ရောက်ပါလိမ့်မယ်ဗျာ
ဒါ့ကြောင့်မို့ ဝိုင်းတော်မဟာ အဖွဲ့တော်သားတို့ ကစေတနာ တကယ်ထားလို့မို့  ရှေးဆရာတို့ ရေးခဲ့သည့် ကဗျာစာသားနှင့် တိုက်တွန်းလို့ သွားပါရစေတော့
မုသာစကား ပြောဆိုငြားမူ စကားမပီ သွားမညီတည်း ပုတ်ညှီပါးစပ် ခြောက်ကပ်ကိုယ်ရေ ဣနြေ္ဒနောက် ပုံယွင်းဖေါက်၏ မရောက်သြဇာ နှုတ်လျှာကြမ်းထော် လျှပ်ပေါ်လော်လီ စိတ်မတည် ရှောင်သည်အပြန်အကျိုးတည်း ပါတဲ့ခင်မျာ။ ။
၅/ဆို--------သုရာမေရယမဇ္ဈပမာဒဋ္ဌာနာ သေရည်သောက်စား မိုက်မှားကျူးလွန် မူးရစ်ခြင်းမှ ဘုရားတပည့်တော်တို့ သည် ဝေရာမဏိသိက္ခာပဒံ အထူးရှောင်ကြဉ်ပါ၏ဘုရား။ ။
ပြော---------ယေဂဟဋ္ဌာ ပုညကာရော
သီလဝန္တော ဥပသကာ။
ဓမ္မေန ဒါရံ ပေါသေန္တိ
တေ နမဿာမိ မာတလိ။
မာတလိ အိုအရှင်မာတလိ ယေ အကြင်သူတို့ သည် ပုညကာရော ကုသိုလ်ကောင်းမှု ပြုကြလေ့ရှိကုန်၏ ဂဟဋ္ဌာ လူတို့ စောင့်ထိမ်းရမည့် သီလစသည်တို့ နှင့် ပြည့်စုံကြကုန်၏ သီလဝန္တော သီလနှင့်ပြည့်စုံသော သူတို့ ကို ဝါ ရတနာ သုံးရပ်တို့ ကို ဥပသကာ ဆည်းကပ်ကြပါကုန်၏ ဓမ္မေန တရားသဖြင့် ဒါရံ သားမယားတို့ ကို ပေါသေန္တိ လုပ်ကျွေးကြကုန်၏ တေ ထိုသူတို့ ကို နမဿာမိ ရှိခိုးပါ၏ တဲ့ခင်မျ
သိကြားမင်း မိန့် ချွေခွင်းစကားကို ထောက်ထားလို့  ဉာဏ်တင်ကြည့်ရင် ငါးသီလဤအစုံကို လုံခြုံအောင်ထိမ်းရင်ဖြင့် သိကြားမင်းကတောင် ရှိခိုးမှာ အမှန်ပါဘဲခင်မျ ဒါ့ကြောင့်မို့  သီလအခြေတကယ်ခိုင်ကြဘို့  ပဉ္စမမြောက် ဟောဒီ သုရာမေရယရဲ့ ကျိုးအပြစ်ကိုဖြင့် ရှေးအာစရိယတို့ က ရေးကဗျာထည့်လို့ ပြတာကဖြင့်
သေရည်သောက်လင့် သင့်မသင့်၌ ရေးခွင့်မသိ ပျင်းရိမေ့ရူး ကျေးဇူးမဆပ် ဟိရောတ္တပ်ကင်း ခပင်းများထို အကုသိုလ်ကို မငြိုလွယ်စွာ ပြုကျင့်ရာသည် ရှောင်ခါအပြန် အကျိုးတည်း တဲ့
ဒါ့ကြောင့်မို့  အလှူ့ဒကာ ဒကာမနှင့် ကုသလာ အတူဖက်ကြတဲ့ နှစ်ဘက်သဟာ ညာမိတ်ဆွေတို့ က ဖိတ်စာဝေငှကာ ပရိတ် ဓမ္မာ အတူနာကြလို့  ကုသလာဘာဂကို ရကြဘို့ အရေး တွေးထောက်တဲ့အပြင် မေတ္တာယှဉ်ခါ စိတ်ဇောဖြင့် ငါးပါးသောသီလကို စောင့်ထိမ်းဘို့ အရေး နှိုးဆော်လို့ ပေးပါသည် တေးကဗျာသီ ဗျောစာစီ ဒီအဖွဲ့ကလည်း မနဲသည့်စေတနာ သဒ္ဓါကပ်လို့ မို့  ပါရမီတစ်ရပ်အနေဖြင့်ကပ်လို့ မို့  သီလဆိုတာ လို့ ခေါင်းစဉ်ပေးထားသည့် ချမ်းမြေ့ဆရာတော်ရေးတဲ့ ကဗျာလေးနဲ့ နှိုးဆော်ချက်ပေးလိုက်ပါသည်ခင်မျာ
သီလဆိုတာ ကိုယ်နှုတ်များကို ကောင်းစွာထားဖို့  စောင့်ရသလေ
ကိုယ်နှုပ်လုံလျှင် လူယဉ်ကျေးကွဲ့
ကောင်းကျိုးပေးမြဲ အမှန်ပေ။
စိတ်ပါလုံလျှင်ပိုလို့ ကောင်းသကွဲ့
ကောင်းသထက်ကောင်းအောင်ကြိုးစားလေ။
စိတ်ပါလုံအောင် ဘာဝနာပွါးဖို့ 
မြတ်ဘုရားကမိန့် ခဲ့ပေ
ကိုယ်နှုတ်စိတ်ထား ဤသုံးပါး လုံငြားချမ်းသာပေ။ ။
Saturday, November 22, 2014
သီလစောင့်ကြစို့ 
Subscribe to:
Post Comments (Atom)
No comments:
Post a Comment