Saturday, November 29, 2014

သုံးတတ်လျှင်ဆေး

ဘယ်လောက်ပဲ ကောင်းမွန်တဲ့အရာ ဖြစ်ပါစေ။ အသုံးမတတ်ရင် အန္တရာယ် ဖြစ်ပါတယ်။ အသက်ကယ်ဆေးတောင် သူ့အချိန်အဆအတိုင်း မသုံးတတ်ရင် အဆိပ်ဖြစ်သွားရတာပါ။ 'သုံးတတ်ရင်ဆေး ၊ မသုံးတတ်ရင်ဘေး' ဆိုတဲ့ စကားပုံအတိုင်းပါပဲ။ မိမိကသာ သုံးတတ်မယ်ဆိုရင် မကောင်းတဲ့အရာ၊ အန္တရာယ်ရှိတဲ့ အရာတွေတောင် အသုံးဝင် အကျိုးရှိလာရပါတယ်။ ဥပမာဆိုရရင် လူကိုသေစေတဲ့ မြွေဆိပ်ကိုပဲ မြွေဆိပ်ဖြေဆေးအဖြစ် အသုံးပြုကြရပါတယ်။ ကြောက်စရာ ကပ်ရောဂါကြီးဖြစ်တဲ့ ကျောက်ရောဂါကို ကာကွယ်ဖို့ ရောဂါပိုးစတိကိုပဲ ဆေးအဖြစ် ထိုးသွင်းခဲ့ကြရပါတယ်။ ကမ္ဘာကြီးကို ပျက်သွားအောင် လောင်ကျွမ်းပစ်နိုင်တဲ့ မီးတောင်မှ သုံးတတ်မယ်ဆိုရင် သတ္တဝါတွေအတွက် မရှိမဖြစ် အသုံးဝင်သွားရပါတယ်။ ဒီနည်းတူပါပဲ။ သတ္တဝါတွေကို ပူလောင်စေတတ်တဲ့၊ အပါယ်ဆင်းရဲကို ပို့နိုင်တဲ့ အကုသိုလ် ကိလေသာမီးတွေကိုလည်း မိမိကသာ အသုံးချတတ်မယ်ဆိုရင် အပူမီးတွေ ငြိမ်းသွားရတဲ့အပြင် အနှိုင်းမဲ့ချမ်းသာကိုတောင် ခံစားရနိုင်ပါတယ်။ တဏှာရာဂစတဲ့ အကုသိုလ် ကိလေသာတွေ ချုပ်ငြိမ်းမှ ရောက်နိုင်တဲ့ အနှိုင်းမဲ့ နိဗ္ဗာန်ချမ်းသာကို ရောက်ဖို့ အကုသိုလ် ကိလေသာတွေကို ဘယ်လိုများ အသုံးချရပါ့မလဲ။ အကုသိုလ် ကိလေသာတွေကို အသုံးချလို့ နိဗ္ဗာန်ရနိုင်ပါ့မလားလို့ မေးစရာရှိပါတယ်။ ရနိုင်ပါတယ်။ သာဓကများစွာ ရှိတဲ့အထဲက ပါနီယဇာတ်ကို ထုတ်ပြချင်ပါတယ်။ (ဒီဝတ္ထုကို အတော်များများလည်း ဖတ်ဖူး၊ ကြားဖူးပြီး ဖြစ်ကြမယ်လို့ ထင်ပါတယ်။) ကာမဝိတက်ကို ကြံစည်မိကြတဲ့ ရဟန်း(၅ဝဝ)ကို အကြောင်းပြုပြီး ကိလေသာဆိုတာ သေးတယ်၊ ငယ်တယ်၊ မပြောပလောက်ဘူးလို့ လျစ်လျူမရှုဘဲ နှိပ်ကွပ်သင့်ကြောင်း မြတ်စွာဘုရားက ပုံစံပြ ဟောတော်မူခဲ့ပါတယ်။ ရှေးတုန်းက ကာသိတိုင်းမှာ သူငယ်ချင်းနှစ်ယောက် လယ်ထွန်သွားကြပါတယ်။ တစ်ယောက်က ရေဆာလာတဲ့အခါ မိမိရေဘူးထဲကရေ ကုန်သွားမှာစိုးလို့ အခြားတစ်ယောက်ရဲ့ ရေကို ခိုးသောက်လိုက်ပါတယ်။ အလုပ်ပြီးလို့ ညနေချမ်း ရေမိုးချိုး အနားယူပြီးတဲ့အခါ တစ်နေကုန်ပြုမိတဲ့ ကိစ္စတွေကို ပြန်စဉ်းစားတော့ ရေခိုးသောက်မိတဲ့ မကောင်းမှုကို ပြန်သတိရမိပါတယ်။ (မိမိတို့လည်းပဲ တစ်နေ့တာ ပြုမိတဲ့ ကောင်းမှု၊ မကောင်းမှုတွေကို ပြန်လည်ဆင်ခြင်ပြီး ကောင်းမှုတွေကို တိုးပွားစေ၊ မကောင်းမှုတွေကို နောင်မဖြစ်ပွားစေရအောင် သံဝေဂပွါး သုံးသပ်တဲ့ အကျင့်လေးထားသင့်ပါတယ်။) အဲဒီလို သတိရလိုက်တဲ့အခါ ဒီခိုးမှုဟာ မိမိကို အပါယ်ထိအောင် ဆွဲချနိုင်ပါလားလို့ ထိတ်လန့်သွားပြီး အဲဒီ့ အကုသိုလ်ကိုပဲ အာရုံပြုပြီး ဝိပဿနာရှုလိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတယ်။ ခိုးမှုဆိုတဲ့ အဒိန္နာဒါနကံကို ကျူးလွန်မိတဲ့ပုဂ္ဂိုလ်တောင် အဲဒီ့အကုသိုလ်ကို အသုံးချပြီး သဗ္ဗညုဘုရားရှင်ထက် တစ်ဆင့်သာနိမ့်တဲ့ ပစ္စေကဗုဒ္ဓါ ဖြစ်ခွင့်ရှိသေးရင်…၊ ဖြစ်အောင် လုပ်နိုင်ခဲ့သေးရင်…။ နောက်အကြောင်းအရာတစ်ခုက အဲဒီ့ ကာသိတိုင်းရွာငယ်တစ်ခုမှ သူကြွယ်တစ်ယောက်ဟာ မိမိရှေ့က ဖြတ်သွားတဲ့ ဇနီးမောင်နှံနှစ်ယောက်အနက် အမျိုးသမီးကို တပ်မက်သဘောကျလွန်းလို့ စူးစူးစိုက်စိုက် ကြည့်လိုက်မိပါတယ်။ ကြည့်မိပြီးကာမှ သူတစ်ပါးရဲ့ မယားကို လောဘနဲ့ ကြည့်မိတဲ့ အကုသိုလ်ကြောင့် အပါယ်ကျရတော့မှာပဲလို့ ထိတ်လန့်ပြီး အဲဒီ့အကုသိုလ်ကို အခြေခံပြီး ဝိပဿနာရှုလိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတယ်။ ကာယကံမှုပြုမှ ကမ္မပထမြောက်တဲ့ ကာမေသုမိစ္ဆာစာရကံကို စိတ်ကလေးနဲ့တင် ကျူးလွန်မိတာကို အချိန်မီ တားဆီးချုပ်ငြိမ်းစေနိုင်ခဲ့တဲ့အတွက် နိဗ္ဗာန်ချမ်းသာကို ခံစားရပါတယ်။ အလွန်အတုယူဖွယ် ကောင်းပါတယ်။ (ယခုခေတ်လူများ ဒီလိုသာ စိတ်နဲ့ပြစ်မှားမိရုံနဲ့ သံဝေဂရပြီး ဝိပဿနာရှုလို့ ပစ္စေကဗုဒ္ဓါ ဖြစ်ကြမယ်ဆိုရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ လူအတော်များများ ပစ္စေကဗုဒ္ဓါ ဖြစ်ကုန်ကြလို့ နန္ဒမူလိုဏ်ဂူတောင် ဆန့်မယ်မထင်ပါဘူး။ အဲဒီ့လို မဆန့်မှာစိုးလို့လည်း မထိတ်လန့်ကြတာ နေမှာပါ။ ဒါမှမဟုတ်ရင်လည်း သာသနာတွင်းကာလမှာ ပစ္စေကဗုဒ္ဓါ မပွင့်နိုင်ဘူးလို့ ကြားဖူးတဲ့အတွက် မိမိဘာသာ သံဝေဂရအောင် မပွားကြတာ ဖြစ်ပါလိမ့်မယ်။) နောက်တစ်ဦးလည်း ရှိပါသေးတယ်။ ထိုကာသိရွာမှာပဲ သားအဖနှစ်ယောက် ရှိပါတယ်။ ထိုခေတ်ကလည်း တောအုပ်တွေထဲမှာ ပြန်ပေးသမားတွေ ရှိပါတယ်။ အဲဒီ့ ပြန်ပေးသမားတွေဟာ သားအဖကို ဖမ်းမိရင် သားကို ဖမ်းထားပြီး အဖေကို ငွေပြန်ယူခိုင်းကာ ရွေးစေပါတယ်။ (မိဘမေတ္တာကို သေချာပေါက် တွက်လို့ရပါတယ်နော်။) ညီအစ်ကိုဖြစ်ရင် ညီကိုဖမ်းထားပြီး အစ်ကိုကို လွှတ်ကာ ရွေးစေပါတယ်။ ဆရာတပည့်ဖြစ်ရင် ဆရာကို ဖမ်းထားပြီး တပည့်ကို လွှတ်ပါတယ်။ ပညာကို လိုချင်တဲ့ တပည့်က ဥစ္စာကို ပြန်ယူပြီး ဆရာကို ရွေးရပါတယ်။ အခု ကာသိရွာသား သားအဖနှစ်ယောက်ကိုလည်း ပြန်ပေးသမားတို့က ဖမ်းထားကြပါတယ်။ အဖမ်းများခံရရင် ပြန်ပေးဆွဲခံရမှုမှ လွတ်မြောက်ဖို့အတွက် ဘာတော်သလဲမေးရင် ဘာမှမတော်ဘူးလို့ လိမ်ပြောဖို့လည်း တိုင်ပင် ထားကြပြီးသားပါ။ ဒီတော့ တကယ်မေးလာတဲ့အခါမှာလည်း တိုင်ပင်ထားတဲ့အတိုင်းပဲ ညာပြောလိုက်ကြပါတယ်။ ပြန်ပေးလက်က လွတ်မြောက်ပြီးလို့ ညချမ်းအခါ မိမိအကြောင်းတွေကို ပြန်တွေးတော့ လိမ်လည်မှုကိုမြင်ပြီး ထိတ်လန့် ဝိပဿနာရှုလိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတယ်။ (မျက်မှောက်ခေတ်မှာတော့ လင်္ကာချောစေဖို့ မပါမဖြစ် ပါရပါတယ်ဆိုတဲ့ မုသား၊ အကျင့်ပါနေတဲ့ မုသား၊ အကျိုးစီးပွား ပျက်စီးစေတဲ့ မုသား၊ အကျိုးစီးပွား မပျက်စီးစေတဲ့ မုသား စသည်.. စသည် ရေလဲသုံးနေတဲ့ မုသားတွေ များလွန်းလို့ မထူးဆန်းတော့ဘဲ သံဝေဂလည်းမရ၊ ဒန်ဝေဂလည်းမရ ဖျောက်ဖျက်ဖို့လည်း မစဉ်းစား၊ ကြောက်လန့်ဖို့လည်း မတွေးအားကြတော့တာနဲ့ မုသာဝါဒကို အခြေခံတဲ့ ၀ိပဿနာဆိုတာ ကြားတောင်မကြားဖူးကြပါဘူး။) အဲ... နောက်တစ်ယောက်ကတော့ ကာသိတိုင်းမှ ရွာစားတစ်ယောက် ဖြစ်ပါတယ်။ အဲဒီ့ရွာစားက သူ့ရွာမှာ သားငါးမသတ်ရလို့ စည်းကမ်းထုတ်ထားပါတယ်။ တစ်နေ့မှာ သားကောင်တွေကို သတ်ပြီး နတ်ပူဇော်ရတဲ့အခါနဲ့ ကြုံကြိုက်နေပါတယ်။ ရွာသားတွေ စုဝေးပြီး ရှေးထုံးစံအတိုင်း သားသတ်ပြီး နတ်ပူဇော်ခွင့်ပြုဖို့် တောင်းပန်ကြပါတယ်။ ဒါနဲ့ ရွာစားလည်း ထုံးစံရှိတဲ့အတိုင်း ပြုလုပ်ဖို့ ခွင့်ပေးလိုက်ရပါတယ်။ ခွင့်ရတာနဲ့ လူတွေလည်း သတ်ဖြတ်ပူဇော်ကြပါတယ်။ ရွာစားလည်း မိမိရဲ့ ခွင့်ပြုစကား တစ်ခွန်းကြောင့် သတ္တဝါတွေ သေကြရတယ်ဆိုပြီး နောင်တကုက္ကုစ္စ ဖြစ်ရပါတယ်။ အဲဒီ့ ပါဏာတိပါတကံနဲ့ စပ်လျဉ်းတဲ့ နောင်တကိုပဲ ဝိပဿနာရှုလိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတယ်။ အဲဒီ့ရွာစားလိုပဲ နောက်ထပ် ရွာစားတစ်ယောက် ရှိပါသေးတယ်။ ဒီရွာစားကတော့ သေအရက် ရောင်းဝယ်ခြင်းကို တားမြစ်ထားပါတယ်။ သေသောက်သဘင် ကျင်းပရာအခါ ရောက်တော့ လူအပေါင်းက ရွာစားကို ဝိုင်းတောင်းပန်ကြပါတယ်။ ရွာစားလည်း ရှေးထုံးစံဖြစ်နေတော့ မတားမြစ်သာဘဲ ခွင့်ပြုလိုက်ရပါတယ်။ လူတွေလည်း သောက်စားမူးယစ်ပြီး ခိုက်ရန်ဖြစ်ပွားကြလို့ ကျိုးပဲ့ဒဏ်ရာတွေ ရကုန်ကြပါတယ်။ ဒီလို လူအများ ဆင်းရဲဒုက္ခရောက်ကြရတာ မိမိရဲ့ စကားတစ်ခွန်းကြောင့်ပဲဆိုပြီး ရွာစားလည်း နောင်တရမိပါတယ်။ သုရာမေရယကံကို အခြေခံတဲ့ အဲဒီ့နောင်တကို ဝိပဿနာရှုလိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတယ်။ (အိမ်တစ်အိမ်၊ ရုံးတစ်ရုံး၊ အဖွဲ့တစ်ဖွဲ့၊ ရွာတစ်ရွာ၊ မြို့တစ်မြို့၊ နိုင်ငံတစ်နိုင်ငံ... စသဖြင့် ဆိုင်ရာဆိုင်ရာ နေရာတွေမှာ ခေါင်းဆောင်ဖြစ်တဲ့သူရဲ့ စကားတစ်ခွန်းဟာ အလွန်အရေးပါပါတယ်။ နောက်လိုက်တို့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေဟာ ခေါင်းဆောင်အပေါ်မှာ မှီနေပါတယ်။ နယ်ကျဉ်းသည်ပဲဖြစ်စေ၊ နယ်ကျယ်သည်ပဲဖြစ်စေ မိမိခေါင်းဆောင် ဖြစ်နေတဲ့အချိန်မှာ ကောင်းကျိုးများများ ဖြစ်ထွန်းစေသင့်ပါတယ်။ ဂုဏ်ရှိ၊ ဂုဏ်ရရန်အတွက် မဟုတ်ဘဲ အများကောင်းကျိုး များများဆောင်ရွက်နိုင်ရန်အတွက်သာ ခေါင်းဆောင်ဖြစ်သင့်ပါတယ်။ ဘွဲ့ထူး၊ ဂုဏ်ထူးတွေဟာလည်း ဂုဏ်မဟုတ်ပါဘူး၊ ငွေဆိုတာလည်း ဂုဏ်မဟုတ်ပါဘူး၊ 'အများအကျိုး ဆောင်ရွက်နိုင်ခြင်းသည်သာလျှင် ဂုဏ်အစစ်' မည်ပါတယ်။) ဒီပစ္စေကဗုဒ္ဓါငါးပါးတို့ ဗာရာဏသီပြည်ကို ဆွမ်းခံကြွကြတဲ့အခါ (ဘုရားလောင်း)ရှင်ဘုရင်က ကြည်ညိုလွန်းလို့ ဆွမ်းဘောဇဉ်နဲ့ ပြုစုလုပ်ကျွေးပြီး ရဟန်းပြုရခြင်း အကြောင်းတွေကို မေးမြန်းလျှောက်ထားပါတယ်။ ပစ္စေကဗုဒ္ဓါ အသီးသီးက အကြောင်းအသီးသီးကို ပြောပြကြတဲ့အခါ ပိုမိုကြည်ညို သဒ္ဓါပွားလာတဲ့အတွက် ကာမဂုဏ်တရားတွေကို ဝေးစွာ ရှောင်ကြဉ်ပါတော့တယ်။ မိမိအခန်းထဲက နံရံအဖြူကို ကြည့်ပြီး သြဒါတကသိုဏ်းပွားလိုက်တာ ဈာန်ရသွားပါတယ်။ (ဈာန်၊ မဂ်၊ ဖိုလ်ရဖို့ ဘယ်လိုနေရာမျိုးမှာ အချိန်ဘယ်လောက်ကြာအောင် အားထုတ်ရပါ့မလဲလို့ မေးလေ့ရှိသူများ သတိပြုပါ။) အဲဒီ့လို ဘုရားလောင်း ရှင်ဘုရင်ကြီးက ကာမဂုဏ်ကို အပြစ်မြင်ပြီး ဈာန်ချမ်းသာ ရနေချိန်မှာ ယသော်ဓရာလောင်း မိဖုရားကြီးကတော့ ကာမဂုဏ်ချမ်းသာထက် ကောင်းတဲ့အရာ မရှိဆိုပြီး ကာမဂုဏ်ကို ချီးမွမ်းနေပါတယ်။ ဒါနဲ့ ရှင်ဘုရင်ကြီးက ကာမဂုဏ်နဲ့ ပက်သတ်ပြီး အောက်ပါအတိုင်း ကဲ့ရဲ့ပါတယ်။ မြည့်နေအောင်ထက်တဲ့ သန်လျက်နဲ့ အခုတ်ခံရခြင်းထက်၊ ရင်ဝကို လှံနဲ့ အထိုးခံရခြင်းထက် ကာမဂုဏ်ကြောင့်ဖြစ်တဲ့ ဆင်းရဲက ပိုကြီးပါတယ်။ တစ်လံကျော်နက်တဲ့ ရဲရဲတောက်နေတဲ့ မီးကျီးတွင်းထက်၊ နေ့အခါ အလွန်ပူပြင်းတဲ့ နေမင်းထက် ကာမဂုဏ်ဆင်းရဲက ပိုပြီး ပူပြင်းပါတယ်။ ချက်ချင်းသေစေနိုင်တဲ့ အဆိပ်ထက်၊ ကျိုက်ကျိုက်ဆူနေတဲ့ သံရည်ပူ၊ ကြေးရည်ပူထက် ကာမဂုဏ်ဆင်းရဲက ပိုပြီး ပြင်းထန်ပါတယ်။ အဲဒီ့လို ကာမဂုဏ်တွေရဲ့ အပြစ်ကို ပြောပြပြီး အမတ်တွေကို တိုင်းပြည်အပ်ကာ တောတွက် ရသေ့ရဟန်း ပြုသွားပါတယ်။ ၀တ္ထုလေးကတော့ ဒါပါပဲ။ ပြောချင်တာကတော့… မိမိတို့ဆိုတာ ရဟန္တာ မဖြစ်သေးတဲ့အတွက် လောဘ၊ မာန စသည်လည်း မကုန်သေးပါဘူး။ အနာဂါမ် မဟုတ်တဲ့အတွက် ဒေါသလည်း မကုန်သေးပါဘူး။ သောတာပန်, သကဒါဂါမ် မဟုတ်သေးလို့ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာတောင် မကုန်သေးပါဘူး။ ဘာအကုသိုလ်ကိုမှ တရားဝင်မပယ်ရသေးတဲ့ ဇဉ်၊ ဇဉ်လို့မည်နေတဲ့ ပုထုဇဉ်အစစ်ကြီးတွေ ဖြစ်ကြတဲ့အတွက် တစ်နေကုန်မှာ ကုသိုလ်ထက် အကုသိုလ်ပဲ အဖြစ်များတတ်ကြပါတယ်။ အစိုးမရတဲ့ တရားတစ်ခုဖြစ်တဲ့ စိတ်ဆိုတာကလည်း အကုသိုလ်တရား မကောင်းမှုများမှာ အလွန်ပဲ ပျော်မွေ့တတ်တဲ့အတွက် ဗုဒ္ဓကတောင် 'ပါပသ္မိံ ရမတိ မနော' လို့ ဟောတော်မူထားခဲ့တာပါ။ ဒီတော့ သူ့သဘာဝအတိုင်း မကောင်းမှုတွေမှာ အားရပါးရမွေ့လျော်ချင်တဲ့ စိတ်ကို မထိန်းမချုပ် အလိုလိုက်ခဲ့မိလို့ မိမိတို့ဘ၀တွေမှာ မကောင်းမှု အဖြစ်များပြီး ညစ်နွမ်းခဲ့ရပါတယ်၊ ဒီဘ၀မှာ တရားမှ ရပါဦးမလားဆိုပြီး စိတ်မပျက် အားမလျော့ပါနဲ့။ အသိနောက်ကျတယ်ဆိုတာ မရှိပါဘူး။ ကောင်းသည်ပဲဖြစ်စေ၊ ဆိုးသည်ပဲဖြစ်စေ (ပဉ္စာနန္တရိယကံမှ မဟုတ်ရင်ပေါ့) ဖြစ်ပေါ်လာတဲ့ အကောင်း၊ အဆိုး သင်္ခါရတရားတွေကို ဝိပဿနာအသိနဲ့ ရှုပွားနိုင်ခဲ့ရင် 'ခုရှု - ခုငြိမ်း' ဆိုတဲ့ တရားတော်ရဲ့ 'အကာလိက' ဂုဏ်တော်နဲ့အညီ ငြိမ်းအေးချမ်းသာမှုကို မိမိတို့ရဲ့ ပါရမီအလျှောက် ခံစားကြရမှာပါပဲ။ ဒါ့ကြောင့် စာဖတ်သူများလည်း အပါယ်ကို ခြေလှမ်းပြင်နေတဲ့ မိမိတို့ရဲ့ အကုသိုလ် ကြီးငယ်မှန်သမျှကို သံဝေဂပွါး ဝိပဿနာရှုပြီး ဆေးအဖြစ် သုံးတတ်နိုင်ကြပါစေ…။ Dhamma Yanant at 9:04 AM

မပြစ်မှားနဲ့ ခင်ပွန်ကြီးဆယ်ပါး

ပွန်းကြီး ၁၀-ပါး မပြစ်မှားပါနဲ့။ ခင်ပွန်းကြီး ၁၀-ပါး မပြစ်မှားပါနဲ့။ ************************ ခင်ပွန်းကြီး ၁၀-ပါး ၁။ ဘုရား ၂။ ပစ္စေကဗုဒ္ဓါ ၃။ ရဟန္တာ ၄။ မြတ်စွာဘုရား၏ တပည့်ကြီး အဂ္ဂသာဝက ၅။ အမိ ၆။ အဘ ၇။ အလေးအမြတ်ပြုအပ်သော ဆရာ၊ အကျင့်သီလ သမာဓိနှင့် ပြည့်စုံ ဂုဏ်ကြီး၍ ရိုသေ သင့်သူများ ၈။ လမ်းမှန်ကို ဖြောင့်မှန်စွာ သွန်သင်ပေးအပ်သောဆရာ ၉။ ပစ္စည်းလေးပါး ဒါယကာ (ပေးကမ်းဖူးသူ) ၁၀။ တရားဟောပုဂ္ဂိုလ် ခင်ပွန်းကြီး ၁၀-ပါးကို ပူဇော်လျှင် ၁။ ကိုယ့်အရပ်ဒေသကနေ အရပ်တပါးကို သွားတဲ့အခါမှာ အစားအစာ မရှားပါဘူး။ ၂။ ရောက်ရာအရပ်မှ အပူဇော်ခံရတယ်။ ၃။ ရန်သူမျိုးငါးပါး မနှိပ်စက်နိုင်ဘူး။ ၄။ မျက်နှာမြင်ရင် ချစ်ခင်စေတယ်။ ၅။ လူပုံအလယ်မှာ ရဲရင့်စေတယ်။ ၆။ ကိုယ့်ရဲ့ဂုဏ်သတင်း ပျံပလွင့်စေတယ်။ ၇။ အခြံအရံ အမြဲမပြတ်ရှိတယ်။ ၈။ ဆင်၊ မြင်း၊ ကျွဲ၊ နွား ပေါများပြီး သား၊ သီးနှံ မပျက်စီးဘူး။ (စီးပွားရေးကောင်းမယ်လို့ ဆိုလိုတာပါ) ၉။ မတော်တဆ တောင်ချောက်ကမ်းပါး ကျမယ်ဆိုရင် ဆောက်တည်ရာ ရနိုင်တယ်။ ၁၀။ သားတွေ သမီးတွေနဲ့ အခြေအမြစ်ကြီးကျယ်နိုင်တယ်။ ခင်ပွန်းကြီး ၁၀-ပါးကို ကာယကံ ၊၀စီကံ မနောကံ၊ တို့ ဖြင့်ပြစ်မှား စော်ကားမိပါက ရရှိနိုင်မယ့် ဒဏ်ကြီး(၁၀) ပါး ကတော့ ၁။ ဝေဒနာကြီးမား ၂။လျော့ပါးစည်းစိမ် ၃။နေအိမ်မီးလောင် ၄။အင်္ဂါကျိုးပြတ် ၅။နူနာဝဲစွဲ ၆။စိတ်ဖောက်ရူးသွပ် ၇။ မမှန်စွပ်စွဲ ၈။မင်းပြစ်ဒဏ်သင့် ၉။ပြိုကွဲမျိုးဆွေ ၁၀။ရွှေငွေ ကျွဲနွား ယွင်းဖောက်ပြားက ဆယ်ပါးမျက်မှောက် ဒဏ်ကြီးရောက်၍ နောက်၌မသွေ သေပြန်ေ လသော် ငရဲ ကြီးစွာ လားဖို့ ရာတည်း ။ taw thar lay at 4:20 AM (from ONE Browser)

ဗုဒ္ဓဝင် သမိုင်းအကျဉ်းချုပ်

၁။ လူအမည် = သိဒ္ဓတ္တ ၂။ ဘုရားဘွဲ့ = ဂေါတမ ၃။ မိဘအမည် = သုဒ္ဓေါဒနမင်းနှင့်မာယာဒေ၀ီ ၄။ ကြင်ယာတော် = ယသော်ဓရာ(ဘဒ္ဒကဉ္စနာ) ၅။ ရင်သွေးတော် = ရာဟုလာ ၆။ ယောက်ဖတော် = ဒေ၀ဒတ် ၇။ မိထွေးတော် = ဂေါတမီ ၈။ နေပြည်တော် = ကပိလ၀တ်ပြည်(သက္ကတိုင်း၊ မဇ္ဈိမဒေသ) ၉။ ဖွားရာဋ္ဌာန = လုမ္ဗိနီဥယျာဉ်(ကပိလ၀တ်နှင့်ဒေ၀ဒဟအကြား) ၁၀။ နန်းစံနှစ် = ၁၃ နှစ်ကြာ(၁၆ နှစ်မှ ၂၉ နှစ်ထိ) ၁၁။ နိမိတ်ကြီးများ = သူအို၊ သူနာ၊ သူသေ၊ ရဟန်း ၁၂။ ဗျာဒိတ်ခံယူသောဘ၀ = သုမေဓာရသေ့ဘ၀ ၁၃။ ဗျာဒိတ်ခံယူသောနေ့ = ကဆုန်လပြည့်နေ့ ၁၄။ ဗျာဒိတ်ပေးသောဘုရား = ဒီပင်္ကရာ မြတ်စွာဘုရား ၁၅။ ပါရမီဖြည့်ဖက် = သုမိတ္တာအမျိုးသမီး (ယသော်ဓရာအလောင်း) ၁၆။ ပါရမီဖြည့်ရာကာလ = လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း (သုမေဓာဘ၀မှ ဝေဿန္တရာဘ၀ အထိ) ၁၇။ ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် = သတ္တ၀ါများ အကျိုးဆောင်ရွက်ရန် ၁၈။ ဒုက္ကရစရိယာကျင့်ရသော်နှစ် = ၆ နှစ်ကြာ (၉၇ မှ ၁၀၃ အထိ) ၁၉။ ဒုက္ကရစရိယာကျင့်သည့်နေရာ = ဥရုဝေဠတော ၂၀။ ဘုရားဖြစ်ချိန် သက်တော် = ၃၅ နှစ်အရွယ် ၂၁။ ဘုရားပွင့်ရာသက်တမ်း = ၁၀၀ တန်း ၂၂။ အလုပ်အကျွေး = ပဉ္စ၀ဂ္ဂီငါးဦး (ဒုက္ကရစရိယာကျင့်ခိုက်) ၂၃။ တရားဦးဟောသည့်နေရာ = ဗာရာဏသီ မိဂဒါဝုန်တော ၂၄။ ပထမဆုံးသာဝက = ပဉ္စ၀ဂ္ဂီပါးဦး ၂၅။ နောက်ဆုံးကျွတ်သောသာဝက = သုဘဒ္ဒ ပရိဗိုဇ် ၂၆။ လက်ယာရံအဂ္ဂသာဝက = အရှင်သာရိပုတ္တရာ ၂၇။ လက်ဝဲရံအဂ္ဂသာဝက = အရှင်မောဂ္ဂလာန် ၂၈။ အဆုံးအမသာသနာ = ပရိယတ္တိ၊ ပဋ္ဋိပတ္တိ၊ ပဋ္ဋိဝေဓ ၂၉။ ကျင့်စဉ်သိက္ခာ = သီလ၊ သမာဓိ၊ ပညာ ၃၀။ ချမှတ်သောလမ်းစဉ် = မဇ္ဈိမပဋ္ဋိပဒါ (မဂ္ဂင်လမ်းစဉ်) ၃၁။ သန္ဓေယူသောနေ့ = မဟာသက္ကရာဇ် ၆၇၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့ ၃၂။ ဖွားမြင်သောနေ့ = မဟာသက္ကရာဇ် ၆၈၊ ကဆုန်လပြည့်၊ သောကြာနေ့ ၃၃။ တောထွက်သောနေ့ = မဟာသက္ကရာဇ် ၉၇၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့ ၃၄။ ဘုရားဖြစ်သောနေ့ = မဟာသက္ကရာဇ် ၁၀၃၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ ၃၅။ ဓမ္မစကြာဟောသောနေ့ = မဟာသက္ကရာဇ် ၁၀၃၊ ၀ါဆိုလပြည့်၊ စနေနေ့ ၃၆။ ပရိနိဗ္ဗာန်စံသောနေ့ = မဟာသက္ကရာဇ် ၁၄၈၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ ၃၇။ တေဇောဓာတ်လောင်သောနေ့ = မဟာသက္ကရာဇ် ၁၄၈၊ ကဆုန် လဆုတ် ၁၂၊ တနင်္ဂနွေနေ့ ဗုဒ္ဓဘာသာဝင်၊တော်တော်များများလေ့လာသိရှိမှုအားအလွန်နဲပါသည်၊ ကိုလင်းကိုပြောပြချက်အရ၊ ဆိုဒ်မှမိုးညို အလှူပွဲလုပ်ရာတွင် ကလေးများကိုဗုဒ္ဓ၏ မွေးနေ့ကိုမေးရာကလေးများကော လူကြီးများပါမဖြေနိင်ကြပါ၊ ထို့အတွက်ကြောင့် ဒီပို့စ်လေးကိုမျှဝေလိုက်ရခြင်းဖြစ်ပါသည်၊ ဓမ္မမိတ်ဆွေများလဲ၊ထပ်ဆင့်မျှဝေခြင်းဖြင့် ကုသိုလ်ယူကြပါရန်တိုက်တွန်းနိးဆော်လိုက်ရပါသည်။ (ဗုဒ္ဓစာပေများမှဖတ်ရှုထုတ်နှုတ်တင်ပြသည်) မူကြိုဆရာ at 12:00 PM
    ဓမ္မနဒီblog

Thursday, November 27, 2014

အပါယ်လားစေတတ်သောဒါန ၁၀မျိုး

အလှူဒါန(၁၀)ပါး ====================== ၁။ သမဇ္ဇဒါန- ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ ) ၂။ မဇ္ဇဒါန- သေရည်သေရက်အလှူ ၃။ ဣတ္ထိဒါန- မိန်းမအလှူ ၄။ ဥသဘဒါန- နွားလား၊ မြင်းလား အလှူ ၅။ စိတ္တကမ္မဒါန- ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ ၆။ သတ္ထဒါန- လက်နက် ခဲယမ်းမီးကျောက် အလှူ ၇။ ၀ိသဒါန- အဆိပ်အလှူ ၈။ သင်္ခလိကဒါန- လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ ၉။ ကုက္ကုရ သူကရ ဒါန- ကြက် ၀က် သားကောင်အလှူ ၁၀။ တုလာကူဋ မာနကူဋ- ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူတို့ဖြစ်ပါတယ်။ ၁။ သမဇ္ဇဒါနလို့ခေါ်တဲ့ ကချေအလှူ (အငြိမ့်ဇာတ်ပွဲအလှူ)ကတော့ ယခုခေတ် ရှင်ပြု ရဟန်းခံ ပွဲတွေမှာ များစွာမှတွေ့ရပါတယ်။ ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေထည့်သွင်းပြီး ကျင်းပကြ ပါတယ်။ ရင်နှီးသူအချင်းချင်းလည်း “သူငယ်ချင်း’’ မင်းရဲ့ ရှင်ပြု ရဟန်းခံ ပွဲမှာ ငါလည်း ကု သိုလ်ဖြစ်စေဖို့ ဇာတ်ပွဲလေး ဆိုင်းလေးတော့ထည့်ဝင်လှူဒါန်းပါရစေဆိုပြီး” အပြစ်ကင်းတဲ့ အလှူဟု ထင်မှတ်ပြီး အပြစ်မကင်းသော အပ္ပါယ်လေးပါးရောက်စေတတ်သော မကောင်းေ သာ အလှူကိုပေးလှူတတ်ကြပါတယ်။ အဲဒီအလှူဒါနသည် ကုသိုလ်မရသည့်အပြင် အပါယ်လေးပါးကိုရောက်စေတတ်ပါသေြာေ ကာင့် အားလုံးသော ဒကာ ဒကာမ များ ထိုထိုသော အလှူကိုမပေးလှူမိဖို့ သတိပေးလိုပါတ ယ်။ ၂။ သေရည်သေရည် (ဘီယာ ထန်းရည် ဆေးခြောက်)လို့ခေါ်တဲ့ မဇ္ဇဒါနပါ။ အဲဒီအလှူကို လည်း ယခုခေတ်မှာ အများကြီးတွေ့ရတတ်ပါတယ်။ မိမိရဲ့မွေးနေ့မှာသော်လည်းကောင်း၊ အလုပ်အကိုင်အဆင်ပြေလို့ သော်လည်းကောင်း သူငယ်ချင်း မိတ်ဆွေ များကို ဖိတ်ပြီး သေ ရည် သေရက် ဘီယာစသည့်ဖြင့် ပေါ့လေ၊ ပြုလုပ်ကောင်း လှူဒါန်းကောင်း အပြစ်ကင်းသ ည်ဟုထင်မှတ်ပြီး ဒါနပြု ကျွေးမွေးတဲ့အလှူဒါနကိုပြောလိုတာပါ။ တကယ်တော့ အဲဒီဒါနဟာလည်း အပြစ်မကင်းတဲ့ဒါန၊ ကုသိုလ်မရတဲ့ ဒါန၊ အကုသိုလ်ဖြစ် တဲ့ဒါန၊ အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနပါ။ ဒါကြောင့်ထိုထိုသောဒါနကိုလည်း အား လုံးသော ဒကာ ဒကာမများမပေးလှူမိဖို့ သတိပေးလိုပါတယ်။ ၃။ ဣတ္ထိဒါန ဆိုတာ မရိုသေစကား ယခုခေတ်အတိုင်းတာနဲ့ပြောရမယ်ဆိုရင် မိမိ၏ မိတ်ေ ဆွ သူငယ်ချင်း ညီအစ်ကိုများ ကာမဂုဏ်ပျော်ပါးစေဖို့အတွက် မိမိက အခကြေးငွေအကုန် ကျခံပြီး ငှားရမ်းပေးတဲ့ ပြည့်တန်ဆာအလှူဒါနကိုပြောလိုခြင်းဖြစ်ပါတယ်။ အဲဒီလို အခြေ ကးငွေအကုန်ကျခံပြီးလုပ်လိုက်တဲ့ အလှူဟာလည်း အပြစ်မကင်း ကုသိုလ်မရ အပ္ပါယ်လေး ပါးရောက်စေတတ်တဲ့ဒါနဖြစ်လို့ ထိုထိုသော အလှူဒါနမျိုးကို မပေးလှူမိဖို့ သတိပေးလိုပါတ ယ်။ ၄။ နံပါတ်(၄)ကတော့ နွားတို့မှာ ဦးဆောင်နွားလား ..မြင်းတို့မှာလည်း ဦးဆောင်မြင်းလားတို့ကို ပေးလှူတဲ့အလှူဒါနပါ။ ယခုခေတ်မှာအနည်းငယ်ရှားပါးပါတယ်။ ၅။ စိတ္တကမ္မဒါန-ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူဆိုတာက မိမိမိတ်ဆွေ အပေါင်းသင်းနဲ့ ဘုန်းတော်ကြီးကျောင်းများသို့ ကာမဂုဏ်စိတ် ကာမရာဂစိတ်တွေဖြစ်ပေါ် စေတတ်သော အမျိုးသမီးဓာတ်ပုံများ၊ ပြက္ခဒိန်များ၊ ပန်းချီရုပ်များကိုပေးလှူတဲ့အလှူဒါနကိုဆို လိုခြင်းဖြစ်ပါတယ်။ ထိုထိုအလှူသည်လည်း အပြစ်မကင်းသော ကုသိုလ်မရသော အပါယ်ေ လးပါးရောက်စေတတ်သော အလှူဒါနဖြစ်သည့်အတွက် ထိုအလှူဒါနကိုလည်း မပေးလှူမိဖို့ သတိပေးလိုပါတယ်။ ၆။ သတ္ထဒါန-လက်နက် ခဲယမ်းမီးကျောက် အလှူ ဆိုတာက လူတစ်ဦးတစ်ယောက် ဒါမှမဟု တ် အုပ်စုတစ်စု ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့စသည်ဖြင့်ပေါ့လေ၊ သတ်ဖြတ်ဖို့အတွက် သေစေ နိုင်သော လက်နက်များကို အခမဲ့ လုပ်ပေးခြင်း ပေးလှူခြင်း အလှူဒါနကိုပြောခြင်းဖြစ်ပါတ ယ်။ ၇။ ၀ိသဒါန- အဆိပ်အလှူ ဆိုတာက တစ်ဦးတစ်ယောက် ကိုသေစေလိုသောစေတနာဖြင့် သေစေနိုင်သော အဆိပ် ဆေးများကိုပေးလှူတဲ့ဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။ ၈။ သင်္ခလိကဒါန- လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ ဆိုတာက တစ်ဦးတစ်ယောက် ကိုချုပ်နှောင်ဖို့၊ ဒုက္ခဖြစ်စေဖို့၊ ဆင်းရဲစေဖို့အတွက် လှူဒါန်းတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါ တယ်။ ၉။ ကုက္ကုရ သူကရ ဒါန- ကြက် ၀က် သားကောင်အလှူဆိုတာက သူတစ်ပါးအား အသက်ရှ င်လျက်ရှိသော ကြက် ဝက် များကို ကိုယ်တိုင်သတ်ပြီးတော့ဖြစ်စေ သူတစ်ပါးအားသတ်စေ ၍ဖြစ်စေ ချက်ပြုတ်စားသောက်ရန်အလို့ငှာ လှူဒါန်းတဲ့အလှူဒါနမျိုးဖြစ်ပါတယ်။ ၁၀။ တုလာကူဋ မာနကူဋ- ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူဆိုတာက ရောင်းတဲ့(အလေး)တ စ်မျိုး၊ ဝယ်တဲ့(အလေး)ကတစ်မျိုး၊ (ချိန်ခွင်နဲ့ဈေးရောင်းသူ)၊ ထို့အပြင် ရောင်းတဲ့(ပြည်တော င်း)ကတစ်မျိုး၊ ဝယ်တဲ့(ပြည်တောင်း)ကတစ်မျိုး(ဆန်ရောင်းသူများ) ဖြစ်စေဖို့အတွက် အေ လးချိန်ခွင် ပြည်တောင်းများကိုထုတ်လုပ်ရောင်းချခြင်း၊ ဒါမှမဟုတ် ပေးလှူခြင်း စတဲ့အလှူဒါ နမျိုးကိုဆိုလိုပါတယ်။ ယခုဖော်ပြပြီးတဲ့ မပေးလှူကောင်းသော အပြစ်မကင်းသော အပါယ်လေးပါးကိုရောက်စေ တတ်သော အလှူဒါနများကို အပြစ်ကင်းသော ကုသိုလ်ရသောအလှူဒါနဟုထင်မှတ်ပြီး ပြု လုပ်ခဲ့မိရင်လည်း နောင်တတွေ စိတ်မချမ်းသာမှုတွေ မဖြစ်ကြပဲ နောင်တစ်ကြိမ်မပေးလှူမိ အောင် မပြုလုပ်မိအောင် ဆင်ခြင်ကြစေဖို့ အထူးသတိပေးလိုပါတယ်။ ထိုထိုသို့သော အလှူများက ကုသိုလ်မရသည့်အပြင် အပါယ်လေးပါးကိုရောက်စေတတ်တာ ကြောင့် အားလုံးသော ဒကာ ဒကာမ များ အထူးရှောင်ကြဉ်ပြီး အပြစ်ကင်းသော ကုသိုလ်ြ ဖစ်သော ဒါနကောင်းမှု များစွာကို အားထုတ်ကြပြီး သီလ ဘာဝနာ ဝိပဿနာများကိုပါ အချိန် ရသလောက်စောင့်ထိန်း ပွားများနိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အသက်ထက်ဆုံး သာသနာပြုနိုင်သော ပုဂ္ဂိုလ်များဖြစ်ပါစေလို့ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။ အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်) (from ONE Browser)

ပါရမီဆယ်ပါး ဘုရားရှိခိုး

၁/  ယောဗုဒ္ဓေါ အကြင်မြတ်စွာဘုရားသည် သသဇာတိယံ ယုန်မင်းအစစ်ဖြစ်တော်သောအခါ၌ ဒေဟံ ကိုယ်တော်မြတ်ကို သဇ္ဇိယ မိမိအသက်မငဲ့ကွက်ဘဲ စွန့် လျှက်လှူဒါန်း ၍ ဒါနဝရံ မြတ်သောပရမတ္ထဒါနပါရမီကို ပူရေသိ ဖြည့်တော်မူလေပြီ ဧတံဗုဒ္ဓံ ထိုမြတ်စွာဘုရားကို အဟံ တပည့်တော်သည် ဝန္ဒေဝန္ဒာမိ ရိုသေစွာရှိခိုးပါ၏ဘုရား တေန ထိုသို့ ရှိခိုး ရသော ကုသိုလ်စေတနာကြောင့် အဟံပိ ဘုရားတပည့်တော်သည်လည်း ဒါနဝရံ မြတ်သောပရမတ္ထဒါနပါရမီကို ပူရေန္တော ဖြည့်ခြင်းငှါစွမ်းနိုင်သော ပုရိသုတ္တမော ယောက်ကျားမြတ်သည် ဘဝေယျံ ဖြစ်ရပါလို၏အရှင်ဘုရား။ ။
၂/  ယောဗုဒ္ဓေါ အကြင်မြတ်စွာဘုရားသည် စမ္ပေယျနာဂေါ စမ္ပေယျ နဂါးမင်းသည် ဟုတွာ ဖြစ်တော်မူ၍ သီလဝရံ မြတ်သောပရမတ္ထသီလပါရမီကို ပူရေသိ ဖြည့်တော်မူလေပြီ ဧတံဗုဒ္ဓံ ထိုမြတ်စွာဘုရားကို ဝန္ဒေဝန္ဒာမိ ရိုသေစွာရှိခိုးပါ၏ တေန ထိုသို့ ရှိခိုးရသော ကုသိုလ်စေတနာကြောင့် အဟံပိ ဘုရားတပည့်တော်သည်လည်း သီလဝရံ မြတ်သောပရမတ္ထသီလပါရမီကို ပူရေန္တော ဖြည့်ခြင်းငှါစွမ်းနိုင်သော ပုရိသုတ္တမော ယောက်ကျားမြတ်သည် ဘဝေယျံ ဖြစ်ရပါလို၏အရှင်ဘုရား။ ။
၃/  ယောဗုဒ္ဓေါ အကြင်မြတ်စွာဘုရားသည် ရာဇာသုတသောမော စူဠသုတသောမမင်းသည် ဟုတွာ ဖြစ်တော်မူ၍ နေက္ခမဝရံ နေက္ခမပါရမီကို ဝါ စွန့် လွတ်စွန့် စား မြတ်သောတောထွက်တော်မူခြင်းကို ပူရေသိ ဖြည့်တော်မူလေပြီ ဧတံဗုဒ္ဓံ ထိုမြတ်စွာဘုရားကို အဟံ ဘုရားတပည့်တော်သည် ဝန္ဒေဝန္ဒာမိ ရိုသေစွာရှိခိုးပါ၏ တေန ထိုသို့ ရှိခိုးရသောကုသိုလ်စေတနာကြောင့် အဟံပိ ဘုရားတပည့်တော်သည်လည်း နေက္ခမဝရံ မြတ်သောတောထွက်ခြင်းနေက္ခမပါရမီကို ပူရေန္တော ဖြည့်ခြင်းငှါစွမ်းနိုင်သော ပုရိသုတ္တမော ယောက်ကျားမြတ်သည် ဘဝေယျံ ဖြစ်ရပါလို၏ အရှင်ဘုရား။ ။
၎/ ယောဗုဒ္ဓေါ အကြင်မြတ်စွာဘုရားသည် သေနကဝိန္ဒော သေနကပညာရှိအမတ်သည် ဟုတွာ ဖြစ်တော်မူ၍ ပညာဝရံ မြတ်သောပရမတ္ထပညာပါရမီကို ပူရေသိ ဖြည့်တော်မူလေပြီ ဧတံဗုဒ္ဓံ ထိုမြတ်စွာဘုရားကို အဟံ တပည်တော်သည် ဝန္ဒေဝန္ဒာမိ ရိုသေစွာရှိခိုးပါ၏ တေန ထိုသို့ ရှိခိုးရသော ကုသိုလ်စေတနာကြောင့် အဟံပိ ဘုရားတပည့်တော်သည်လည်း ပညာဝရံ မြတ်သောပရမတ္ထပညာပါရမီကို ပူရေန္တော ဖြည့်ခြင်းငှါစွမ်းနိုင်သော ပုရိသုတ္တမော ယောက်ကျားမြတ်သည် ဘဝေယျံ ဖြစ်ရပါလို၏အရှင်ဘုရား။ ။
၅/  ယောဗုဒ္ဓေါ အကြင်မြတ်စွာဘုရားသည် ဝိဒေဟိန္ဒော ဝိဒေဟရဇ်တိုင်းကိုအစိုးရတော်မူသော မဟာဇနကော မဟာဇနကမင်းသည် ဟုတွာ ဖြစ်တော်မူ၍ ဝီရိယဝရံ မြတ်သောပရမတ္ထဝီရိယပါရမီကို ပူရေသိ ဖြည့်တော်မူလေပြီ ဧတံဗုဒ္ဓံ ထိုမြတ်စွာဘုရားကို အဟံ တပည့်တော်သည် ဝန္ဒေဝန္ဒာမိ ရိုသေစွာရှိခိုးပါ၏ တေန ထိုသို့ ရှိခိုးရသောကုသိုလ်စေတနာကြောင့် အဟံပိ ဘုရားတပည့်တော်သည်လည်း ဝီရိယဝရံ မြတ်သောပရမတ္ထဝီရိယပါရမီကို ပူရေန္တော ဖြည့်ခြင်းငှါစွမ်းနိုင်သော ပုရိသုတ္တမော ယောက်ကျားမြတ်သည် ဘဝေယျံ ဖြစ်ရပါလို၏အရှင်ဘုရား ။ ။
၆/ ယောဗုဒ္ဓေါ အကြင်မြတ်စွာဘုရားသည် ခန္တီဝါဒီ ခန္တီဝါဒီရသေ့သည် ဟုတွာ ဖြစ်တော်မူ၍ ခန္တီဝရံ မြတ်သောပရမတ္ထသည်းခံခြင်းပါရမီကို ပူရေသိ ဖြည့်တော်မူလေပြီ ဧတံဗုဒ္ဓံ ထိုမြတ်စွာဘုရားကို အဟံတပည့်တော်သည် ဝန္ဒေဝန္ဒာမိ ရိုသေစွာရှိခိုးပါ၏ တေန ထိုသို့ ရှိခိုးရသောကုသိုလ်စေတနာကြောင့်
အဟံပိ ဘုရားတပည့်တော်သည်လည်း ခန္တီဝရံ မြတ်သောပရမတ္ထခန္တီပါမီကို ပူရေန္တော ဖြည့်ခြင်းငှါစွမ်းနိုင်သော ပုရိသုတ္တမော ယောက်ကျားမြတ်သည် ဘဝေယျံ ဖြစ်ရပါလို၏ အရှင်ဘုရား။ ။
၇/ ယောဗုဒ္ဓေါ အကြင်မြတ်စွာဘုရားသည် သုတသောမော မဟာသုတသောမမင်းသည် ဟုတွာဖြစ်တော်မူ၍ သစ္စာဝရံ မြတ်သောပရမတ္ထသစ္စာပါရမီကို ပူရေသိ ဖြည့်တော်မူလေပြီ ဧတံဗုဒ္ဓံ ထိုမြတ်စွာဘုရားကို အဟံ တပည့်တော်သည် ဝန္ဒေဝန္ဒာမိ ရိုသေစွာရှိခိုးပါ၏ တေန ထိုသို့ ရှိခိုးရသောကုသိုလ်စေတနာကြောင့် အဟံပိ ဘုရားတပည့်တော်သည်လည်း သစ္စာဝရံ မြတ်သောပရမတ္ထသစ္စာပါရမီကို ပူရေန္တော ဖြည့်ခြင်းငှါစွမ်းနိုင်သော ပုရိသုတ္တမော ယောက်ကျားမြတ်သည် ဘဝေယျံ ဖြစ်ရပါလို၏ အရှက်ဘုရား။ ။
၈/ ယောဗုဒ္ဓေါ အကြင်မြတ်စွာဘုရာသည် တေမိယော တေမိယမင်းသည် ဟုတွာ ဖြစ်တော်မူ၍ အဓိဋ္ဌာနဝရံ မြတ်သောပရမတ္ထအဓိဋ္ဌာန်ပါရမီကို ပူရေသိ ဖြည့်တော်မူလေပြီ ဧတံဗုဒ္ဓံ ထိုမြတ်စွာဘုရားကို အဟံ တပည့်တော်သည် ဝန္ဒေဝန္ဒာမိ ရိုသေစွာရှိခိုးပါ၏ တေန ထိုသို့ ရှိခိုးရသောကုသိုလ်စေတနာကြောင့် အဟံပိ ဘုရားတပည့်တော်သည်လည်း အဓိဋ္ဌာနဝရံ မြတ်သောပရမတ္ထအဓိဋ္ဌာန်ပါရမီကို ပူရေန္တော ဖြည့်ခြင်းငှါစွမ်းနိုင်သော ပုရိသုတ္တမော ယောက်ကျားမြတ်သည် ဘဝေယျံ ဖြစ်ရပါလို၏အရှင်ဘုရား။ ။
၉/ ယောဗုဒ္ဓေါ အကြင်မြတ်စွာဘုရားသည်
ဧကရာဇာ ဧကရဇ်မင်းသည် ဟုတွာ ဖြစ်တော်မူ၍ မေတ္တာဝရံ မြတ်သောပရမတ္ထမေတ္တာပါရမီကို ပူရေသိ ဖြည့်တော်မူလေပြီ ဧတံဗုဒ္ဓံ ထိုမြတ်စွာဘုရားကို အဟံ တပည့်တော်သည် ဝန္ဒေဝန္ဒာမိ ရိုသေစွာရှိခိုးပါ၏ တေန ထိုသို့ ရှိခိုးရသော ကုသိုလ်စေတနာကြောင့် အဟံပိ ဘုရားတပည့်တော်သည်လည်း မေတ္တာဝရံ မြတ်သောပရမတ္ထမေတ္တာပါရမီ ကို ပူရေန္တော ဖြည့်ခြင်းငှါစွမ်းနိုင်သော ပုရသုတ္တမော ယောက်ကျားမြတ်သည် ဘဝေယျံ ဖြစ်ရပါလို၏ အရှင်ဘုရား။ ။
၁၀/ယောဗုဒ္ဓေါ အကြင်မြတ်စွာဘုရားသည် လောမသကဿပေါ လောမသကဿပမင်းသည် ဟုတွာ ဖြစ်တော်မူ၍ ဥပေက္ခာဝရံ မြတ်သောပရမတ္ထဥပေက္ခာပါရမီကို ပူရေသိ ဖြည့်တော်မူလေပြီ ဧတံဗုဒ္ဓံ ထိုမြတ်စွာဘုရားကို အဟံ တပည့်တော်သည် ဝန္ဒေဝန္ဒာမိ ရိုသေစွာရှိခိုးပါ၏ တေန ထိုသို့ ရှိခိုးရသော ကုသိုလ်စေတနာကြောင့် အဟံပိ ဘုရားတပည့်တော်သည်လည်း ဥပေက္ခာဝရံ မြတ်သောပရမတ္ထဥက္ခေပါရမီကို ပူရေန္တော ဖြည့်ခြင်းငှါစွမ်းနိုင်သော ပုရိသုတ္တမော ယောက်ကျားမြတ်သည် ဘဝေယျံ ဖြစ်ရပါလို၏အရှင်ဘုရား။ ။

Tuesday, November 25, 2014

ကြား ခိုလိုက်ပါ

အရည ဂတော ဝါ - တောအရပ်သို့ ကပ်၍သော်လည်းကောင်း၊ ရုက္ခမူလ ဂတော ဝါ - သစ်ပင်ရင်းသို့ ကပ်၍သော်လည်းကောင်း၊ သုညာဂါရ ဂတော ဝါ - ဆိတ်ငြိမ်ရာအရပ်သို့ ကပ်၍သော်လည်းကောင်း- ဆိုပြီး တရားအားထုတ်ရန် နေရာတွေကို ဗုဒ္ဓမြတ်စွာက ညွှန်ပြခဲ့ပါတယ်။ သက်တမ်းကတို၊ အချိန်ကနည်း၊ လုပ်စရာတာဝန် ဝတ္တရားတွေကများ၊ စွဲမက်စရာ အာရုံတွေကပြည့် - ဒီကြားတွေထဲမှာ ညပ်နေရတဲ့ ယနေ့ခေတ် လူတွေအဖို့ ဘယ်လိုနည်းနဲ့များ တောအရပ်ကို ကပ်နိုင်ပါ့မလဲ၊ သစ်ပင်ရင်းကို ကပ်နိုင်ပါ့မလဲ၊ ဒါ့အပြင် လှုပ်လှုပ်ရှားရှား ဆူဆူညံညံတွေ ပေါများလာရာမှာ ဆိတ်ငြိမ်ရာအရပ်တွေကလည်း တစ်နေ့တခြား ရှားပါးလာပါတယ်။ ဒီလိုဆိုရင် တရားအားထုတ်စရာ နေရာမရှိ၊ အချိန်မရှိလို့ အားမထုတ်ရတော့ဘူးလား။ တရားမရကြတော့ဘူးလား။ ဒီလို မဟုတ်ပါဘူး။ တရားအားထုတ်တယ်ဆိုတာ ဘာဝနာအလုပ်ပါ။ ဘာဝနာဆိုတာ ကိုယ်၊ နှုတ်နဲ့ ပွါးရတာမျိုး မဟုတ်ပါဘူး။ စိတ်နဲ့ပွါးရတဲ့ မနောကံအလုပ်ပါ။ စိတ်ဖြစ်ဖို့ အချိန်လည်း မလို၊ နေရာလည်း မလိုပါဘူး။ ဒါဆိုရင် ဘာ့ကြောင့် အရညဂတောဝါ စသဖြင့် တရားအားထုတ်ဖို့ နေရာတွေကို (မရှိမဖြစ် လိုအပ်တာ မဟုတ်ပါဘဲနဲ့) ဗုဒ္ဓက ညွှန်ပြခဲ့ရတာပါလဲ။ အာရုံတွေရဲ့ လွှမ်းမိုးမှုကို မတော်လှန်နိုင်သူတွေအတွက် ညွှန်ပြခဲ့တာပါ။ ပင်ကိုယ်အားဖြင့်ကိုက နှစ်သက်စရာ အာရုံတွေ၊ ခေတ်နဲ့အညီ မကြိုက်ကြိုက်အောင် ဖန်တီးထားတဲ့ နှစ်သက်စရာ အာရုံတွေ.. ဒီလို အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ အာရုံတွေကနေ ဝေးဝေးနေနိုင်စေဖို့၊ ရှောင်နိုင်စေဖို့ (အာရတီဖြစ်စေဖို့) ညွှန်ပြခြင်းသာ ဖြစ်ပါတယ်။ စိတ်ကို အာရုံအလို မလိုက်စေဘဲ၊ အာရုံကိုသာ စိတ်အလိုလိုက်နေစေနိုင်ရင် ဘယ်အချိန်၊ ဘာနေရာမှ မလိုတော့ပါဘူး။ တစ်စုံတစ်ခုကို လိုချင်ရင် တစ်စုံတစ်ခုကို ပေးဆပ်ရမြဲ ဖြစ်ပါတယ်။ ဘယ်ဥစ္စာမှ အလကားမရပါဘူး။ မိမိတို့ ဘ၀မှာ အများဆုံး ပေးဆပ်လိုက်ရတာက အချိန်တွေပါ။ မွေးကတည်းက ပေးဆပ်လာခဲ့လိုက်ရတာ။ ပေးရဖန်များလွန်းလို့ လက်ကျန်အချိန်ဆိုတာတောင် မရှိတော့သလောက်ပါပဲ။ သီးသန့်အချိန်မရှိတော့မှတော့ ကြားဖြတ်အချိန်ယူရုံပဲ ရှိပါတော့တယ်။ ဒီတော့ ဘယ်လို ကြားဖြတ်ကြမလဲ။ မိမိတို့ နေ့စဉ်ပြုနေကြ အလုပ်ချိန်တွေထဲမှာ ကုသိုလ်စိတ်ကလေး ကြားခိုလိုက်ရုံပါပဲ။ ချက်ရင်း ပြုတ်ရင်း၊ လျှော်ရင်း ဖွပ်ရင်း၊ သွားရင်း လာရင်း၊ တွက်ရင်း ချက်ရင်း၊ လုပ်ရင်း ကိုင်ရင်း၊ ပြေးရင်း လွှားရင်း၊ မောင်းရင်း နှင်ရင်း၊ ပြောရင်း ဆိုရင်း.... အနည်းဆုံး အကျိုးစီးပွားကို လိုလားတဲ့ မေတ္တာစိတ်ကလေး ကြားခိုနိုင်ပါတယ်။ ဂုဏ်တော်တွေ ပွားများတဲ့ စိတ်ကလေး ကြားခိုနိုင်ပါတယ်။ လုပ်လိုက်သမျှကို လိုက်လိုက်သိနေတဲ့၊ မမြဲတဲ့ သဘောကို သိသိပေးနေတဲ့ ဝိပဿနာ စိတ်ကလေး ကြားခိုနိုင်ပါတယ်။ ဒီလို ဝိပဿနာ စိတ်ကလေး ကြားခိုလိုက်တဲ့အတွက်ကြောင့် တရားထူးရပြီး သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အရိယာ ဖြစ်သွားသူတွေ မနည်းလှပါဘူး။ ဆီမီးထွန်းရင်း၊ ခြေဆေးရင်း၊ ထမင်းချက်ရင်း၊ ဟင်းရွက်ကြော်ရင်း၊ နွားကျောင်းရင်း၊ သင်္ဘောစီးရင်း… စသဖြင့် ကိုယ့်အလုပ် ကိုယ်လုပ်ကြရင်း အရိယာဖြစ်သွားသူတွေ မရေမတွက်နိုင် များစွာပါ။ ဗုဒ္ဓလက်ထက်တော်အခါက သာဝတ္ထိပြည်မှာ လူဦးရေ (၇)ကုဋေရှိတဲ့အထဲမှာ (၅) ကုဋေက အရိယာတွေပါ။ ဒီပုဂ္ဂိုလ်တွေဟာ အိမ်ယာတည်ထောင် လူ့ဘောင်မှာနေပြီး မိမိအလုပ် မိမိလုပ်ရင်းက အရိယာဖြစ်အောင် ကုသိုလ် ကြားခိုနိုင်ခဲ့ကြသူတွေပါ။ သာသနာမှာ အလွန်ထင်ရှားတဲ့ အနာထပိဏ်၊ ဝိသာခါတို့ဆိုတာလည်း ကိုယ့်စီးပွားကိုယ်လုပ်နေကြတဲ့၊ အောင်မြင်စွာ ကြားခိုနိုင်ခဲ့ကြတဲ့ စီးပွားရေးလုပ်ငန်းရှင် ကုန်သည်အရိယာကြီးတွေပါ။ ဒါ့ကြောင့် မိမိတို့အနေနဲ့ တရားအားထုတ်ဖို့ အချိန်နည်းလို့၊ ရိပ်သာမှာ စခန်းသွားမ၀င်နိုင်လို့ စိတ်မဆင်းရဲပါနဲ့။ အားထုတ်ချင်စိတ် ရှိဖို့ပဲ အရေးကြီးပါတယ်။ အလုပ်တိုင်းမှာ အချိန်တိုင်း သတိမကပ်နိုင်တောင် (အကုသိုလ်လုပ်နေရင်တောင်မှ) သတိရလိုက်တဲ့အချိန် ကုသိုလ်စိတ်ကလေး ကြားဖြတ်ဝင်တတ်အောင် ကြိုးစားကြည့်ပါ။ အခု သတိရရင် အခု ကုသိုလ်စိတ်လေး ကြားခိုလိုက်ပါ။ ကြားခိုထားတဲ့ ကုသိုလ်လေးတွေ များများလာရင် ကုသိုလ်အစုအပုံကြီး ဖြစ်လာပါမယ်။ ကုသိုလ်အစုအပုံကြီးက ပေးလာတဲ့အကျိုးဖြစ်မှတော့ သံသရာမှာ ထောက်ရာရပြီပေါ့။ အဲ... တစ်ခုတော့ သတိပေးလိုက်ပါရစေ။ ရှားရှားပါးပါး ကုသိုလ်ပြုနေချိန်မှာတော့ အကုသိုလ် ကြားခိုမလာစေဖို့ အရေးကြီးပါတယ်။ အကုသိုလ်ဆိုတာမျိုးက သိပ်လျင်ပါတယ်။ ၀င်ဖို့လည်း အမြဲချောင်းနေပါတယ်။ အထူးအားထုတ်စရာလည်း မလိုပါဘူး။ အမြဲတမ်းလိုလို ရောက်မှန်းမသိ ရောက်နေတတ်ပါတယ်။ သတိအစောင့် လစ်ရင်လစ်သလို နေရာယူထားတတ်ပါတယ်။ ဒါ့ကြောင့် အကုသိုလ်ကို မျက်ခြေမပြတ် စောင့်ကြည့်ရင်း ကုသိုလ်ကိုပဲ ကြားခိုခွင့်ပေးလိုက်ပါ...။ ကြားခိုတတ်အောင် ကြိုးစားလိုက်ပါ.....။ Dhamma Yanant at 9:27 AM

ပေးဆပ်သူများ

မိဘ၊ ဆရာသမား စတဲ့ အနန္တော အနန္တ ကျေးဇူးရှင်များအပေါ် တချို့ တချို့ရဲ့ ခံယူချက်ကလေးတွေ နည်းနည်း လွဲနေသလားလို့ပါ။ မိဘဆရာသမားတို့ ပစ္စည်းဥစ္စာ ပြည့်စုံနေလို့၊ သူတို့က မပြည့်စုံလည်း သူတို့ကို ထောက်ပံ့ကူညီနေသူတွေရှိနေလို့၊ ပြုစုမယ့်သူတွေ ဝိုင်းဝိုင်းလည်နေလို့ ကိုယ်ကလှည့်မကြည့်မိတာမျိုး။ အဲဒါလေးတွေပါ..။ မိမိကို ပေးထားကြသူတွေကို မိမိက ပြန်မဆပ်မိသေးတာမျိုးပါ။ တချို့က ငွေအား မတတ်နိုင်လို့၊ တချို့က လူအား မတတ်နိုင်လို့။ အဲဒီလို “မတတ်နိုင်လို့” ဆိုတဲ့ အကြောင်းပြချက် ပေးတဲ့သူတွေလည်း ရှိပါတယ်။ သေချာစဉ်းစားကြည့်ရင် ကိုယ်တတ်နိုင်တာ တစ်ခုခုတော့ ရှိမှာပါ။ ငွေကြေးပစ္စည်း မထောက်ပံ့နိုင်ရင် လူကိုယ်တိုင်သွားပြီး ပြုစုတာမျိုး။ လူကလည်း မအားရင် ဖုန်းဆက်တာမျိုး၊ စာရေးတာမျိုး၊ စကားကြုံပါးတာမျိုး စသဖြင့်... ကြံဖန်ပြီး ဂရုစိုက်မယ်ဆိုရင် အများကြီးပါ။ မိဘဆရာသမားတွေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ မကျန်းမာသည်ဖြစ်စေ ကြီးငယ်မဟူ သူတို့မှာလည်း လိုအပ်ချက်တွေ၊ လိုလားချက်တွေဆိုတာ ရှိနေမှာပါ။ မရှိဘူးပဲထားဦးတော့။ ကိုယ့်သားသမီး၊ တပည့်တွေကို တွေ့ရမြင်ရရင်၊ သတင်းလေးတွေ ကြားနေရရင် ဝမ်းသာနေကြတာ အမှန်ပါပဲ။ မိဘဆရာသမားတွေအနေနဲ့ သားသမီးတပည့်တွေကို လူတစ်လုံး သူတစ်လုံးဖြစ်အောင် ကျွေးမွေးထောက်ပံ့ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြတာဟာ တစ်ချိန်မှာ ဘာတွေပြန်ယူမယ်ဆိုတဲ့ ရလိုမှု အကြွေးသဘောမျိုး လုံးဝမရှိပါဘူး။ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာရံတဲ့ မေတ္တာစိတ် သန့်သန့်လေးနဲ့ ပေးခဲ့ကြတာပါ။ သားသမီးတပည့်တွေ ဒုက္ခကြုံတဲ့အခါ ကိုယ်တိုင်ကြုံတွေ့ရသလို မှတ်ယူခံစားပြီး လွတ်ရာလွတ်ကြောင်း ရှာဖွေပေးတာ၊ ချမ်းသာနေတဲ့အခါမှာလည်း မုဒိတာအပြည့်နဲ့ ရလိုမှုမပါ ၀မ်းမြောက်ပေးတာ၊ အပြစ် ချို့ယွင်းချက်တွေရှိရင်လည်း နားလည်ခွင့်လွှတ်ပေးတတ်တာ။ ဒါတွေနဲ့ ပြည့်စုံတာကိုက မိဘဆရာသမားတို့ရဲ့ မေတ္တာစစ်ပါ။ ဒီလို လိုအပ်တဲ့ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတွေ ရံထားတဲ့ မေတ္တာမျိုးကိုသာ မေတ္တာစစ်လို့ ခေါ်နိုင်ပါမယ်။ ဒီလိုမှ မရံနိုင်ရင်တော့ ပါးစပ်က မေတ္တာတွေ ဘယ်လောက်ကြီးပဲ အော်ပြီးပို့နေပါစေ၊ အတုကြီးပဲ ဖြစ်နေပါလိမ့်မယ်။ မိဘဆရာသမားတို့ရဲ့ မေတ္တာဟာ သိပ်ကို အစွမ်းထက်ပါတယ်။ လိပ်မကြီးဟာ အဝေးကနေ မေတ္တာဓာတ်တွေ လွှတ်ပေးရုံနဲ့ လိပ်ကလေးတွေ ပေါက်လာပြီး လိပ်မကြီးသေသွားရင် လိပ်ဥလေးတွေဟာ အကောင်မပေါက်တော့ဘူးဆိုတာ ကြားဖူးကြမှာပါ။ တိရစ္ဆာန်မိခင်ရဲ့ မေတ္တာတောင် ဒီလောက်စွမ်းအားကြီးရင် မိမိတို့ရဲ့ မိဘဆရာသမားတွေရဲ့ မေတ္တာဟာ ဘယ်လောက် တန်ခိုးကြီးလိုက်မလဲ။ သားသမီးတို့ကို မြင်ရ၊ သတင်းတွေကို ကြားရတဲ့အချိန်မှာ သာမန်အချိန်တွေမှာ ထားတဲ့မေတ္တာထက် ပိုပြီး မေတ္တာပွါးမိကြမှာ အမှန်ပါပဲ။ လွှင့်တဲ့သူက လွှင့်ပေးပေမယ့် ခံတဲ့သူဘက်ကလည်း မိအောင်ဖမ်းတတ်ဖို့ အရေးကြီးလှပါတယ်။ မိဘဆရာသမားတွေရဲ့ မေတ္တာဟာ လောဘ၊ ဒေါသ၊ မာန အရောင်မခြယ် ကြည်လင်သန့်ရှင်းလွန်းလို့ တချို့များဆို ထူးပြီးတော့တောင် မမြင်တတ်ကြပါဘူး။ သူတို့မွေးထားတာပဲ ကျွေးပေါ့၊ သူတို့ လခယူထားတာပဲ သင်ပေါ့ ဆိုပြီး ပေါ့ပေါ့လေး တွေးမိကြပါတယ်။ သတိထားရမှာက ဖန်ဂူကို ရှိမှန်းမသိ တအားခုန်အုပ်လို့ သေကြေဒုက္ခရောက်ရတဲ့ ခြင်္သေ့ကို သင်ခန်းစာယူဖို့ပါ။ မိဘဆရာသမားတို့ရဲ့ မေတ္တာဖန်ဂူကြီးကို သတိမမူ ဂူမမြင်လို့ ၀င်တိုက်မိရင်တော့ မိမိတို့ပဲ ဒုက္ခရောက်ရမှာပါပဲ။ သူများတွေ ထောက်ပံ့စောင့်ရှောက်တာ မစောင့်ရှောက်တာ ကိုယ်နဲ့ မဆိုင်ပါဘူး။ ကိုယ်စောင့်ရှောက်မှ၊ ကိုယ်သိတတ်မှ ကိုယ်ကုသိုလ်ရမှာပါ။ (ဥပမာ- ထမင်းဆိုရင် သူစားနေတာပဲ၊ ကိုယ်စားစရာ မလိုပါဘူးလို့ မတွေးမိသလိုမျိုးကို ဖြစ်ရပါမယ်။) မိဘဆရာသမားတို့နဲ့ ပတ်သက်တဲ့ ကုသိုလ်ကို မိဘဆရာသမားတို့ ရှိတုန်းမှာဘဲ ရနိုင်ပါတယ်။ ဒါ့ကြောင့် ရှိတုန်းမှာ ဂရုစိုက်မိဖို့ လိုပါတယ်။ မရှိတော့တဲ့သူတွေကလည်း မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ မိဘအရွယ်ရှိသူတွေကို မိဘတွေလို သဘောထားဆက်ဆံလို့ ရတာပါပဲ။ သံသရာမှာ ဆွေမျိုးမတော်ဘူးသူဆိုတာ မရှိဘူး မဟုတ်လား။ ဆရာသမားတွေဆိုတာလည်း အိုကြီးအိုမအရွယ်မှာ မပြည့်မစုံနဲ့ ပီတိစားနေကြရသူတွေ ခပ်များများပါ။ တပည့်တွေရဲ့ ကောင်းသတင်းလေးတွေကြားပြီး ကျေနပ်ဗိုက်ပြည့်နေကြရတာပါ။ သူတို့ပေးခဲ့တာတွေက အတိုင်းမရှိ ကြီးမားပေမယ့် ကိုယ်ဆပ်လိုက်တဲ့ သိတတ်မှုသေးသေးလေးနဲ့တင် အလွန်ကို ကျေနပ်ဝမ်းသာနေတတ်ကြတာပါ။ သားသမီး၊ တပည့်တွေ ဝတ္တရားကျေပွန်တာဟာ ပေးကမ်းထောက်ပံ့ခြင်း (ဒါန)၊ ပြုစု စောင့်ရှောက်ခြင်း (သီလ)၊ မေတ္တာ၊ ကရုဏာ ထားခြင်း(ဘာဝနာ) တရားတွေ တိုးပွားနေတာပါပဲ။ သူများကို ဖြည့်နေပေမယ့် တကယ်တော့ ကိုယ်ပြည့်နေတာပါ။ ဒီလို နှစ်ဦးနှစ်ဘက် အကျိုးရှိစေအတွက် မိဘ၊ ဆရာသမား၊ ကျေးဇူးရှင်များနှင့် ပတ်သက်လာရင် သူတို့ပြည့်စုံနေလည်း (မလိုလည်းဘဲ) ကိုယ့်ဘက်က နောင်တစ်ချိန်မှာ နောင်တရမကျန်ရလေအောင် ပေးခဲ့ကြသူတွေကို ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပြန်ဆပ်လိုက်ကြပါစို့လား.....။ Dhamma Yanant at 10:06 AM

ကံမျှော်သူန့ဲကံချော်သူ

လူပျင်းတွေက… “အတိတ်ကံရဲ့ အကျိုးပေးကိုသာ မျှော်လင့်နေတတ်ကြပါတယ်။ ပစ္စုပ္ပန်ကံ အသစ်ကို ဥာဏ်၊ ၀ီရိယတွဲကူပြီး အားမထုတ်တတ်ကြပါဘူး။” “ညောင်ထောက်သူ ခြေကျိုး၊ ညောင်ချိုးသူ ရွှေအိုးရ” ဆိုသလို ပစ္စုပ္ပန်အလုပ်နှင့် လက်ရှိအကျိုး တလွဲတချော် ဖြစ်နေသူတွေကတော့… ပစ္စုပ္ပန်ကံ တစ်ခုတည်းကိုပဲ ကွက်ကြည့်မိတဲ့အတွက် အားမလို အားမရ၊ မကျေမနပ်ဖြစ်ပြီး ကံကို အယုံအကြည်မရှိတဲ့ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်သွားတတ်ကြပါတယ်။ (က) လူပျင်းတွေက… “အတိတ်ကံရဲ့ အကျိုးပေးကိုသာ မျှော်လင့်နေတတ်ကြပါတယ်။ ပစ္စုပ္ပန်ကံ အသစ်ကို ဥာဏ်၊ ၀ီရိယတွဲကူပြီး အားမထုတ်တတ်ကြပါဘူး။” ရှိပါတယ်နော်။ တချို့လူတွေ ပြောတတ်ကြတာ။ “မရှိလို့လုပ်စားတာ ဖြေးဖြေးပေါ့။ ကံပါရင် ရလိမ့်မယ်”တဲ့။ ပျင်းတာသက်သက်လို့ပဲ ထင်ပါတယ်။ အတိတ်ကံ မျိုးစေ့တွေ ရှိပေမယ့် အဲဒီ့မျိုးစေ့ကို မြေပေါ်ချမစိုက်ရင်၊ ရေ၊ နေ စတဲ့ အထောက်အပံ့တွေ မပေးနိုင်ရင်၊ ပေါင်းသင် ပြုစုခြင်းတွေ မလုပ်ရင် အပင်ပေါက်လာနိုင်မှာ မဟုတ်ပါဘူး။ ဥာဏ်၊ ၀ီရိယ မကူဘဲ ရစရာရှိရင် ရလိမ့်မယ်ဆိုပြီး ထိုင်မျှော်ရုံသက်သက်နဲ့တော့ ရဖို့မလွယ်ပါဘူး။ အတိတ်သံသရာက ပြန်ဆပ်လာမယ့် ကံကြွေးကိုထားလို့ လက်ရှိဘ၀မှာ ပေးမိတဲ့ အကြွေးတောင် နည်းမျိုးစုံနဲ့ မနည်းကို အားထုတ်ပြီး ပြန်တောင်းနိုင်မှ မှန်းထားတဲ့အတိုင်း ရတတ်ကြတာပါနော်။ ဘာမှ အားမထုတ်ရဘဲ အလိုလို ပြန်ရတယ်ဆိုတာ ရှိတော့ရှိမယ်။ ရှားပါလိမ့်မယ်။ မိမိတို့အနေနဲ့လည်း ဆပ်လာမယ့် ကုသိုလ်ကံကြွေးကို ကျေနပ်လောက်တဲ့ အတိုင်းအတာအထိရနိုင်ဖို့ (မိုးရွာရင် မိုးရေကို လိုအပ်တဲ့နေရာရောက်အောင် ကွက်တိစီးစေနိုင်ဖို့ မြောင်းကြိုဖောက်ထားရသလိုမျိုး) ဥာဏ်၊ ၀ီရိယကူပြီး ကုသိုလ်မြောင်းလေး ကြိုဖောက်ထားဖို့ လိုပါတယ်။ မြောင်းထဲမှာလည်း အမှိုက်တွေနဲ့ ပိတ်မနေအောင်၊ ရေစီးရေလာကောင်းအောင် ကြိုရှင်းပေးထားရပါမယ်။ ကုသိုလ်ကတော့ အကျိုးပေးလာပါပြီ။ မိမိတို့က အကုသိုလ်ကံတွေနဲ့ ပိတ်မိနေပြီး ကောင်းကျိုးရသင့်သလောက် မရဘဲ ဖြစ်တတ်လို့ပါ…။ (ခ) “ညောင်ထောက်သူ ခြေကျိုး၊ ညောင်ချိုးသူ ရွှေအိုးရ” ဆိုသလို ပစ္စုပ္ပန်အလုပ်နှင့် လက်ရှိအကျိုး တလွဲတချော် ဖြစ်နေသူတွေကတော့… ပစ္စုပ္ပန်ကံ တစ်ခုတည်းကိုပဲ ကွက်ကြည့်မိတဲ့အတွက် အားမလို အားမရ၊ မကျေမနပ်ဖြစ်ပြီး ကံကို အယုံအကြည်မရှိတဲ့ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်သွားတတ်ကြပါတယ်။ (ဒီပုံပြင်လေးကို လူတိုင်းသိပြီး ဖြစ်လောက်တယ်လို့ ယူဆတဲ့အတွက် မဖော်ပြတော့ပါဘူး။) အမှန်က ခြေကျိုးရသူဟာ သေရမယ့် အတိတ်အကုသိုလ်ကံ ပါလာပါတယ်။ ဒါပေမယ့် (ဗောဓိ)ညောင်ထောက်တဲ့ ကုသိုလ်ကြောင့် မသေတော့ဘဲ ခြေပဲ ကျိုးရတာပါ။ ရွှေအိုးရသူဆိုတာလည်း ရှင်ဘုရင်ဖြစ်ရမယ့် အတိတ်ကုသိုလ်ကံ ပါလာပါတယ်။ ဒါပေမယ့် (ဗောဓိ)ညောင်ပင်ချိုးတဲ့ အကုသိုလ်ကြောင့် ရှင်ဘုရင် မဖြစ်တော့ဘဲ ရွှေအိုးလောက်ပဲ ရတော့တာပါ။ တချို့ပြောကြတာ ကြားဖူးပါတယ်။ ဦးဘယ်သူ ဒေါ်ဘယ်ဝါပေါ့..။ အကုသိုလ်အလုပ်တွေ လုပ်နေတုန်းက ကောင်းကျိုးတွေ တရစပ်ရ ချမ်းသာနေပြီးတော့ တရားလေးဘာလေးနာမိလို့ အသိတရားရပြီး ကောင်းရောင်းကောင်းဝယ်လုပ်ခါမှ ကုန်းကောက်စရာမရှိအောင် စီးပွါးပျက်ဆင်းရဲသွားရတယ်တဲ့။ ဒီလို ပြောမိတတ်ကြရတာဟာ အတိတ်နဲ့ ပစ္စုပ္ပန် မျှမတွေး၊ မျှမသိဘဲ ပစ္စုပ္ပန် အကြောင်းနဲ့ အကျိုး သက်သက်လေးဘဲ ကွက်ကြည့်မိတတ်တဲ့အတွက် အယူမှားသွားကြရတာပါ။ ဘာမှ သံသယမဖြစ်ကြပါနဲ့။ ကုသိုလ်က ကုသိုလ်အကျိုးကိုပဲ ပေးပါတယ်။ အကုသိုလ်ကလည်း အကုသိုလ်အကျိုးကိုပဲ ပေးပါတယ်။ အခုဆင်းရဲရတာနဲ့ အခုကုသိုလ်လုပ်နေတာနဲ့ ဘာမှမဆိုင်ပါဘူး။ အခုဆင်းရဲရတာက အတိတ်အကုသိုလ်ကံရဲ့ အကျိုးဆက်ပါ။ အခုလုပ်နေတဲ့ ကုသိုလ်ကလည်း တစ်ချိန်မှာ ကောင်းကျိုးချမ်းသာကို ပေးပါလိမ့်မယ်။ ဒီလိုပါပဲ။ အကုသိုလ်လုပ်ပြီး ချမ်းသာနေတယ်လို့ မပြောမိပါစေနဲ့။ သက်သက်စီပါ။ ခွဲမြင်တတ်အောင် ကြည့်စေချင်ပါတယ်။ တစ်ခုတော့ သတိပေးပါရစေ။ ဒီနှစ်ခုမှာ ကုသိုလ်က အဆန်လမ်းဖြစ်ပြီး အကုသိုလ်ကတော့ အစုန်လမ်းပါ။ ကုသိုလ်က အားထုတ်ပြီး လှမ်းရပါတယ်။ အကုသိုလ်ကတော့ သက်သာလှပါတယ်။ ဒါပေမယ့် အဆုံးသတ်ပန်းတိုင်ချင်းကတော့ ကွာလွန်းပါတယ်။ ကမ်းကိုပဲ တက်ချင်ပါတယ်၊ ၀ဲဂယက်ထဲမှာ မြုပ်မသွားချင်ပါဘူးဆိုရင်တော့ တဒင်္ဂသက်သာမှုကို မကြည့်ဘဲ ပန်းတိုင်အထိ လှမ်းမြင်သတိရှိဖို့ လိုပါတယ်။ မာရ်နတ် တက်ရပ်ပေးတဲ့အတွက် အကုသိုလ်ဘက်က ချိန်ခွင်လျှာက သာပြီးသားပါ။ ဒါပေမယ့် ချိန်ခွင်လျှာ သာတာကို သာယာနေတဲ့သူအဖို့ ဒီလိုသာတဲ့အတွက် (ဒီဘက်အခြမ်းက) ပိုသာလေ အောက်ဘက်ကို ပိုကျလေဆိုတာလေးကို တွေးသိမိရင်ရော သာယာနိုင်ပါဦးမလား။ ကံတွေရဲ့ သဘောဟာလည်း ရေများရေနိုင်၊ မီးများမီးနိုင်ပါပဲ။ အကုသိုလ်သံလိုက်နဲ့ဆွဲရင် အကုသလ၀ိပါက်သံမှုန်တွေ လာကပ်ဖို့ လမ်းရှာနေကြပါတယ်။ ကုသိုလ်ဆိုရင်လည်း ကုသလ၀ိပါက်တွေက ချောင်းနေကြပါတယ်။ ဒါပေမယ့် အားကြီးသူက လမ်းရပါတယ်။ ကံတစ်ခုလုပ်ရင်- လက်ရှိဘ၀မှာတင် အကျိုးပေးတဲ့ကံ၊ ဒုတိယဘ၀မှာ အကျိုးပေးတဲ့ကံ၊ တတိယဘ၀ကစပြီး နိဗ္ဗာန်မရမချင်း အကျိုးပေးတဲ့ကံဆိုပြီး အရည်အသွေး (၃)မျိုးက တွဲပါပြီးသားပါ။ ကုသိုလ်လုပ်ပေမယ့် ကောင်းကျိုးမရသေးတာက ကုသလ၀ိပါက် တိုးဝင်နေရာယူနိုင်လောက်အောင် အားမကြီးသေးလို့ပါ။ ဒါကို အတွေးချော်မသွားစေဘဲ ဒီလောက်နဲ့မရသေးရင် ပိုပြီးတော့ အားထုတ်ရမယ်လို့ပဲ နှလုံးသွင်းမှန်ရပါမယ်။ အတိတ်ကပြုထားတဲ့ ကုသိုလ်ကံတွေ အရှိန်အဟုန်နဲ့ အကျိုးပေးနိုင်စေဖို့ လက်ရှိဘ၀မှာ ကုသိုလ်တွေ များများလုပ်ပြီး ဒီဘ၀တင် အကျိုးပေးမယ့် ကံတွေနဲ့ ချူယူတတ်ရပါမယ်။ မိမိက သေချာရှင်းထားလို့ မြောင်းထဲမှာ ရေကတော့ အရှိန်အဟုန်နဲ့ စီးလာပါပြီ။ ဆက်လိုက်စရာ ရေမရှိလို့ ရေပြတ်သွားရတယ်လို့လည်း မဖြစ်ပါစေနဲ့…။ (ဂ) ကံဆိုရာမှာလည်း မျိုးစေ့နဲ့ တူတဲ့ကံ၊ အမြစ်နဲ့ တူတဲ့ကံ ဆိုပြီး (၂)မျိုး ရှိပါတယ်။ မျိုးစေ့ဆိုတာ အပင်ဖြစ်ချိန်မှာ မရှိတော့ပါဘူး။ အတိတ်ကံဟာ မျိုးစေ့နဲ့ တူပါတယ်။ အကျိုးပေးချိန်မှာ မမြင်ရတော့ပါဘူး။ နာနာက္ခဏိကကံ လို့ ခေါ်ပါတယ်။ အမြစ်ဆိုတာမျိုးကျတော့ အပင်နဲ့ အတူတကွ ဖြစ်တာပါ။ ပစ္စုပ္ပန်ကံက အမြစ်နဲ့ တူပါတယ်။ သဟဇာတကံ လို့ ခေါ်ပါတယ်။ အတိတ်ကံကို ကိုယ်မပြုပြင်နိုင်ပေမယ့်- အတိတ် ကုသိုလ်ကံရဲ့ အကျိုးပေး ကောင်းအောင်… အတိတ် အကုသိုလ်ကံရဲ့ အကျိုးပေး ညံ့အောင်၊ ပျက်အောင်… ပစ္စုပ္ပန်ကံတွေကို ကောင်းသထက်ကောင်းအောင် အားထုတ်ကြိုးစားပြီး ပြုပြင်နိုင်ပါတယ်။ ဒီလို ကမ္မပစ္စည်း (၂) မျိုးရဲ့ သဘောကို နားလည်နိုင်မယ်ဆိုရင်တော့… ကံမျှော်သူ လူပျင်း အဖြစ်မှရော၊ ကံချော်သူ မိစ္ဆာဒိဋ္ဌိ အဖြစ်မှရော လွတ်မြောက်နိုင်ပါပြီ။ Dhamma Yanant at 9:06 PM

လွတ်လပ်တဲ့ဘဝ

သံသရာချီတဲ့ ဒေ၀ဒတ် ရန်ငြိုးက ရွှေခွက်မရတာက စသတဲ့…။ ကလီယိုပါထရာကြောင့် ရောမအင်ပါယာကြီး ပျက်ဖူးတယ်…။ နယ်ပယ်သစ်ကို လိုချင်လွန်းလို့ စစ်ပွဲတွေလည်း နွှဲခဲ့ကြဖူးတယ်…။ ရွှေတွင်း ငွေတွင်း ရတနာတွင်းတွေအတွက်လည်း သွေးစက်တွေ မြေခခဲ့ရဖူးတယ်…။ ၀တ္ထု နေရာ လူ ဆု တစ်စုံတစ်ခု ရလိုမှု အာရုံပြုပြီး တရား၊ မတရား နည်းကုန်ဖက် စွမ်းအားရှိသမျှ လုယက်ပြိုင်ဆိုင် နိုင်ပြန်တော့ ရန်တွေပွါး ရှုံးရတော့ ဒေါသများ ကဲ… ဘယ်မှာလဲ အကျိုးအမြတ်တရား…။ သားတစ်ရှင် ကျီးတစ်ကောင်လို ဘ၀ မလွှတ်မချင်း ထိုးဆိတ်ခံရ လွှတ်မချရင် ဘ၀ပျက် စုတ်..ပြတ်..သတ်..ဖွာ..ထွက် ငါတို့ကိုယ်တိုင်ကရော ထိုးဆိတ်နေကြတာလား…။ အထိုးဆိတ်ခံနေရတာလား…။ အရင်းစစ်တော့ တရားခံက အာရုံလုတဲ့ လောဘ…။ အပြစ်မမြင် အစစ်ထင်ပြီး နှစ်ခဲ့ရတာလည်း မောလှပါပြီ (ဒီတော့…) သံသရာဆက်မယ့် အာရုံတွေ တစ်ခန်းရပ် ဥပါဒါန်အစွဲတွေ ချဖြတ် လောကဓံ စည်းအပြင်မှာ ထရပ်ရင်း ဘ၀ကို လွတ်လပ်မှု ပေးကြည့်ကြစို့လေ…။ Dhamma Yanant at 10:34 AM

ပဲ့တင်သံ

ရိုင်းစိုင်းတဲ့ အပြုအမူ ငြူစူရွဲ့ မျက်နှာထား စကားက မောက်မာ ကောက်ဖြာပဲ့ စိတ်ထားနဲ့ လှည့်စားလို့ ကတိပျက် မကျေနပ်စရာ ကြုံလာမှ ပုံကာချ သူတစ်ပါးကို အပြစ်ရှာ ဆဲဆိုကြ...။ လွှဲမရ တရားခံရှာ တွေ့တာက လောကကြီး 'လောကကြီးက မတရားဘူး'တဲ့ ... နင့်နင့်သီးသီး ဝေဖန် အချောင်ခံရ လောကကြီး လောင်ပြာကျ ဒေါသမီးတွေနဲ့ အမှောင်စံကြတဲ့ လူသားတွေ ခြူလားလေ အောက်မေ့ရ...။ မမြင်ကြ ကိုယ့်အတိတ်ကံ စိတ်ထန်ကာ ဒေါပွတော့ မောဟက ပိတ်ခံဆီး လောကကြီးမှာ နားငြီးရ ခါးသီးလှ ပဲ့တင်သံ ကိုယ့်ထံအမှန် ပြန်လာကာမှ လက်မခံပါ ငြင်းဖျက်မရ တင်းကြပ်တဲ့ သက်ပြင်းသံ...။ ရှင်းမရတဲ့ လောကဓံမှာ ကိုယ်ပေးတာ ကိုယ်ရ ကိုယ်ချသလို ကိုယ်သိမ်း ချိုငြိမ်းတဲ့ ပဲ့တင်သံ ကြားချင်ပြန် ဘယ်လိုများ သိပြီးသား အမှန်တရားပေမို့ သတိထားကာ သံသာယာဝေ ခုပဲမကြာ ကြူးရင့်ကြည့်လေ.....။ Dhamma Yanant at 9:58 AM

ကံစီမံရာ မခံရလေအောင်

ကြားဖူးတာလေး တစ်ခုက... သားသတ်လိုင်စင်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သတ်ဖြတ်နေရင် စီးပွားတွေ တက်နေပြီး မကောင်းမှန်းသိလို့ အခြားသမ္မာအာဇီဝ အလုပ်လုပ်ရင် စီးပွားတွေ ကျပါသတဲ့။ အဲဒါ ဘာကြောင့်ပါလဲ၊ ကံက စီမံနေလို့ပါပဲ..။ ချမ်းသာတာဟာ အတိတ်က ကောင်းမှုကြောင့်ဆိုရင် ပစ္စုပ္ပန်မကောင်းမှုက အတိတ်ကောင်းမှုကို ထောက်ပံ့လို့ ချမ်းသာတာလား။ မဟုတ်ပါဘူး။ နှိပ်စက်လို့ ချမ်းသာတာပါ။ ဘယ်လိုနှိပ်စက်လဲဆိုရင် ကောင်းမှုအကျိုးတွေ မြန်မြန်ကုန်သွားအောင် နှိပ်စက်တာပါ။ ဒါမှ မကောင်းမှုအသစ်ရဲ့ အကျိုးတွေ မြန်မြန်ဝင်နိုင်ပါမယ်။ (ပျားရည်သုတ်ထားတဲ့ ဓားသွားကို လျှက်နေသလို ပျားရည်က ပါးပါးလေးရယ်ပါ။ အဲဒါကို အဟုတ်ထင်ပြီး ဆက်လျှက်နေရင် လျှာပြတ်ဖို့ပဲရှိပါတယ်။) (အကျိုးမပေးသေးခင်တော့ မကောင်းမှုကို ပျားသကာလို ထင်ကြတယ်လို့ ဓမ္မပဒထဲမှာ ဥပ္ပလဝဏ္ဏာထေရီကို ဖျက်ဆီးတဲ့ နန္ဒလုလင်နဲ့ ပက်သတ်ပြီး မြတ်စွာဘုရားရှင်က ဟောတော်မူခဲ့ပါတယ်။) ဒါဆို ကောင်းတာလုပ်ပြီး ဆင်းရဲတာကရော။ ပစ္စုပ္ပန်ကောင်းမှုက ချမ်းသာကို နှိပ်စက်လို့ ဆင်းရဲတာလား။ မဟုတ်ပါဘူး။ ထောက်ပံ့တာပါ။ ဆင်းရဲတွေကုန်သွားပြီး ချမ်းသာမှု မြန်မြန်ရောက်အောင် ထောက်ပံ့တာပါ။ (အစွမ်းထက်တဲ့ ဆေးခါးကြီး သောက်ရသလိုပါပဲ။ ခဏသာ ခါးပေမယ့် ပြီးရင် နာကျင်ဆင်းရဲမှုတွေ ပျောက်ပြီး ချမ်းသာရာ ရောက်ရမှာပါ။) ( ရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံတော့ ရွှေပန်းခိုင်လေးနဲ့ ပူဇော်ဖို့လာတဲ့ ရေဝတီဆိုတဲ့ ကလေးမလေး လူအုပ်ကြီးနင်းခံရလို့ သေသွားသလို၊ ဥပုသ်စောင့်ပြီး ပြန်လာတဲ့ ဥပါသကာကြီး လူသတ်ခံရလို့ သေသွားသလို မျက်မြင်အားဖြင့် (ကောင်းတာလုပ်ရင်းက) ကံဆိုးရသလိုလိုနဲ့ အမှန်က သူတို့ ဝဋ်ကြွေးမြန်မြန်ကျေပြီး ပိုကောင်းတဲ့ ဘဝကို ရရှိသွားကြတာမျိုးပါ။) သတ္တဝါတို့ကို စီမံတတ်တဲ့ ကံက (၄) မျိုးရှိပါတယ်။ အဲဒါတွေကတော့- (၁) ဖြစ်စေတတ်တဲ့ကံ (ဇနကကံ) (၂) ထောက်ပံ့တတ်တဲ့ကံ (ဥပတ္ထမ္ဘကကံ) (၃) ညှင်းပန်းနှိပ်စက်တတ်တဲ့ကံ (ဥပပီဠကကံ) (၄) သတ်ဖြတ်တတ်တဲ့ကံ (ဥပဃာတကကံ) တို့ပါပဲ။ (၁) ဇနကကံ - ကောင်းတဲ့ အကျိုးကိုပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့ အကျိုးကိုပဲဖြစ်ဖြစ် ဖြစ်စေတတ်တဲ့ကံပါ။ (၂) ဥပတ္ထမ္ဘကကံ - ပေးပြီးသား ကောင်းကျိုးကို ပိုကောင်းအောင်၊ မကောင်းကျိုးကို ပိုဆိုးအောင် ထောက်ပံ့တတ်တဲ့ကံပါ။ (၃) ဥပပီဠကကံ - ပေးပြီးသား ကောင်းကျိုးကို အားနည်းအောင်၊ မကောင်းကျိုးကိုလည်း အားပျော့အောင် နှိပ်စက်တတ်တဲ့ကံပါ။ (၄) ဥပဃာတကကံ - ကောင်းကျိုးကို ပြတ်တောက်စေပြီး မကောင်းကျိုးကို ဖြစ်စေတတ်၊ မကောင်းကျိုးကို ပြတ်တောက်စေပြီး ကောင်းကျိုးကို ဖြစ်စေတတ်တဲ့ကံပါ။ ဥပမာ - (၁) လူဘဝကိုရခြင်းဟာ ကုသိုလ်ဇနကကံကြောင့်ပါ။ (၂) ထိုလူ ကျန်းမာ၊ ချမ်းသာနေခြင်းဟာ ကုသိုလ် ဥပတ္ထ မ္ဘကကံက ထောက်ပံ့လို့ပါ။ (၃) ထိုလူ ရောဂါထူ၊ ဆင်းရဲနေခြင်းဟာ အကုသိုလ်ဥပပီဠကကံက ညှင်းဆဲလို့ပါ။ (၄) ထိုလူ သေဆုံးသွားခြင်း၊ လူ့ဘဝပြတ်သွားခြင်းဟာ အကုသိုလ် ဥပဃာတကကံက သတ်ဖြတ်လို့ပါ။ နောက်ဥပမာတစ်ခု - (၁) ခွေးဘဝရခြင်းဟာ အကုသိုလ် ဇနကကံကြောင့်ပါ။ (၂) ခွေးပိန်၊ ခွေးဝဲစားဖြစ်ခြင်းဟာ အကုသိုလ် ဥပတ္ထ မ္ဘကကံက ထောက်ပံ့လို့ပါ။ (၃) ချမ်းသာတဲ့သူက အဲဒီခွေးကို ကောက်ယူမွေးစားပြီး ကောင်းမွန်စွာ စားသောက်နေထိုင်ရခြင်းဟာ ကုသိုလ် ဥပပီဠကကံက (ခွေးရဲ့အကုသိုလ်ကံကို အားနည်းသွားအောင်) နှိပ်စက်လို့ပါ။ (၄) ခွေးဘဝ ပြတ်စဲသေဆုံးသွားပြီး ကောင်းရာဘဝရောက်ခြင်းဟာ ကုသိုလ် ဥပဃာတကကံက (အကုသိုလ်ကံကို) ဖြတ်တောက်လိုက်လို့ပါ။ ကုသိုလ်ဇနကကံကြောင့် ထီပေါက်တယ်။ ကုသိုလ် ဥပတ္ထ မ္ဘကကံက ထောက်ပံ့လို့ ဆုကြီးကြီး ပေါက်တယ်။ အကုသိုလ်ဥပပီဠကကံကနှိပ်စက်လို့ ဆုသေးသေးလေးပဲ ပေါက်တယ်။ အကုသိုလ်ဥပဃာတကကံက ဖြတ်တောက်လိုက်လို့ ထီလက်မှတ်ပျောက်လို့ တစ်ပြားမှမရ ဖြစ်ရပါတယ်။ အကုသိုလ် ဇနကကံကြောင့် ကားမှောက်တယ်။ အကုသိုလ် ဥပတ္ထ မ္ဘကကံက ထောက်ပံ့လို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်။ ကုသိုလ် ဥပပီဠကကံက နှိပ်စက်လို့ ဒဏ်ရာအနည်းငယ်သာ ရတယ်။ ကုသိုလ် ဥပဃာတကကံက ဖြတ်တောက်လိုက်လို့ ဘာဒဏ်ရာမှ မရဘဲ အနာလွတ်ကင်း ချမ်းသာရတယ်။ ဒီလိုပါပဲ ကုမ္ပဏီတစ်ခုဖြစ်ပေါ်လာခြင်း၊ တိုးတက်လာခြင်း၊ ဆုတ်ယုတ်လာခြင်း၊ ပျက်စီးသွားခြင်းများ စသည်ဖြင့် အကျိုးတရားတွေကို မိမိဥာဏ်နဲ့ ချိန်ထိုးကြည့်နိုင်ပါတယ်။ ဖြစ်စေတတ်တဲ့ ဇနကကံပေါ် မူတည်ပြီး တိုးတက်မှာလား၊ ဆုတ်ယုတ်မှာလား၊ ပျက်စီးသွားမှာလားဆိုပြီး ကျန်တဲ့ကံ(၃)ပါးအနက် တစ်ပါးပါးက လာတွဲမှာပါ။ ဖြစ်စေတတ်တဲ့ကံကို - အမျိုးတူတဲ့ကံက (ကုသိုလ်ကို ကုသိုလ်က) (အကုသိုလ်ကို အကုသိုလ်က) ထောက်ပံ့ပြီး၊ အမျိုးမတူတဲ့ကံက (ကုသိုလ်ကို အကုသိုလ်က) (အကုသိုလ်ကို ကုသိုလ်က) ညှင်းဆဲနှိပ်စက်၊ သတ်ဖြတ်ကြပါတယ်။ ဖြစ်စေတဲ့ကံရယ်၊ ထောက်ပံ့တဲ့ကံရယ်က တစ်တွဲ နှိပ်စက်တဲ့ကံရယ်၊ သတ်ဖြတ်တဲ့ကံရယ်က တစ်တွဲ ဆိုပြီး အမျိုးအစားကွဲကြပါတယ်။ ကောင်းကျိုးကို ဆိုရင်- ကုသိုလ်က - ဖြစ်စေတယ်၊ ထောက်ပံတယ်။ အကုသိုလ်က - နှိပ်စက်တယ်။ ဖြတ်တောက်တယ်။ မကောင်းကျိုးကို ဆိုရင်- အကုသိုလ်က - ဖြစ်စေတယ်၊ ထောက်ပံ့တယ်။ ကုသိုလ်က - နှိပ်စက်တယ်။ ဖြတ်တောက်တယ်။ အတိတ် ဇနကကုသိုလ်ကံကြောင့် ကောင်းကျိုးရတာကို- (၁) ပစ္စုပ္ပန် ကုသိုလ်ကံက ထောက်ပံ့မယ်။ (၂) ပစ္စုပ္ပန် အကုသိုလ်ကံက ကောင်းကျိုးအားနည်းအောင် နှိပ်စက်မယ်။ (၃) ပစ္စုပ္ပန် အကုသိုလ်ကံက ကောင်းကျိုးပြတ်သွားအောင် ဖြတ်တောက်မယ်။ အတိတ် ဇနက အကုသိုလ်ကံကြောင့် မကောင်းကျိုးရတာကို- (၁) ပစ္စုပ္ပန် အကုသိုလ်ကံက ထောက်ပံ့မယ်။ (၂) ပစ္စုပ္ပန် ကုသိုလ်ကံက မကောင်းကျိုး အားနည်းအောင် နှိပ်စက်မယ်။ (၃) ပစ္စုပ္ပန် ကုသိုလ်ကံက မကောင်းကျိုး ပြတ်သွားအောင် ဖြတ်တောက်မယ်။ တစ်နည်းအားဖြင့် - ဖြစ်စေတတ်တဲ့ ပစ္စုပ္ပန်ဇနကကံကို အတိတ်ကံတို့က ထောက်ပံ့၊ ညှင်းဆဲ၊ သတ်ဖြတ်ကြတယ်။ ပစ္စုပ္ပန် ကောင်းမှု / မကောင်းမှုတို့ကို အတိတ်ကောင်းမှု / မကောင်းမှုတို့က ထောက်ပံ့တဲ့အခါ ကုသိုလ် / အကုသိုလ်လေး နည်းနည်းပြုရုံနဲ့ ကောင်းကျိုး / ဆိုးကျိုး များစွာရနိုင်ပါတယ်။ 'ရေလာမြောင်းပေး' ဆိုသလိုပဲ အတိတ်ကံ ရေလာချင်ပေမယ့် ပစ္စုပ္ပန်မြောင်း မဖောက်ရင် လာနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ... ကောင်းကျိုးလိုလားရင် ပစ္စုပ္ပန်မှာ ကောင်းမှု လုပ်မှသာ အတိတ်ကောင်းမှုကံတို့ ထောက်ပံ့ခွင့်ကို ရပါမယ်။ မကောင်းကျိုး မလိုလားရင် ပစ္စုပ္ပန်မှာ မကောင်းမှု မလုပ်မှသာ အတိတ်မကောင်းမှုကံတွေလည်း အကျိုးပေးခွင့်မသာမှာပါ။ ပစ္စုပ္ပန် ကောင်းမှုတွေ ပြုနေပေမယ့်လည်း ... အတိတ်အကုသိုလ်ကံတွေ ဝင်ရောက် နှိပ်စက်ရင် ကောင်းကျိုးတွေ အားနည်းပြီး မှန်းသလောက် မပေါက်မြောက်ပဲ ဖြစ်တတ်ပါတယ်။ အတိတ်အကုသိုလ်ကံက ဝင်ရောက် ဖြတ်တောက်ပစ်ရင်တော့ ကောင်းကျိုးတွေ လုံးလုံးပြတ်တောက်သွားပြီး ကောင်းမှုတွေ ပြုနေပေမယ့်လည်း မကောင်းကျိုးတွေပဲ ခံစားနေရတဲ့ အဖြစ်မျိုးနဲ့ ကြုံရတတ်ပါတယ်။ ပစ္စုပ္ပန် မကောင်းမှုတွေ ပြုနေပေမယ့်လည်း ... အတိတ်ကုသိုလ်ကံတွေက အဲဒီ့မကောင်းမှုကံကို နှိပ်စက်ရင် မကောင်းကျိုးတွေ အားနည်းပြီး ထင်သလောက် ဆိုးဆိုးဝါးဝါး မဖြစ်ပါဘူး။ အတိတ်ကုသိုလ်ကံက ဝင်ရောက် ဖြတ်တောက်ပစ်ရင်တော့ မကောင်းကျိုးတွေ လုံးလုံးပြတ်တောက်သွားပြီး မကောင်းမှုပြုနေပေမယ့် ကောင်းကျိုးတွေ ခံစားနေကြရတဲ့ အဖြစ်မျိုး ဖြစ်တတ်ပါတယ်။ အဲဒီတော့ သတ္တဝါတွေကို စီမံနေတာက မိမိတို့ရဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေပါ။ ဒီကံတွေကလည်း အတိတ် နဲ့ ပစ္စုပ္ပန်ပေါင်းပြီး ခြယ်လှယ်နေကြတာပါ။ အတိတ်ကံက အမေနဲ့တူပြီး၊ ပစ္စုပ္ပန်ကံက အဖေနဲ့တူပါတယ်။ တစ်နည်းပြောရရင်... ပစ္စုပ္ပန်ကံက အမေနဲ့တူပြီး၊ အတိတ်ကံက အဖေနဲ့ တူပါတယ်။ အမေက မွေးထုတ်လိုက်ပြီး တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း၊ ပျက်စီးခြင်းဟာ အဖေ့ရဲ့ စီမံဆောင်ရွက်ချက်တွေ အပေါ်မှာ အများကြီးမှီသလိုပါပဲ။ မိမိတို့က ကံတွေကို ပြုလုပ်စီမံခဲ့တော့ ကံတွေရဲ့ စီမံပြုလုပ်ခြင်းကို မိမိတို့ပဲ ပြန်ခံကြရတာပေါ့။ ကံစီမံတာ မခံချင်ဘူးဆိုရင်တော့ ကံကို မစီမံမှ ဖြစ်မှာပါ။ ကံကို မစီမံ မပြုလုပ်ရဘူး ဆိုတော့ ဘယ်လိုလုပ်ရမှာလဲ။ သတ္တဝါတွေဆိုတာ အချိန်နဲ့အမျှ ကုသိုလ်ကံမပြုရင် အကုသိုလ်ကံတွေ ပြုနေကြတာပါ။ (ကာယ၊ ဝစီ၊ မနောမှာ ကုသိုလ်ကံ မဖြစ်သမျှ အကုသိုလ်ကံတွေ ဖြစ်နေတာပါ။) ကံကို မစီမံချင်ရင်၊ မပြုလုပ်ချင်ရင် ကံကို ဖြတ်တောက်ပစ်ရမှာပါ။ ကုသိုလ်ကံ၊ အကုသိုလ်ကံ ၂-မျိုးလုံးကို ဖြတ်တောက်ပစ်ရမှာပါ။ ဖိနပ်အကောင်းစားစီးပြီး ပြေးတဲ့လူနဲ့ ဖိနပ်အစုတ်/ ဖိနပ်မပါဘဲ ပြေးတဲ့လူ- မောတာချင်းကတော့ အတူတူပါပဲ။ အပြေးရပ်မှကို ချမ်းသာမှာပါ။ အပြေးရပ်သလို ကံဖြတ်ဖို့ဆိုရင် ရဟန္တာဖြစ်မှ ကံကပြတ်မှာပါ။ ရဟန္တာဟာ ကုသိုလ်ကံကိုလည်း ဖြတ်ပြီးပါပြီ။ အကုသိုလ်ကံကိုလည်း ဖြတ်ပြီးပါပြီ။ ရဟန္တာကို ကုသိုလ်၊ အကုသိုလ် မပြုသူလို့ ခေါ်ပါတယ်။ ရဟန္တာများပြုတဲ့ ကုသိုလ်များဟာ ကုသိုလ်မမည်တော့ဘဲ ပြုကာမတ္တ ကြိယာသာ မည်ပါတော့တယ်။ အဆံမအောင်တဲ့ မျိုးစေ့လို အပင်ကို မဖြစ်စေတော့တဲ့အတွက် မျိုးစေ့အဖြစ်သုံးလို့ မဖြစ်တော့ပါဘူး။ မျိုးစေ့မဟုတ်တဲ့ သစ်စေ့လို ကုသိုလ်မဟုတ်တဲ့ ကြိယာ ဖြစ်သွားပါတယ်။ အဲဒီတော့ ရဟန္တာတွေလို ကံပြတ်သွားအောင် ကံဖြတ်ရပါမယ်။ ကံကို ဘယ်လိုဖြတ်မလဲဆိုတော့... ဝိပဿနာကုသိုလ်ကံကို ပြုရင်းနဲ့ပဲ ဖြတ်ရမှာပါ။ ဝိပဿနာကုသိုလ်ကံတွေ ပြုပါများတော့ ဝိပဿနာဥာဏ်တွေ ရင့်သန်လာပြီး အဆင့်ဆင့် အရိယာမဂ်၊ ဖိုလ်တို့ရဲ့ နောက်ဆုံး အရဟတ္တမဂ်ဥာဏ်ကိုရပြီး သံသရာလည်စေတတ်တဲ့ ကံအားလုံး ပြတ်သွားတော့တာပါပဲ။ မရှိတော့တဲ့ကံက ဘာကိုများ စီမံနိုင်ဦးမှာတဲ့လဲ ...။ Dhamma Yanant at 4:18 PM

ကံစီမံရာ မခံရလေအောင်

ကြားဖူးတာလေး တစ်ခုက... သားသတ်လိုင်စင်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သတ်ဖြတ်နေရင် စီးပွားတွေ တက်နေပြီး မကောင်းမှန်းသိလို့ အခြားသမ္မာအာဇီဝ အလုပ်လုပ်ရင် စီးပွားတွေ ကျပါသတဲ့။ အဲဒါ ဘာကြောင့်ပါလဲ၊ ကံက စီမံနေလို့ပါပဲ..။ ချမ်းသာတာဟာ အတိတ်က ကောင်းမှုကြောင့်ဆိုရင် ပစ္စုပ္ပန်မကောင်းမှုက အတိတ်ကောင်းမှုကို ထောက်ပံ့လို့ ချမ်းသာတာလား။ မဟုတ်ပါဘူး။ နှိပ်စက်လို့ ချမ်းသာတာပါ။ ဘယ်လိုနှိပ်စက်လဲဆိုရင် ကောင်းမှုအကျိုးတွေ မြန်မြန်ကုန်သွားအောင် နှိပ်စက်တာပါ။ ဒါမှ မကောင်းမှုအသစ်ရဲ့ အကျိုးတွေ မြန်မြန်ဝင်နိုင်ပါမယ်။ (ပျားရည်သုတ်ထားတဲ့ ဓားသွားကို လျှက်နေသလို ပျားရည်က ပါးပါးလေးရယ်ပါ။ အဲဒါကို အဟုတ်ထင်ပြီး ဆက်လျှက်နေရင် လျှာပြတ်ဖို့ပဲရှိပါတယ်။) (အကျိုးမပေးသေးခင်တော့ မကောင်းမှုကို ပျားသကာလို ထင်ကြတယ်လို့ ဓမ္မပဒထဲမှာ ဥပ္ပလဝဏ္ဏာထေရီကို ဖျက်ဆီးတဲ့ နန္ဒလုလင်နဲ့ ပက်သတ်ပြီး မြတ်စွာဘုရားရှင်က ဟောတော်မူခဲ့ပါတယ်။) ဒါဆို ကောင်းတာလုပ်ပြီး ဆင်းရဲတာကရော။ ပစ္စုပ္ပန်ကောင်းမှုက ချမ်းသာကို နှိပ်စက်လို့ ဆင်းရဲတာလား။ မဟုတ်ပါဘူး။ ထောက်ပံ့တာပါ။ ဆင်းရဲတွေကုန်သွားပြီး ချမ်းသာမှု မြန်မြန်ရောက်အောင် ထောက်ပံ့တာပါ။ (အစွမ်းထက်တဲ့ ဆေးခါးကြီး သောက်ရသလိုပါပဲ။ ခဏသာ ခါးပေမယ့် ပြီးရင် နာကျင်ဆင်းရဲမှုတွေ ပျောက်ပြီး ချမ်းသာရာ ရောက်ရမှာပါ။) ( ရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံတော့ ရွှေပန်းခိုင်လေးနဲ့ ပူဇော်ဖို့လာတဲ့ ရေဝတီဆိုတဲ့ ကလေးမလေး လူအုပ်ကြီးနင်းခံရလို့ သေသွားသလို၊ ဥပုသ်စောင့်ပြီး ပြန်လာတဲ့ ဥပါသကာကြီး လူသတ်ခံရလို့ သေသွားသလို မျက်မြင်အားဖြင့် (ကောင်းတာလုပ်ရင်းက) ကံဆိုးရသလိုလိုနဲ့ အမှန်က သူတို့ ဝဋ်ကြွေးမြန်မြန်ကျေပြီး ပိုကောင်းတဲ့ ဘဝကို ရရှိသွားကြတာမျိုးပါ။) သတ္တဝါတို့ကို စီမံတတ်တဲ့ ကံက (၄) မျိုးရှိပါတယ်။ အဲဒါတွေကတော့- (၁) ဖြစ်စေတတ်တဲ့ကံ (ဇနကကံ) (၂) ထောက်ပံ့တတ်တဲ့ကံ (ဥပတ္ထမ္ဘကကံ) (၃) ညှင်းပန်းနှိပ်စက်တတ်တဲ့ကံ (ဥပပီဠကကံ) (၄) သတ်ဖြတ်တတ်တဲ့ကံ (ဥပဃာတကကံ) တို့ပါပဲ။ (၁) ဇနကကံ - ကောင်းတဲ့ အကျိုးကိုပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့ အကျိုးကိုပဲဖြစ်ဖြစ် ဖြစ်စေတတ်တဲ့ကံပါ။ (၂) ဥပတ္ထမ္ဘကကံ - ပေးပြီးသား ကောင်းကျိုးကို ပိုကောင်းအောင်၊ မကောင်းကျိုးကို ပိုဆိုးအောင် ထောက်ပံ့တတ်တဲ့ကံပါ။ (၃) ဥပပီဠကကံ - ပေးပြီးသား ကောင်းကျိုးကို အားနည်းအောင်၊ မကောင်းကျိုးကိုလည်း အားပျော့အောင် နှိပ်စက်တတ်တဲ့ကံပါ။ (၄) ဥပဃာတကကံ - ကောင်းကျိုးကို ပြတ်တောက်စေပြီး မကောင်းကျိုးကို ဖြစ်စေတတ်၊ မကောင်းကျိုးကို ပြတ်တောက်စေပြီး ကောင်းကျိုးကို ဖြစ်စေတတ်တဲ့ကံပါ။ ဥပမာ - (၁) လူဘဝကိုရခြင်းဟာ ကုသိုလ်ဇနကကံကြောင့်ပါ။ (၂) ထိုလူ ကျန်းမာ၊ ချမ်းသာနေခြင်းဟာ ကုသိုလ် ဥပတ္ထ မ္ဘကကံက ထောက်ပံ့လို့ပါ။ (၃) ထိုလူ ရောဂါထူ၊ ဆင်းရဲနေခြင်းဟာ အကုသိုလ်ဥပပီဠကကံက ညှင်းဆဲလို့ပါ။ (၄) ထိုလူ သေဆုံးသွားခြင်း၊ လူ့ဘဝပြတ်သွားခြင်းဟာ အကုသိုလ် ဥပဃာတကကံက သတ်ဖြတ်လို့ပါ။ နောက်ဥပမာတစ်ခု - (၁) ခွေးဘဝရခြင်းဟာ အကုသိုလ် ဇနကကံကြောင့်ပါ။ (၂) ခွေးပိန်၊ ခွေးဝဲစားဖြစ်ခြင်းဟာ အကုသိုလ် ဥပတ္ထ မ္ဘကကံက ထောက်ပံ့လို့ပါ။ (၃) ချမ်းသာတဲ့သူက အဲဒီခွေးကို ကောက်ယူမွေးစားပြီး ကောင်းမွန်စွာ စားသောက်နေထိုင်ရခြင်းဟာ ကုသိုလ် ဥပပီဠကကံက (ခွေးရဲ့အကုသိုလ်ကံကို အားနည်းသွားအောင်) နှိပ်စက်လို့ပါ။ (၄) ခွေးဘဝ ပြတ်စဲသေဆုံးသွားပြီး ကောင်းရာဘဝရောက်ခြင်းဟာ ကုသိုလ် ဥပဃာတကကံက (အကုသိုလ်ကံကို) ဖြတ်တောက်လိုက်လို့ပါ။ ကုသိုလ်ဇနကကံကြောင့် ထီပေါက်တယ်။ ကုသိုလ် ဥပတ္ထ မ္ဘကကံက ထောက်ပံ့လို့ ဆုကြီးကြီး ပေါက်တယ်။ အကုသိုလ်ဥပပီဠကကံကနှိပ်စက်လို့ ဆုသေးသေးလေးပဲ ပေါက်တယ်။ အကုသိုလ်ဥပဃာတကကံက ဖြတ်တောက်လိုက်လို့ ထီလက်မှတ်ပျောက်လို့ တစ်ပြားမှမရ ဖြစ်ရပါတယ်။ အကုသိုလ် ဇနကကံကြောင့် ကားမှောက်တယ်။ အကုသိုလ် ဥပတ္ထ မ္ဘကကံက ထောက်ပံ့လို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်။ ကုသိုလ် ဥပပီဠကကံက နှိပ်စက်လို့ ဒဏ်ရာအနည်းငယ်သာ ရတယ်။ ကုသိုလ် ဥပဃာတကကံက ဖြတ်တောက်လိုက်လို့ ဘာဒဏ်ရာမှ မရဘဲ အနာလွတ်ကင်း ချမ်းသာရတယ်။ ဒီလိုပါပဲ ကုမ္ပဏီတစ်ခုဖြစ်ပေါ်လာခြင်း၊ တိုးတက်လာခြင်း၊ ဆုတ်ယုတ်လာခြင်း၊ ပျက်စီးသွားခြင်းများ စသည်ဖြင့် အကျိုးတရားတွေကို မိမိဥာဏ်နဲ့ ချိန်ထိုးကြည့်နိုင်ပါတယ်။ ဖြစ်စေတတ်တဲ့ ဇနကကံပေါ် မူတည်ပြီး တိုးတက်မှာလား၊ ဆုတ်ယုတ်မှာလား၊ ပျက်စီးသွားမှာလားဆိုပြီး ကျန်တဲ့ကံ(၃)ပါးအနက် တစ်ပါးပါးက လာတွဲမှာပါ။ ဖြစ်စေတတ်တဲ့ကံကို - အမျိုးတူတဲ့ကံက (ကုသိုလ်ကို ကုသိုလ်က) (အကုသိုလ်ကို အကုသိုလ်က) ထောက်ပံ့ပြီး၊ အမျိုးမတူတဲ့ကံက (ကုသိုလ်ကို အကုသိုလ်က) (အကုသိုလ်ကို ကုသိုလ်က) ညှင်းဆဲနှိပ်စက်၊ သတ်ဖြတ်ကြပါတယ်။ ဖြစ်စေတဲ့ကံရယ်၊ ထောက်ပံ့တဲ့ကံရယ်က တစ်တွဲ နှိပ်စက်တဲ့ကံရယ်၊ သတ်ဖြတ်တဲ့ကံရယ်က တစ်တွဲ ဆိုပြီး အမျိုးအစားကွဲကြပါတယ်။ ကောင်းကျိုးကို ဆိုရင်- ကုသိုလ်က - ဖြစ်စေတယ်၊ ထောက်ပံတယ်။ အကုသိုလ်က - နှိပ်စက်တယ်။ ဖြတ်တောက်တယ်။ မကောင်းကျိုးကို ဆိုရင်- အကုသိုလ်က - ဖြစ်စေတယ်၊ ထောက်ပံ့တယ်။ ကုသိုလ်က - နှိပ်စက်တယ်။ ဖြတ်တောက်တယ်။ အတိတ် ဇနကကုသိုလ်ကံကြောင့် ကောင်းကျိုးရတာကို- (၁) ပစ္စုပ္ပန် ကုသိုလ်ကံက ထောက်ပံ့မယ်။ (၂) ပစ္စုပ္ပန် အကုသိုလ်ကံက ကောင်းကျိုးအားနည်းအောင် နှိပ်စက်မယ်။ (၃) ပစ္စုပ္ပန် အကုသိုလ်ကံက ကောင်းကျိုးပြတ်သွားအောင် ဖြတ်တောက်မယ်။ အတိတ် ဇနက အကုသိုလ်ကံကြောင့် မကောင်းကျိုးရတာကို- (၁) ပစ္စုပ္ပန် အကုသိုလ်ကံက ထောက်ပံ့မယ်။ (၂) ပစ္စုပ္ပန် ကုသိုလ်ကံက မကောင်းကျိုး အားနည်းအောင် နှိပ်စက်မယ်။ (၃) ပစ္စုပ္ပန် ကုသိုလ်ကံက မကောင်းကျိုး ပြတ်သွားအောင် ဖြတ်တောက်မယ်။ တစ်နည်းအားဖြင့် - ဖြစ်စေတတ်တဲ့ ပစ္စုပ္ပန်ဇနကကံကို အတိတ်ကံတို့က ထောက်ပံ့၊ ညှင်းဆဲ၊ သတ်ဖြတ်ကြတယ်။ ပစ္စုပ္ပန် ကောင်းမှု / မကောင်းမှုတို့ကို အတိတ်ကောင်းမှု / မကောင်းမှုတို့က ထောက်ပံ့တဲ့အခါ ကုသိုလ် / အကုသိုလ်လေး နည်းနည်းပြုရုံနဲ့ ကောင်းကျိုး / ဆိုးကျိုး များစွာရနိုင်ပါတယ်။ 'ရေလာမြောင်းပေး' ဆိုသလိုပဲ အတိတ်ကံ ရေလာချင်ပေမယ့် ပစ္စုပ္ပန်မြောင်း မဖောက်ရင် လာနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ... ကောင်းကျိုးလိုလားရင် ပစ္စုပ္ပန်မှာ ကောင်းမှု လုပ်မှသာ အတိတ်ကောင်းမှုကံတို့ ထောက်ပံ့ခွင့်ကို ရပါမယ်။ မကောင်းကျိုး မလိုလားရင် ပစ္စုပ္ပန်မှာ မကောင်းမှု မလုပ်မှသာ အတိတ်မကောင်းမှုကံတွေလည်း အကျိုးပေးခွင့်မသာမှာပါ။ ပစ္စုပ္ပန် ကောင်းမှုတွေ ပြုနေပေမယ့်လည်း ... အတိတ်အကုသိုလ်ကံတွေ ဝင်ရောက် နှိပ်စက်ရင် ကောင်းကျိုးတွေ အားနည်းပြီး မှန်းသလောက် မပေါက်မြောက်ပဲ ဖြစ်တတ်ပါတယ်။ အတိတ်အကုသိုလ်ကံက ဝင်ရောက် ဖြတ်တောက်ပစ်ရင်တော့ ကောင်းကျိုးတွေ လုံးလုံးပြတ်တောက်သွားပြီး ကောင်းမှုတွေ ပြုနေပေမယ့်လည်း မကောင်းကျိုးတွေပဲ ခံစားနေရတဲ့ အဖြစ်မျိုးနဲ့ ကြုံရတတ်ပါတယ်။ ပစ္စုပ္ပန် မကောင်းမှုတွေ ပြုနေပေမယ့်လည်း ... အတိတ်ကုသိုလ်ကံတွေက အဲဒီ့မကောင်းမှုကံကို နှိပ်စက်ရင် မကောင်းကျိုးတွေ အားနည်းပြီး ထင်သလောက် ဆိုးဆိုးဝါးဝါး မဖြစ်ပါဘူး။ အတိတ်ကုသိုလ်ကံက ဝင်ရောက် ဖြတ်တောက်ပစ်ရင်တော့ မကောင်းကျိုးတွေ လုံးလုံးပြတ်တောက်သွားပြီး မကောင်းမှုပြုနေပေမယ့် ကောင်းကျိုးတွေ ခံစားနေကြရတဲ့ အဖြစ်မျိုး ဖြစ်တတ်ပါတယ်။ အဲဒီတော့ သတ္တဝါတွေကို စီမံနေတာက မိမိတို့ရဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေပါ။ ဒီကံတွေကလည်း အတိတ် နဲ့ ပစ္စုပ္ပန်ပေါင်းပြီး ခြယ်လှယ်နေကြတာပါ။ အတိတ်ကံက အမေနဲ့တူပြီး၊ ပစ္စုပ္ပန်ကံက အဖေနဲ့တူပါတယ်။ တစ်နည်းပြောရရင်... ပစ္စုပ္ပန်ကံက အမေနဲ့တူပြီး၊ အတိတ်ကံက အဖေနဲ့ တူပါတယ်။ အမေက မွေးထုတ်လိုက်ပြီး တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း၊ ပျက်စီးခြင်းဟာ အဖေ့ရဲ့ စီမံဆောင်ရွက်ချက်တွေ အပေါ်မှာ အများကြီးမှီသလိုပါပဲ။ မိမိတို့က ကံတွေကို ပြုလုပ်စီမံခဲ့တော့ ကံတွေရဲ့ စီမံပြုလုပ်ခြင်းကို မိမိတို့ပဲ ပြန်ခံကြရတာပေါ့။ ကံစီမံတာ မခံချင်ဘူးဆိုရင်တော့ ကံကို မစီမံမှ ဖြစ်မှာပါ။ ကံကို မစီမံ မပြုလုပ်ရဘူး ဆိုတော့ ဘယ်လိုလုပ်ရမှာလဲ။ သတ္တဝါတွေဆိုတာ အချိန်နဲ့အမျှ ကုသိုလ်ကံမပြုရင် အကုသိုလ်ကံတွေ ပြုနေကြတာပါ။ (ကာယ၊ ဝစီ၊ မနောမှာ ကုသိုလ်ကံ မဖြစ်သမျှ အကုသိုလ်ကံတွေ ဖြစ်နေတာပါ။) ကံကို မစီမံချင်ရင်၊ မပြုလုပ်ချင်ရင် ကံကို ဖြတ်တောက်ပစ်ရမှာပါ။ ကုသိုလ်ကံ၊ အကုသိုလ်ကံ ၂-မျိုးလုံးကို ဖြတ်တောက်ပစ်ရမှာပါ။ ဖိနပ်အကောင်းစားစီးပြီး ပြေးတဲ့လူနဲ့ ဖိနပ်အစုတ်/ ဖိနပ်မပါဘဲ ပြေးတဲ့လူ- မောတာချင်းကတော့ အတူတူပါပဲ။ အပြေးရပ်မှကို ချမ်းသာမှာပါ။ အပြေးရပ်သလို ကံဖြတ်ဖို့ဆိုရင် ရဟန္တာဖြစ်မှ ကံကပြတ်မှာပါ။ ရဟန္တာဟာ ကုသိုလ်ကံကိုလည်း ဖြတ်ပြီးပါပြီ။ အကုသိုလ်ကံကိုလည်း ဖြတ်ပြီးပါပြီ။ ရဟန္တာကို ကုသိုလ်၊ အကုသိုလ် မပြုသူလို့ ခေါ်ပါတယ်။ ရဟန္တာများပြုတဲ့ ကုသိုလ်များဟာ ကုသိုလ်မမည်တော့ဘဲ ပြုကာမတ္တ ကြိယာသာ မည်ပါတော့တယ်။ အဆံမအောင်တဲ့ မျိုးစေ့လို အပင်ကို မဖြစ်စေတော့တဲ့အတွက် မျိုးစေ့အဖြစ်သုံးလို့ မဖြစ်တော့ပါဘူး။ မျိုးစေ့မဟုတ်တဲ့ သစ်စေ့လို ကုသိုလ်မဟုတ်တဲ့ ကြိယာ ဖြစ်သွားပါတယ်။ အဲဒီတော့ ရဟန္တာတွေလို ကံပြတ်သွားအောင် ကံဖြတ်ရပါမယ်။ ကံကို ဘယ်လိုဖြတ်မလဲဆိုတော့... ဝိပဿနာကုသိုလ်ကံကို ပြုရင်းနဲ့ပဲ ဖြတ်ရမှာပါ။ ဝိပဿနာကုသိုလ်ကံတွေ ပြုပါများတော့ ဝိပဿနာဥာဏ်တွေ ရင့်သန်လာပြီး အဆင့်ဆင့် အရိယာမဂ်၊ ဖိုလ်တို့ရဲ့ နောက်ဆုံး အရဟတ္တမဂ်ဥာဏ်ကိုရပြီး သံသရာလည်စေတတ်တဲ့ ကံအားလုံး ပြတ်သွားတော့တာပါပဲ။ မရှိတော့တဲ့ကံက ဘာကိုများ စီမံနိုင်ဦးမှာတဲ့လဲ ...။ Dhamma Yanant at 4:18 PM

အထူးဆန်းဆုံးအရာ

ဒီမှာ သူငယ်ချင်း… ကမ္ဘာမှာ အဆန်းဆုံးအရာ ? အဖြေတွေက အများအပြား ဘလော့ဂ်တွေမှာလည်း မရှားပါး ဒို့ရဲ့ဘုရား ဟောခဲ့တာက တိရစ္ဆာန်တွေ သဏ္ဌာန်စုံနေလည်း စိတ်သည်သာလျှင် အဆန်းတကာ့အဆန်း တဲ့။ သူငယ်ချင်းရေ… စိတ်တွေဆန်းတော့ ကံတွေကွဲ ကံတွေကွဲတော့ ပုံစံမမြဲ ပုံစံမမြဲတော့ အခေါ်အဝေါ်ခွဲ အခေါ်တွေခွဲတော့ ဆန္ဒကလွဲ - ဒီလိုနဲ့ ဂတိတွေပါဆန်း… အရင်းစစ်တော့ အပြစ်က စိတ် အနှစ်ချုပ်တော့ အရှုပ်က ကံ။ တွေးကြည့်စမ်းပါ သူငယ်ချင်း… မလွန်ဆန်သရွေ့ သောကတမြေ့မြေ့ မေ့လျော့အပူခံ လှမ်းကြတာလည်း ကြမ္မာတစ်ကွေ့မဟုတ် သံသရာအပြည့် စိတ်ဆောင်နေသရွေ့ ချမ်းသာမတွေ့ လမ်းကောင်းမွေ့ချင် ခေါင်းဆောင်ပြောင်းမှ အတွေးဟောင်းတွေလည်း ရပ်ကြမှလေ။ သူငယ်ချင်းလည်း သိမှာပါ… ခေါင်းဆောင်သစ်က ပညာဆိုတာ စွမ်းဆောင်သူ၊ ပါရဂူတွေလည်း ပညာမရှိ ၀ိတက်တွေကို ပညာနဲ့လွဲပြီး ပညာရှင်အမည်ပေါက်သူတွေလည်း များစွာ အမှန်က… ရုပ်နာမ် လက္ခဏာမြင်မှ ပညာ ဖြစ်ပျက်သိလေ ပညာရှိလေပါပဲ။ ဒီတော့ သူငယ်ချင်းရေ… ဖိနှိပ်ဖို့ခက် လွတ်ထွက်တတ်တဲ့ (စိတ်ကို) ပညာလက်နက်နဲ့ ဆုံးမတိုက်ဖျက် အဆန်းအပြားမှာ မကျက်စားစေဘဲ အထူးအဆန်းကို ကျော်လွန်လှမ်းနိုင်မှ ပညာရှင် ပညာရှိဘ၀နဲ့ (ဒို့တတွေ) စိတ်ချလက်ချ ထောက်ရာရမှာမို့ ဉာဏ်မှောင်ကိုခွင်း ပညာအလင်းနဲ့ အ၀ိဇ္ဇာကင်းကင်း သတိကပ်ရင်း စိတ်ပါ ခါရှင်းလိုက်ကြစို့လေ…။ Dhamma Yanant at 9:02 AM

Monday, November 24, 2014

Computer virus

သိထားသင့်သော Computer Virus အမျိုးမျိုးအကြောင်း  Computer Virus Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီးကွန်ပျူတာ တစ်ခုကနေတစ်ခုကို ပြန့ှ်နှံ့ ကူးစက်နိုင်ပါတယ် လူတွေမှာ Virus ကူးသလိုပဲ ပြန့် နှဲ့ပီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ် စတာတွေကို လုပ်ဆောင်ပါတယ်... ဒါပေမယ့် Virus အများစုဟာ Executable File တွေဖြစ်ကြပါတယ် ...။ ဥပမာ.. chrome.exe , system.bat, flashy.com စသဖြင့်ပေါ့ သူတို့ဟာ ကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး ။ ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick (flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေစသဖြင့်ပေါ့…။ Malware Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲ့ဒီ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင်ရေးလေ့ရှိကြပါတယ်..။ Malware တစ်ခုမှာ Computer Virus , Worms, Trojan Horses, Most Rootkits, Spyware, Dishonest Adware, Crimeware and Other Malicious and Unwanted Software တွေပါဝင်လေ့ရှိပါတယ်..။ Worm Worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ ရပါတယ် သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြား ကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက် လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ် အကြီးမားဆုံး အန္တရာယ်ကတော့ သူက သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို Not Responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ Worm ကတော့ Blaster worm ပါ.. Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်...။ Trojan Horse Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်.. ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒီ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့..။ Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...♦ Remote Access ♦ Data Destruction ♦ Downloader/dropper ♦ Server Trojan (Proxy, FTP , IRC, Email, HTTP/HTTPS, etc.) ♦ Disable security software♦ Denial-of-serviceattack(Dos) Spyware သူကတော့ သူခိုးပေါ့နော်.. သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့... တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့် Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ … Spyware ကိုကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကိုရှောင်တာကောင်းပါတယ်...။ Adware Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်...။ Crimeware Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေး ကြတာများပါတယ်..သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်.. ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲ ဖြစ်ပါတယ်.. ။ အထက်ပါ Computer Virus အကြောင်းများကို စာဖတ်သူများ ဗဟုသုတ ရစေရန် ရည်ရွယ်၍ ရေးသားလိုက်ရခြင်းဖြစ်ပါသည်။