စက္ကန့် သံ တချက်ချက်
ရွေ့လျှက် ရှားလျှက် သူဖြစ်ပျက်၊
နာရီညွှန်းတံထိုနှစ်ခု
ရွေ့လျှောပြုလို့ ရက်ကိုစု၊
ရက်မှရွေ့လျှော တစ်လကော
ဖြစ်သော ပျက်သော ထိုသဘော၊
လမှတဖန် ရွေ့လျှောပြန်
သင်္ကြန်သဘော ဖြစ်ပျက်ဟော၊
ထိုသဘောနှယ် ခန္ဓာဝယ်
ဖြစ် ပျက် ဆွယ်လို့ သင်္ကြန်လှယ်၊
သူသူငါငါ မသိကြ
အဝိဇ္ဇာကမျက်လှည့်ပြ
သင်္ကြန်တွေသာ အခါခါကျ ၊
အနိစ္စ ဒုက္ခ အနတ္တ
အမှန်မြင်ကြမှ
သင်္ကြန်အကျ လွတ်မည်ပ ။ ။
No comments:
Post a Comment