ရုပ်နမ်ဓမ္မ သင်္ခါရတို့ 
ကိုယ်ကဤပုံ ဖြစ်လိုတုံလည်း
တစ်ဖုံဆင်ကွဲ သူတနဲဖြင့်
ဖေါက်လွဲတတ်စွာ ဓမ္မတာကို
ပညာစက္ခု မျှော်ထောက်ရှု၍
ယခုပင်လျှင် မအိုခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့
ယခုပင်လျှင် မနာခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့
ယခုပင်လျှင် မသေခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့
ရတုချိန်ထောက် ဤခါရောက်မှ
ချုပ်ပျောက်ခန္ဓာ သေပိမ့်ငှါဟု
သတ္တဝါခပင်း ရှင်သေမင်းနှင့်
မိတ်သင်းဖွဲ့လျှက် ချိန်းအချက်လျှင်
တစ်စက်ကယ်မှ မရှိကြဘူး
အပ္ပမာဒေန ဘိက္ခဝေ သမ္ပါဒေထ
ဘုရားစကား လိုက်နာပွါးသည်
တရားလက်မလွတ်စေနှင့် ။ ။
No comments:
Post a Comment