Thursday, October 23, 2014
အမှားနှင့်အမှန်
ထိုမှတစ်ပါး နတ်ဝင်များမူ ထင်ရှားသသူ သေသောဟူက အယူမလွဲ နတ်ဖြစ်မြဲဟု ဝမ်းထဲပြတ်ပြတ် မှတ်ဘိရကား ဘူးကရားနှင့် မှန်းထားမည်ရည် နတ်အိမ်တည်၍ အကြည်အညို နတ်ကိုချည်းသာ လုံးပမ်းရှာ၏ ရတနာသုံးပါး အမြတ်အားမူ များများမယုံ အာရုံနှောင့်နှေး နှစ်ခွတွေးလျှက် နာရေးဖျားတာ ရောက်သောခါလည်း ကြမ္မာဘုံဟောင်း အိမ်မကောင်းကို မြဲကြောင်းပင့်ကူ ထောက်တို့ ဟူသား အလှူ သတင်း ဆည်းပူးခြင်းကို စင်းစင်းမပြု နတ်ကုစုန်းရွယ် အကယ်ကယ်တို့ ရယ်ဘွယ်ဘို့ ချည်း မရှက်သည်းဘဲ ကန္နားပွဲနှင့် ဝတ်လဲဖြူ နီ ပန်းသီပန်းညွန့် ဆင်ကာရစ်လျှက် လက်ယှက်လက်ဝန်း တဖြင့်သန်းတည့် သွမ်းမှန်းမသိ မျက်စေ့ ဆံလည် နတ်ရူးသည်ဟု မတည်မတံ့ လွန့် ပြန့် နှလုံး သူမိုက်ထုံးလည်း စွဲသုံးလေ့လာ မကျင့်ရာသည် မိစ္ဆာယောင်တိ ယောင်တမ်းတည်း ။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment