ဇာတိနိမိတ် လောဘစိတ်ဖြင့် ပဋိသန္ဓေ တည်နေကာလ ရက်သတ္တက စ၍လီလီ ဝမ်းဝယ်မှီသော် မပီမသ သွေးသားကျ၍ ခက်မငါးဖြာ ဦးခေါင်းရာနှင့် လေးဖြာခြေလက် အဖုထွက်၍ နေ့ရက်လကုန် အင်္ဂါစုံ၍ အူတုံအရင်း သားအိမ်တွင်းဝယ် နင်းကာပြည့်လျှက် အိုးဝယ်နှက်သို့ အသက်လှိုင်လှိုင် မရှူ နိုင်ဘဲ ထိုင်ကာကျုံ့ကျုံ့ ဦးခေါင်းငုံ့၍ ပု့ံပုံ့ကွေးကွေး ညစ်အကြေးနှင့် ရောထွေးဖက်စပ် အချင်းကပ်၍ အစပ်ဟူဟူ ရသာပူကြောင့် လူဖြစ်ဘို့ အရေး အလွန်လေး၏ အသွေးအသား နုထွားထွားလည်း ဆားနှင့်ရောကာ ချဉ်ငံပါက ပြင်းစွာကြိမ်းစပ် သံပူကပ်သို့ ဆပ်ဆပ်တုံနာ ဆင်းရဲစွာနှင့် မာတာအမိ ပက်လက်ဖိသော် ကသိကအောက် ပျား၍မှောက်၏ ရှေ့နောက်ဝဲယာ ကုန်းကွပါလည်း ကြင်နာရွံ့စိုး ဖိ၍မျိုးသို့  ခွေကျိုးမခိုင် စိတ်မနိုင်ဘဲ သဲဆိုင်ပျက်ကြွေ စိစိကြေသို့ ခံနေရရ ဘဝ ဝတိုင်း ဂဗ ၻေသေယ် ဤသန္ဓေသည် သင်္ချေများစွာ သံသရာ၌ သူငါမဆုံး နေရဦးအံ့ လုံးလုံးမကျွတ် လူနယ်ဝဋ်က မလွတ်သာချေ ဇာတိတွေကြောင့် ဘဝေဘဝ ဖြစ်ပျက်ကြ၍ ဘာမျှ မမြဲ လွန်ဆင်းရဲသည် ရှောင်လွှဲ မရချေသည်တကား။ ။
ပဋိသန္ဓေ တည်နေရွေ့ရွေ့ ဖွားချိန်စေ့သော် ပြောင်း၍လေဓါတ် ဝါယောခတ်လျှက်ရဟတ်စကြ်ာ သွက်သွက်ခါသို့ ချာချာရစ်ခေါက် ဖွါးမြင်မြောက်သော် အောက်ယူဇနာ ချောက်ကြီးစွာ၌ ကိုင်ကာထိုးချ ပမာဏသို့  ဒုက္ခပြင်းစွာ ဖွားပြန်လာသော် ထိုခါကာလ ကြောင်းချင်းထကို မြွက်ဟထုပ်ခါ မပြောသာဘဲ နေဝါရောင်ယှက် ချမ်းပူဖက်၍ ပုရွက်ချပိုး ခြင်မှက်ထိုးသည် ဝိုးတိုးဝါးတား မိမယ်အားကို စကားသံချို ဘယ်၍ကိုဟု မဆိုနိုင်ဘဲ တအဲအဲနှင့် သည်းလဲအော်ကာ ငိုရုံသာတည့် ပူဆာပါလှ ဝမ်းခေါင်းလျ၌ အာဟာရငှါ မွတ်သိပ်ရှာလည်း မာတာမိခင် ကျေးဇူးရှင်အား သိမြင်စေကြောင်း နို့ချို ကောင်းကို မတောင်းတတ်ရှာ လူးလွန့် ကာဖြင့် နေကြာရက်လ ထိုင်ကာထ၍ ရွရွတွားတွား၍ လေးဘက်သွား၍ စကားပီသ ရောက်ပြန်ကလည်း အနိစ္စလက္ဂဏာ ဓမ္မတာကြောင့် ငယ်စွာပုပု နုနုသေးသေး ဤကလေးကို ကျွေးမွေးစိမ့်ငှါ ဆိုင်းလင့်ပါဟု မာတာပိတ မိဘနှစ်ပါး ဆွေမျိုးများပါ တောင်းပန်ပါလည်း တားကာမရ စာရင်းကျသည် ပုပုရွရွမို့  မနေကြရပါတကား ။ ။
ဒုဗ္ဗလရွယ် အားအင်ငယ်သော် ကိုယ်ဝယ်မချိ ဇရာဖိလျှင် ဗျာဓိအနာ နှိပ်စက်လာ၍ ရသာခြောက်ပါး လှန်ပျက်ပြား၏ သွားကျိုးဆံဖြူ နားပါအူလျှက် ထိုင်းဆူဝေဝေ သားအရေလည်း မပြေမပြစ် တွန့်လိမ်ဖြစ်၍ ရိုးဆစ်ငေါငေါ ရူးပေါပေါနှင့် အကြောပြိုင်းပြိုင်း နံပါးကိုင်းလျှက် နားထိုင်းတစ်ဖြာ နေထိုင်ရာတွင် ထင်တိုင်းမညီ မျက်စေ့သီလျှ က် မပီမသ ခံတွင်းမှလည်း စီးကျတံတွေး ညစ်အကျေးကို မဆေးသုတ်နိုင် စိတ်မခိုင်ဘဲ အထိုင်အထ အကြွအစောင်း ဘယ်ညာပြောင်းလည်း ညောင်းညောင်းတုံတုံ သွားလာတုံလည်း စုံစုံစေ့စေ့ လမ်းမသိဘဲ သတိမရ မေ့တတ်လှ၏ ဓမ္မကထာ ဘာဝနာကို ဆိုကာတွတ်တွတ် သဒ္ဓါညွတ်၍ ဖတ်ရွတ်ချင်ချင် စိတ်ကထင်လည်း ဘယ်တွင်အစ ဘယ်မှာချဟု ရွရွပိုင်ပိုင် မဆိုနိုင်ခဲ့ ကိုယ်တိုင်ညွတ်တွား ကျောင်းဘုရားကို သွားအံ့အရောက် တောင်ဝှေးထောက်လျှက် စိတ်နောက်ကိုယ်ပါ ကြိုးစားရှာလည်း များစွာဝန်လေး ကြာလျှင်ငေးလျှက် အပြေးလိုက်ချင် လျှင်မြန်ချင်လည်း ငယ်စဉ်ကလို ရုပ်မပျို ၍ အိုအိုမင်မင်း ဘယ်အခင်းမှ စာရင်းမဝင် ရာမဝင်ဘဲ ကိုယ်တွင်ပေါက်ဖွား သမီးသားကို ခြားနားအောင်ပ မည်နာမလည်း ခေါ်ကအလွဲ အထင်ကွဲ ၏ ဆင်းရဲလှစွာ သံသရာ၌ ဇရာဘဝ အရွယ်ကျတိုင်း ဒုက္ခဖိစီး သေချိန်နီးက ရင့်သီးထိုထို ခန္ဓာကိုယ်သည် အလိုအိုရနာရချေ သေး၏တကား။ ။
မရဏာကာလ သေချိန်ကျ၍ သေရသောခါ ဝိညာဏ်ခွါသော် ဤခန္ဓာရုပ် အကောင်ပုတ်ကား စက်ဆုပ်ကုန်ကြ ရွံ့ပါလှ၍ နေ့ ညမကွာ လာခဲ့ပါဟု အသပြာငွေကြေး ပုံ၍ပေးလည်း တံတွေးကိုမျှ မျိုမကျ၍ နေ့ ညအမြဲ လာချင်ခဲ၏ မဲမဲကွက်ကွက် မျက်တွင်းနက်လျှက် သုံးရက်မျှသာ ကာလကြာသော် ကိုယ်မှာပွပွ ကိုင်းကာကြွလျှက် မုခခံတွင်း အရည်ဆင်းလျှက် မချဉ်းဝံ့အောင် ပုတ်နံဟောင်၏ ကိုယ်ကောင်တုံးလုံး ယင်ရုန်းရုန်းနှင့် အသုံးမကျ ဖိုးမရတည့် ရှေးကမေတ္တာ ချစ်လှပါ၍ သူငါအစ ပွေ့ချီမ၍ ကိုင်ကြစေချင် အလောင်းစင်ကို တင်ရုံသမို့  ခေါ်လျှင်တုံ့၏ ရှုံ့ ရှုံ့မဲ့မဲ့ နောက်သို့ လှဲ့၍ တကယ့်ကိုပင် ပျို့အန်ချင်၏ ထို့ ပြင်တစ်ရက် မြေသက်ဘဲ ပက်လက်သိပ်ကာ တဆိတ်ကြာသော် ကိုယ်မှာပွပွ ယိုကာကျလျှက် ပိုးလောက်ပြူးပြူး ကိုယ်လုံးမြူး၍ စူးစူးဝါးဝါး ကုန်အောင်စားပြီး အသားမံသ ရှာမရအောင် အရိုးပေါ်လျှက် နံစော်ညှီညှီ ရိုးတွင်းဆီရောက် စို့ နံ့ပေါက်၏ ကြောက်လန့် စဖွယ် ဦးခွံငယ်လည်း နက်ကျယ်ဖေါက်ထွန်း သွားဝင်းဝင်းနှင့် မျက်တွင်နေရာ ဟောင်းလောင်းဟာလျှက် ကျန်ကာရိုးစု သုံးမပြုသည် ကိုယ်ဟုမခေါ်ရပါတကား ။ ။
No comments:
Post a Comment