Saturday, December 13, 2014

ဂုဏ်တော် ၁၀ပါး ဘုရားရှိခိုး

ဘုရားဂုဏ်တော် ဆယ်ပါး ဘုရားဂုဏ်တော်ကိုးပါးကို ပါရာဇိကဏ်အဋ္ဌကထာ နှင့် ၀ိသုဒ္ဓိမဂ်အဋ္ဌကထာများတွင် ဆယ်ပါးဖွင့်ပြသည်။
(၁) အရဟံ = လူနတ် ဗြဟ္မာသတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေ၏။ (၂) သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာ သိမြင်တော်မူပါပေ၏။ (၃) ၀ိဇ္ဇာစရဏသမ္ပန္နော = အသိဉာဏ်ဝိဇ္ဇာ၊ အကျင့်စရဏ နှင့် ပြည့်စုံတော်မူပါပေ၏။
(၄) သုဂတော = ကောင်းသောစကားကို ဆိုတော်မူ တတ်ပါပေ၏။
(၅) လောက၀ိဒူ = သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက ဟု ဆိုအပ်သော လောကသုံးပါးကို သိမြင်တော်မူပါပေ၏။
(၆) အနုတ္တရော = လောကသုံးပါးတွင် အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်တော်မူပါပေ၏။
(၇) ပုရိသဒမ္မသာရထိ = ဆုံးမထိုက်သူကို အောင်မြင်စွာ ဆုံးမတော်မူတတ်သည့် ပုဂ္ဂိုလ်ထူးဖြစ်တော်မူပါပေ၏။
(၈) သတ္ထာဒေ၀မနုဿာနံ = လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ဆရာ ဖြစ်တော်မူပါပေ၏။
(၉) ဗုဒ္ဓေါ = သစ္စာလေးပါးတရားကို သိမြင်တော်မူပါပေ၏။
(၁၀) ဘဂ၀ါ = ဣဿရိယ၊ ဓမ္မ ယသ၊ သိရီ၊ ကာမ၊ ပယတ္တ တည်းဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူပါပေ၏။
shwelinmaung.blospot.comမှ

No comments:

Post a Comment