Saturday, December 13, 2014

ခိုးခြင်း ၂၅ပါး

ခိုးမှုဟူသည်အဘယ်နည်း။
ဖြေ။ ။ “ကာယဝါစာဟိ အဒိန္နဿ အာဒါနံ အဒိန္နာဒါနံ” ကာယဝါစာဟိ= ကိုယ်ဖြင့်၊ နှုတ်ဖြင့် “ကိုယ်နှုတ် ၂-ပါးစုံဖြင့်”၊ အဒိန္နဿ= မပေးသော ပစ္စည်းကို၊ အာဒါနံ= ခိုးယူခြင်းသည်၊ အဒိန္နာဒါနံ= ခိုးမှုမည်၏။ ဟူသော ဝိဘာဝနီဋီကာ။ “ကာယဝါစာဟေဝ ဒါနံနာမ ဟောတိ န မနသာတိ အာဟ ကာယဝါစာဟီဟိ။” ဟူသော မဏိမဉ္ဇူ တို့နှင့်အညီ ပိုင်ရှင်၏ “စိတ်”က မည်သို့ပင် ပေးချင်စေကာ ကိုယ်ထိလက်ရောက် မပေးသောပစ္စည်း၊ နှုတ်ဖြင့် မပေးသောပစ္စည်းကို “ခိုးယူခြင်း ခိုးမှု” ဟု မှတ်ရမည်။
မေး။ ထိုခိုးပုံသည် ဘယ်နှစ်မျိုးရှိပါသနည်း။
ဖြေ။ ။ “သောစ ထေယျာဝဟာရော၊ ပသယှာဝဟာရော၊ ပဋိစ္ဆန္နာဝ ဟာရော၊ ပရိကပ္ပါ ဝဟာရော၊ ကုသာဝဟာရောတိ ဣမေသံ အဝဟာရာနံ ဝသေန ပဝတ္တော။” သောစ= ထိုခိုးပုံသည်ကား၊ ထေယျာဝဟာရော= ချိန်လိမ် ၊တင်းလိမ် ၊အသပြာလိမ်ဖြင့် ခိုးခြင်း၊ ပသယှာဝဟာရော= နိုင်ထက်စီးနင်း အတင်းဗလက္ကာရ ခိုးခြင်း၊ ပဋိစ္ဆန္နာဝဟာရရော= ဖုံးဝှက်ပြီးမှ ခိုးခြင်း၊ ပရိကပ္ပါဝဟာရော= ဥစ္စာနေရာကို ကြံစည်၍ ခိုးခြင်း၊ ကုသာဝဟာရော= စာ၊ စာရင်းကို လိမ်၍ ခိုးခြင်း၊ ဣတိ ဣမေသံ အဝဟာရာနံ= ဤ “ခိုးပုံ ၅-မျိုး”တို့၏၊ ဝသေန= အစွမ်းအားဖြင့်၊ ပဝတ္တော= ဖြစ်၏။ ဟူသော သုမင်္ဂလဝိလာသိနီ စသည်တို့နှင့်အညီ ခိုးပုံ ၅-မျိုးရှိပါသည်။ မေး။ ထို ၅-မျိုးကို ဘယ်သို့ ခွဲခြားပါသနည်း။
အဖြေ။ ။ “သန္ဓိစ္ဆေဒါဒီနိ ကတွာ အဒိဿမာနေနဝါ ကူဋမာနကူဋ ကဟာပဏာဒီဟိ ဝဉ္စနေနဝါ အဝဟရဏံ ထေယျာဝဟာရော။” သာဓုဝိလာသိနီဋီကာနှင့်အညီ..... နံရံကို ဖေါက်ဖျက်ပုံးကွယ်လျက် ခိုးခြင်း၊ ချိန်လိမ် ၊တင်းလိမ် ၊အသပြာလိမ်တို့ခြင်း လှည့်ပတ်ခိုးယူခြင်း၊ မျိုးကို “ေထယ်ဝဟာရ” ခိုးပံု။ “ပသယွဗလသာ အဘိဘုယ်သႏၲ ဇ္ဇေတွာ ဘယံ ဒေဿတွာ ဝါ အဝဟရဏံ ပသယှာဝဟာရော။” ၎င်း ဋီကာနှင့်အညီ တပါးသူတို့ ခေတ္တချထားသော ပစ္စည်းဥစ္စာကို မြေ မျက် သစ်ရွက် စသည်တို့ဖြင့် ဖုံးဖိထားပြီးမှ ခိုးယူခြင်းမျိုးကို “ပဋိစ္ဆန္နာဝဟာရ” ခိုးပုံ။ “ဘဏ္ဍေကာသပရိကပ္ပဝသေန ပရိကပ္ပေတွာ အဝဟရဏံ ပရိကပ္ပါဝဟာရော။” ၎င်း ဋီကာနှင့်အညီ ဥစ္စာထည့်သော သေတ္တာစသည်ကို ဖွင့်လျက် ရွှေ ငွေ ဖြစ်လျှင်ယူမည် အဝတ်အထည်တွေ့လျှင် မယူဟု ဥစ္စာကို ကြံ၍ခိုခြင်း၊ ဤကျောင်း ဤအိမ်အတွင်း၌ ဥစ္စာရှင်မြင်လျှင် ကြည့်ချင်ယောင်ဆောင်မည် မမြင်လျှင်ယူမည်ဟု နေရာကိုကြံ၍ ခိုးခြင်းမျိုးကို “ပရိကပ္ပါဝဟာရ” ခိုးပုံ။ “ကုသံ သင်္ကာမေတွာ အဝဟရဏံ ကုသာဝဟာရော။” ၎င်း ဋီကာနှင့်အညီ မဲပြောင်း၍ စာရင်းပြောင်း၍ ခိုးခြင်းမျိုးကို “ကုသာဝဟာရ” ခိုးပုံဟု မှတ်ရမည်။
မေး။ ချိန်စဉ်းလဲ ဘယ်နှစ်မျိုးရှိပါသနည်း။ ဖြေ။ ။ “တုလာကူဋံနာမ ရူပကူဋအင်္ဂကူဋဂဟဏကူဋ ပဋိစ္ဆန္န ကူဋန္တိ စတုဗ္ဗိဓံ ဟောတိ။” ဟူသော သုမင်္ဂလဝိသာသိနီ ပပဉ္စသူဒနီတို့နှင့်အညီ..... ချိန်တုလုပ် စဉ်းလဲခြင်း၊ ချိန်၏ အင်္ဂါဖြင့်စဉ်းလဲခြင်း၊ ချိန်ကိုင်ပုံ စဉ်းလဲခြင်း၊ လျှို့ဝှက်၍ စဉ်းလဲခြင်း ဟု ၄-မျိုးရှိပါသည်။
မေး။ ချိန်စဉ်းလဲ ၄-မျိုးကို ဘယ်သို့ ခွဲခြားပါသနည်း။
ဖြေ။ ။ “တတ္ထ ရူပကူဋံနာမ ဒွေတုလာ သမရူပါ ကတွာ ဂဏှန္တော မဟတိယာ ဂဏှတိ၊ ဒဒန္တော ခုဒ္ဒိကာယ ဒေတိ။” ၎င်း အဋ္ဌကထာ တို့နှင့်အညီ ချိန်တု ၂-ခုထားလျက် ယူသော် ချိန်ကြီး၊ ပေးသော် ချိန်ငယ်ဖြင့် ပေးခြင်းကို “ရူပကူဋ” စဉ်းလဲခြင်း။ “အင်္ဂကူဋံနာမ ဂဏှန္တော ပစ္ဆာ ဘာဂေ ဟတ္ထေန တုလံ အက္ကမတိ၊ ဒဒန္တော ဗုဗ္ဗဘာဂေ။” ၎င်း အဋ္ဌကထာ တို့နှင့်အညီ ယူသော် နောက်ပိုင်း၌ လက်ဖြင့် ချိန်ကိုနှိပ်၍၊ ပေးသော် ရှေးပိုင်း၌ နှိပ်၍ပေးခြင်းကို ချိန်၏ အင်္ဂါဖြင့်စဉ်းလဲ “အင်္ဂကူဋ” စဉ်းလဲခြင်း။ “ဂဟဏကူဋံနာမ ဂဏှန္တော မူလေ ရဇ္ဇုံ ဂဏှာတိ၊ ဒဒန္တော အဂ္ဂေ။” ၎င်း အဋ္ဌကထာတို့နှင့်အညီ ယူသော် ချိန်ရင်း၌ ကြိုးကိုကိုင်၍၊ ပေးသော် အဖျားက ကိုင်လျက် ပေးခြင်းကို ချိန်ကိုင်ပုံ စဉ်းလဲသော “ဂဟဏကူဋ” စဉ်းလဲခြင်း။ “ပဋိစ္ဆန္နကူဋံနာမ တုလံ သုသိရံ ကတွာ အန္တော အယစုဏ္ဏံ ပက္ခိပိတွာ။” စသော ၎င်း အဋ္ဌကထာတို့နှင့်အညီ ချိန်၌ အပေါက်ထွင်းလျက် သံမှုံ့သွင်းကာ ယူသော် သံမှုံ့ကို နောက်ပိုင်းထား၍ ပေးသော် ရှေ့ပိုင်းထား၍ ပေးခြင်းဟု လျှို့ဝှက်သော “ပဋိစ္ဆန္နကူဋ” စဉ်းလဲခြင်းဟု စဉ်းလဲခိုး ၄-မျိုးခြားနားပါသည်။ -【မြဝတီ ဆရာတော်ဘုရားကြီး ၏ {ဓမ္မစကြာ မဟာဋီကာသစ်ကျမ်းကြီး} ၁၃၂၃-ခု တပေါင်းလ၊ ၁၉၆၂-ခု ၅၁-နှစ်ပြည့် အထိမ်းအမှတ်။ မှ -】 (မူရင်းဓမ္မဒါနအလှူရှင် - မသီသီမော်) *~~~~~~*~~~~~~*~~~~~~*~~~~~~* “ခိုးခြင်း ၂၅-ပါး” ••••••••••••••••••••••• ( က ) နာနာဘဏ္ဍပဉ္စက-ခေါ် ပိုင်ရှင်မပေးသော သက်ရှိသက်မဲ့ ပစ္စည်းဘဏ္ဍာအမျိုးမျိုးတို့ကို အောက်ပါနည်းငါးပါးဖြင့်ခိုးယူခြင်းမျိုး။ ~~~~~~~~~~~~~~~~~~~~~~~~~ ( ၁ ) အာဒိယန-ကျောင်း ၊အိမ်၊ မြေ၊ ခြံ စသည်တို့ကို လိမ်ညာသောနည်းဖြင့် တရားဆင်ကာ စွဲဆို ခိုးယူခြင်းမျိုး။ ( ပိုင်ရှင်က စိတ်လျှော့ဝန်ချလိုက်လျှင် ရဟန်းတော်များ ပါရာဇိက )။
( ၂ ) ဟရဏ-သည်ပိုးထမ်းဆောင်လာသော သူ့ပစ္စည်းကို ကိုယ့်ဥစ္စာဖြစ်အောင် ပြောဆိုစွပ်စွဲ၍ ထမ်းဆောင်လာသောသူ၏ကိုယ်ပေါ်မှ ကျစေလျက် ခိုးယူခြင်းမျိုး။ ( သူ့ကိုယ်ပေါ်မှ ချလိုက်သည်နှင့် ရဟန်းတော်များ ပါရာဇိက )။
( ၃ ) အ၀ဟရဏ-သူတပါး ခေတ္တအပ်နှံထားသော သူပိုင်ဥစ္စာဘဏ္ဍာကို မအပ်ပါဟူ၍၄င်း၊ ငါ့ဥစ္စာဖြစ်သည် ငါ့ဟာ ပြန်မပေးနိုင်တော့ဘူးဟု၎င်း လိမ်ညာပြောဆိုလျက် ခိုးယူခြင်းမျိုး။ ( ပိုင်ရှင်စိတ်လျှော့ ၀န်ချသည်နှင့် ရဟန်းတော်များ ပါရာဇိက )။
( ၄ ) ဣရိယာပထ ၀ိကောပန-ထမ်းပိုးဆောင်ရွက်လာသော သူတပါးဥစ္စာကို ထမ်းဆောင်လာသူနှင့်တကွ ထမ်းလာသည့် ဥစ္စာကိုပါ ခိုးယူအံ့သောအကြံဖြင့် ပစ္စည်းရော ၊လူပါ ခိုးယူခြင်းမျိုး။ ( ပိုင်ရှင် စိတ်လျှော့ပြီး ဒုတိယခြေလှမ်းကြွသည်နှင့် ရဟန်းတော်များ ပါရာဇိက )။
( ၅ ) ဌာနာစ၀န-သူချထားသော ပစ္စည်းဥစ္စာကို ခိုးယူလိုစိတ်ဖြင့် မူလနေရာမှရွေ့အောင် ကြွအောင်လုပ်ခြင်းမျိုး။ ( ရွေ့သည် ကြွသည်နှင့် ရဟန်းတော်များ ပါရာဇိက ကျတော့၏ )။ ( နာနာဘဏ္ဍပဉ္စက ပြီး၏ ) ( ၅-ပါး ) ( ခ ) ဧကဘဏ္ဍပဉ္စက- ~~~~~~~~~~~~~~~~~~ ဤ၌ သက်ရှိ သ၀ိညာဏကဖြစ်သော ဘဏ္ဍာကိုသာ ယူရသည်။ ခိုးယူခြင်းနည်း ငါးပါးမှာ နာနာဘဏ္ဍပဉ္စကအတိုင်း အာဒိယန, ဟရဏ, အ၀ဟရဏ, ဣရိယာပထ ၀ိကောပန, ဌာနာစ၀န, နည်းတို့ဖြင့် အတူတူပင် မှတ်လေ။ ( ဧကဘဏ္ဍပဉ္စက ပြီး၏ ) ( ၅-ပါး ) ( ဂ ) သာဟတ္ထိကပဉ္စက- ~~~~~~~~~~~~~~~~~~~ ဤ၌ သက်မဲ့ဖြစ်သော အ၀ိညာဏက ပစ္စည်းကို ပိုင်ရှင်မပေးဘဲ အောက်ပါငါးနည်းဖြင့် ခိုးယူခြင်းမျိုး။
( ၁ ) သာဟတ္ထိက-မိမိကိုယ်တိုင် ကိုယ်ထိလက်ရောက် ခိုးယူခြင်းမျိုး။
( ၂ ) အာဏတ္တိက-သူ၏ဘဏ္ဍာကို သွားခိုးချေဟု စေခိုင်းခြင်းမျိုး။
( ၃ ) နိဿဂ္ဂိယ-ကင်းခွန်း အကောက်တော် စသည် မပေးရအောင် ဤဘက်နယ်ခြားများ ထိုဘက်မြေသို့ကျအောင် ပစ္စည်းဥစ္စာကို ပစ်သွင်း၍, သို့မဟုတ် တနည်းနည်းဖြင့် ကြံဆ၍ ခိုးယူသွားခြင်းမျိုး။
( ၄ ) အတ္ထသာဓက-ထိုသူ၏ဘဏ္ဍာကို အခွင့်သာတဲ့အခါ စွမ်းနိုင်တဲ့အခါကိုစောင့်ပြီး ခိုးယူလိုက်ရမည်-ဟု စေခိုင်းထားလျက် ခိုးယူစေခြင်းမျိုး။
( ၅ ) ဓုရနိက္ခေပ-တရား၌စွဲ၍ယူခြင်း၊ လိမ်ညာလှည့်ပတ်၍ ယူခြင်း၌ ဥစ္စာပိုင်ရှင်က ငါတော့ရှုံးပါပြီ ငါ့ဥစ္စာတော့ မရတော့ပါဘူး-ဟု ၀န်ချလိုက်ခြင်းမျိုး၊။ ( သာဟတ္ထိကပဉ္စက ပြီး၏)။ ( ၅-ပါး ) ( ဃ ) ပုဗ္ဗပယောဂပဉ္စက- ~~~~~~~~~~~~~~~~~~ အရှင်မပေးသော ပစ္စည်းဘဏ္ဍာကို အောက်ပါနည်းငါးမျိုးဖြင့် ခိုးယူခြင်း။
( ၁ ) ပုဗ္ဗပယောဂ-၄င်းခိုးနည်းကား အာဏတ္တိကနှင့် သဘောတူဖြစ်၏။
( ၂ ) သဟပယောဂ-လယ်မြေ ခြံမြေ စသည်ကို နယ်ခြားမှတ်တိုင် ငုတ် စသည်ကို နုတ်၍ ရွှေပြောင်းစိုက်နှက် ခိုးယူခြင်းမျိုး။
( ၃) သံဝိဓာဝဟာရ-အချင်းချင်း စုပေါင်းတိုင်ပင်၍ ခိုးယူခြင်းမျိုး။ ( တိုင်ပင်စဉ်အခါက သဘောတူ ပါသူသည် ခိုးရာ၌ ပါပါ-မပါပါ ပါရာဇိက )။
( ၄ ) သင်္ကေတကမ္မ-အချိန်ကာလ နာရီ အပိုင်းအခြား မှတ်သားချိန်းချက်လျက် ဤမည်သောဘဏ္ဍာကို ခိုးယူတော့ဟု ခိုးခိုင်းခြင်းမျိုး။ ( သူပေးသောအချိန်နှင့် ပစ္စည်းအတိုင်း ခိုးယူသော် ပါရာဇိက )။
( ၅ ) နိမိတ္တကမ္မ-မျက်စိမှိတ်ခြင်း၊ လက်မြှောက်ခြင်း စသော အမှတ်နိမိတ်သညာ တခုခုထား၍ ခိုးယူခြင်းမျိုး။ ( နိမိတ်ပြုလိုက်သည်နှင့်တပြိုင်နက် ခိုးငြားအံ့ နိမိတ်ပြသူ ပါရာဇိက )။ ( ပုဗ္ဗပယောဂပဉ္စက ပြီး၏ ) ( ၅-ပါး ) ( င ) ထေယျာဝဟာရပဉ္စက- ~~~~~~~~~~~~~~~~~~~~ ပိုင်ရှင်မပေးသော ပစ္စည်းဘဏ္ဍာကို အောက်ပါနည်းငါးမျိုးဖြင့် ခိုးယူခြင်းမျိုး။
( ၁ ) ထေယျာဝဟာရ-နံရံစသည် ဖောက်ထွင်း ဖွင့်ဖြဲ၍ ခိုးခြင်း။ တောင်း တင်း ချိန် အလေး-စသည်တို့ကို စဉ်းလဲကောက်ကျစ်၍ ခိုးယူခြင်းမျိုး။
( ၂) ပသယှာဝဟာရ-နိုင်ထက်စီးနင်းပြု၍ ယူခြင်း။ ဓားပြတိုက်ယူခြင်း။ ပုန်ကုန်ထကြွ၍ယူခြင်း။ မင်းစိုးရာဇာတို့သည် ရသင့်သောအခွင့်ထက် အာဏာပြ၍ ပိုမိုကောက်ခံခြင်းမျိုး။
( ၃ ) ပရိကပ္ပါဝဟာရ- ဤ၌ -
၁။ ဘဏ္ဍာပရိကပ္ပ-ခေါ် အထည်အလိပ်ကိုသာ ယူအံ့ဟုကြံစည်လျက် အခန်းတွင်းသို့ဝင်သွားပြီး မှောင်ထဲ၌ အထုပ်ကြီးကိုထမ်းယူလာလျက် ကြည့်သောအခါ အထည်မဟုတ်ဘဲ ချည်ခင်တွေ ဖြစ်နေပါအံ့ ပါရာဇိက မကျ။ အထည်အလိပ်ဖြစ်နေပါက ပါရာဇိက ကျ၏။
၂။ သြကာသပရိကပ္ပ-ခေါ် အရပ်ဖြင့် ပိုင်းခြားကြံစည်၍ ခိုးခြင်းကား ဤခြံဝင်းအတွင်း၌ ငါ့ကို တွေ့မြင်ပါမူ ဤပစ္စည်းဥစ္စာကို ဤခြံဝင်းအတွင်း၌ လှည့်လည်ရင်း ကြည့်ရှုရန် ကိုင်လာသယောင်ဆောင်၍ ပြန်ပေးလိုက်အံ့၊ အကယ်၍ တစုံတယောက်နှင့်မှ မတွေ့ရပါမူ ခိုးယူသွားအံ့ဟူသောအကြံဖြင့် ခိုးယူခြင်းမျိုး။ ( အပိုင်းအခြားလွန်သည်နှင့် ပါရာဇိက )။
(၄)။ ပဋိစ္ဆန္နာဝဟာရ-ပန်းခြံ ရေချိုးဆိပ်စသည်တို့၌ သူတပါးချွတ်ချထားသော ဘဏ္ဍာကို ခိုးလိုစိတ်နှင့် နောက်မှယူအံ့ဟုကြံလျက် မြေမှုန့် မြက်မှိုက် စသည်တို့ဖြင့် ဖုံးအုပ်ထားပြီး ခိုးယူခြင်းမျိုး။
(၅)။ ကုသာဝဟာရ-မဲလိပ် စာရေးတံ စသည်တို့ကို မိမိသို့ အကောင်းရရန် ကြံစည်လျက် တစုံတခုသောနည်းပရိယာယ်ဖြင့် ခိုးယူခြင်းမျိုး။ ( ထေယျာဝဟာရပဉ္စက ပြီး၏ )။ ( ၅-ပါး ) ( ခိုးခြင်းပယောဂ ၆-မျိုး ) ••••••••••••••••••••••••••• ၁။ သာဟတ္ထိက-ကိုယ်တိုင် ခိုးခြင်း။
၂။ အာဏတ္တိက-စေခိုင်း၍ ခိုးခြင်း။
၃။ နိဿဂ္ဂိယ-နေရာရွေ့ပြောင်း ပစ်လွင့်၍ ခိုးခြင်း။
၎။ ထာဝရ-တင်းတောင်းလိမ် ချိန်လိမ် စသည်ပြု၍ ခိုးခြင်း။
၅။ ၀ိဇ္ဇာမယ-အမေ့ အဟန့် စသော အတတ်ပညာဖြင့် ခိုးခြင်း။ ၆။ ဣဒ္ဓိမယ-တန်ခိုးဖြင့် ခိုးခြင်း။ ( အဒိန္နဒါန် ခိုးမှုကံမြောက် အင်္ဂါ ၅-ပါး ) ••••••••••••••••••••••••••••••••••••••••••••• ၁။ ပရသန္တက-သူတပါးဥစ္စာဖြစ်ခြင်း။
၂။ တထာသညာ-သူတပါးဥစ္စာဟု မှတ်ထင်ခြင်း။
၃။ ထေယျစိတ္တ-ခိုးလိုသောစိတ် ရှိခြင်း။ ၄။ ဥပက္ကမ-ခိုးရန် လုံ့လပြုခြင်း။
၅။ တေနဟာရ-ထိုလုံ့လဖြင့် ခိုးခြင်း။ ( အဒိန္နဒါန် ပြစ်မှုကံ ထည့်ပြန် ၁၂-မျိုး ) •••••••••••••••••••••••••••••••••••••••••••• သူ့ဥစ္စာကို ခိုးယူတိုက်ခိုက်သူတို့ ရရှိခံစားမှုအပြစ်မျိုး ၁၂-ပါး။ ( ခုဒ္ဒကပါဌ အဋ္ဌကထာ-မှ )
၁။ မြတ်သောဥစ္စာမျိုး မရရှိခြင်း။
၂။ ယုတ်ညံ့သည့်ဥစ္စာမျိုးကိုသာ ရရှိခြင်း။ ၃။ ပစ္စည်းဥစ္စာ နည်းပါးခြင်း။
၎။ အလွန်ဆင်းရဲ မွဲတေခြင်း။
၅။ မရသေးသောဥစ္စာကို မရခြင်း။
၆။ ရရှိပြီးစည်းစိမ်များ ဆုတ်ယုတ်ပျက်စီးခြင်း။
၇။ လိုရာဥစ္စာကို မရနိုင်ခြင်း။
၈။ ရန်သူမျိုးငါးပါးနှင့်သာ ဆက်ဆံတွေ့ကြုံရခြင်း။
၉။ သူတပါးနှင့်ဆက်ဆံသော ဥစ္စာမျိုးကိုသာ ရခြင်း။
၁၀။ မရှိစကားကိုသာ ကြားရခြင်း။ ၁၁။ ချမ်းသာစွာ မနေရခြင်း။
၁၂။ လောကုတ္တရာဥစ္စာကို မရနိုင်ခြင်း။

-【မင်္ဂလာသတင်းစ (from ONE Browser)

No comments:

Post a Comment